နောင်ချိုမြို့နယ် တောင်ခမ်းဒေသ တိုက်ပွဲပြင်းထန်နေပြီး အမြောက်တပ် တပ်ရင်းမှူး ထွက်ပြေးဟု သတင်းထွက်

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လေကြောင်းနှင့် တာဝေးပစ် အမြောက် ပစ်ကူများ အသုံးပြု ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်က ယနေ့ (သြဂုတ်လ ၂၈ ရက်) တွင် ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေစဖြင့် ယမန်နေ့ ညပိုင်းက ပြင်ဦးလွင်ရှိ စစ်တပ်က တာဝေးပစ် အမြောက်များ ပစ်ခတ်၍ ပစ်ကူပေးခဲ့ပြီး ယနေ့တွင်မူ ပူးပေါင်းတပ်များနှင့် အနီးကပ် တိုက်ပွဲများ ဖြစ်ပွားနေကာ တောင်ခမ်း (၂၀၆) အမြောက်တပ်ရင်း၏ တပ်ရင်းမှူးနှင့် အရာရှိ တချို့ ထွက်ပြေးသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ၎င်းကဆိုသည်။

နောင်ချိုမြို့

‘’အမတ (၂၀၆) တပ်ရင်းမှူးကတော့ လစ် (ပြေး) သွားပြီလို့ ကြားတယ်။ ၄၀၆ ရဲ့ ဇေတဝန်ကုန်းနဲ့ ပိွုင့် ၁၁၀၃ ကုန်းတွေမှာတော့ ထိတွေ့မှုထက် ပိုတယ်လို့ ပြောလို့ရပါတယ်၊ အခြေအနေက ထွေးလုံးရစ်ပတ်ပဲ ဆိုတော့ ပြောရခက်နေသေးတယ်ဗျ” ဟု ၎င်းက ယနေ့ တိုက်ပွဲ အခြေအနေကို ရှင်းပြသည်။

အမြောက်တပ် (အမတ-၂၀၆) တပ်ရင်းမှူးနှင့် အရာရှိ တချို့ ထွက်ပြေးသည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ပြင်ဦးလွင်မှ တောင်ခမ်းဘက်သို့ လက်နက်ကြီး ပစ်ကူ ပေးနေရာ ယမန်နေ့ ညပိုင်းတွင်မူ တာဝေးပစ်အမြောက် အချက်များစွာ ပစ်ခတ်၍ ပစ်ကူပေးခဲ့သည်ဟု ယူဆရကြောင်း မြို့ခံ တစ်ဦးက ဆိုသည်။

“အရင်ရက်တွေကတည်းက ပစ်နေတာ၊ မနေ့ညကတော့ အသံ အရမ်းကျယ်တယ်၊ တာဝေးပစ် အမြောက်လို့လည်း ပြောကြတယ်။ မြို့ခံတွေကတော့ လန့်တာပေါ့။ တကယ်ဖြစ်လာရင် မလွယ်ဘူး” ဟု မြို့ခံ တစ်ဦးက ရှင်းပြသည်။

တောင်ခမ်းဒေသတွင် စစ်ကောင်စီ၏ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂)၊ အမတ (၃၅၄)၊ အမတ (၂၀၆)၊ အမတ (၄၀၆) စသည့် အမြောက်တပ် ၄ ခု အထိုင်ချ တပ်စွဲထားပြီး တိုက်ခိုက်ရေးတပ်များ အင်အားဖြည့် ခုခံနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က နောင်ချိုမြို့ တောင်ဘက်ရှိ အမှတ် (၆၀၆) ဒုံးတပ်ကို TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ယင်းတပ်မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များ တောင်ခမ်းတွင် သွားရောက် ပူးပေါင်းခဲ့သည်။

တောင်ခမ်းရွာအနီးရှိ နောင်လိတ်ရွာတွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂)၊ ရမခ လက်အောက်ခံ ခမရ (၃၂၅)၊ လပခ လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတို့ တပ်စွဲ ခုခံနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲကာ လက်နက်ကြီးများ ပစ်ခတ် ခုခံနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း TNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...