Wednesday, January 28, 2026

နောင်ချိုမြို့နယ် တောင်ခမ်းဒေသ တိုက်ပွဲပြင်းထန်နေပြီး အမြောက်တပ် တပ်ရင်းမှူး ထွက်ပြေးဟု သတင်းထွက်

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လေကြောင်းနှင့် တာဝေးပစ် အမြောက် ပစ်ကူများ အသုံးပြု ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်က ယနေ့ (သြဂုတ်လ ၂၈ ရက်) တွင် ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေစဖြင့် ယမန်နေ့ ညပိုင်းက ပြင်ဦးလွင်ရှိ စစ်တပ်က တာဝေးပစ် အမြောက်များ ပစ်ခတ်၍ ပစ်ကူပေးခဲ့ပြီး ယနေ့တွင်မူ ပူးပေါင်းတပ်များနှင့် အနီးကပ် တိုက်ပွဲများ ဖြစ်ပွားနေကာ တောင်ခမ်း (၂၀၆) အမြောက်တပ်ရင်း၏ တပ်ရင်းမှူးနှင့် အရာရှိ တချို့ ထွက်ပြေးသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ၎င်းကဆိုသည်။

နောင်ချိုမြို့

‘’အမတ (၂၀၆) တပ်ရင်းမှူးကတော့ လစ် (ပြေး) သွားပြီလို့ ကြားတယ်။ ၄၀၆ ရဲ့ ဇေတဝန်ကုန်းနဲ့ ပိွုင့် ၁၁၀၃ ကုန်းတွေမှာတော့ ထိတွေ့မှုထက် ပိုတယ်လို့ ပြောလို့ရပါတယ်၊ အခြေအနေက ထွေးလုံးရစ်ပတ်ပဲ ဆိုတော့ ပြောရခက်နေသေးတယ်ဗျ” ဟု ၎င်းက ယနေ့ တိုက်ပွဲ အခြေအနေကို ရှင်းပြသည်။

အမြောက်တပ် (အမတ-၂၀၆) တပ်ရင်းမှူးနှင့် အရာရှိ တချို့ ထွက်ပြေးသည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ပြင်ဦးလွင်မှ တောင်ခမ်းဘက်သို့ လက်နက်ကြီး ပစ်ကူ ပေးနေရာ ယမန်နေ့ ညပိုင်းတွင်မူ တာဝေးပစ်အမြောက် အချက်များစွာ ပစ်ခတ်၍ ပစ်ကူပေးခဲ့သည်ဟု ယူဆရကြောင်း မြို့ခံ တစ်ဦးက ဆိုသည်။

“အရင်ရက်တွေကတည်းက ပစ်နေတာ၊ မနေ့ညကတော့ အသံ အရမ်းကျယ်တယ်၊ တာဝေးပစ် အမြောက်လို့လည်း ပြောကြတယ်။ မြို့ခံတွေကတော့ လန့်တာပေါ့။ တကယ်ဖြစ်လာရင် မလွယ်ဘူး” ဟု မြို့ခံ တစ်ဦးက ရှင်းပြသည်။

တောင်ခမ်းဒေသတွင် စစ်ကောင်စီ၏ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂)၊ အမတ (၃၅၄)၊ အမတ (၂၀၆)၊ အမတ (၄၀၆) စသည့် အမြောက်တပ် ၄ ခု အထိုင်ချ တပ်စွဲထားပြီး တိုက်ခိုက်ရေးတပ်များ အင်အားဖြည့် ခုခံနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က နောင်ချိုမြို့ တောင်ဘက်ရှိ အမှတ် (၆၀၆) ဒုံးတပ်ကို TNLA ပူးပေါင်းတပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ယင်းတပ်မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များ တောင်ခမ်းတွင် သွားရောက် ပူးပေါင်းခဲ့သည်။

တောင်ခမ်းရွာအနီးရှိ နောင်လိတ်ရွာတွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂)၊ ရမခ လက်အောက်ခံ ခမရ (၃၂၅)၊ လပခ လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတို့ တပ်စွဲ ခုခံနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲကာ လက်နက်ကြီးများ ပစ်ခတ် ခုခံနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း TNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...