သျှမ်းပြည်တဝှမ်း မကြုံစဖူး သမိုင်းတွင် ရေကြီးမှု ဖြစ်

သျှမ်းပြည် တဝှမ်း နေရာအနှံ့ မကြုံစဖူးရေကြီးမှုဖြစ်ပေါ်ပြီး နေအိမ်ရေမြှုပ်မှု လယ်ယာစိုက်ခင်း ထောင်ချီ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

အဆိုပါ ရေကြီးမှုသည် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ ၊ ကွန်ဟိန်း ၊ မိုးနဲ ၊လင်းခေး၊ မိုင်းပန်မြို့နှင့် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တို့ ဖြစ်ကြောင်း သိရသည်။

ထိုရေကြီးမှုပြဿနာသည် သျှမ်းပြည်အတွင်း စီမံကိန်းများကို အလွန်အကျွံပြုလုပ်ခြင်း၊ သတ္တုတူးဖော်မှု၊ ရွှေတူးဖော်မှု နဲ့ကျောက်မီးသွေး တူးဖော်မှုများ ကို စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခြင်း တို့၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည်။

“ တစ်အိမ်လုံး ရေမြှုပ်တဲ့အထိပါပဲ။ အိမ်တွေ ကလည်း ရာနဲ့ချီ မြှုပ်နေပြီ။ ဒီနေ့ကပိုဆိုးတယ်” ဟု လင်းခေးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရေကြီးမှုကြောင့် မိုးနဲမြို့နယ်ရှိ စပါးခင်း နှင့် ပြောင်းခင်း ဧက ခြောက်ထောင်ကျော် နစ်မြှုပ်ပြီး၊ လင်းခေးမြို့နယ်အတွင်း လယ်ယာစိုက်ခင်း ဧက သုံးထောင်ကျော် နစ်မြှုပ်ကြောင်း ဒေသခံများပေးပို့သည့် စာရင်းအရသိရသည်။

“ဒီနှစ်ရေကြီးမှုက တော်တော်ဆိုးတယ်။ လယ်ယာစိုက်ခင်းတွေအများကြီးနစ်တယ်။ အိမ်အချို့ ရေဝင်တယ်။ အမျိုးတွေအိမ်မှာ ပြောင်းရွှေ့နေရတယ်” မိုးနဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဆက်လက်ပြီး ကွန်းဟိန်မြို့တွင်လည်း တစ်ကြိမ်တစ်ခါမျှ မကြုံဖူးတဲ့ ရေကြီးမှုကို စတင်ကြုံတွေ့လာရသဖြင့် ဒေသခံများ စိုရမ်ပူပန်မှုဖြစ်နေကြောင်း သိရသည်။

“ ဒီလိုရေကြီးမှုက မကြုံဖူးတော့ စိုးရိမ်တာပေါ့။ နောက်နှစ်တွေမှာလည်း ဆက်ဖြစ်လာဖို့အလားအလာရှိတယ်။ မိုးဆက်ရွာရင်တော့ ရေက ဆက်ကြီးဖို့ပဲရှိတယ်” ဟု ကွန်ဟိန်း ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

ကွန်ဟိန်း ရေကြီးမှု

အလားတူ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်းလည်း ယခုမိုးရာသီ အတွင်း (၆)ကြိမ်တိုင်တိုင် ရေကြီးမှုကြုံသဖြင့် စံချိန်တင် ရေကြီးမှုဟာ ဒေသခံများက ပြောဆိုလိုက်သည်။

“ မိုးရွာရင် ရေကြီးတယ်။ ရေကျတော့ အိမ်သန့်ရှင်းရေးလုပ်လိုက် မိုးရွာတော့ ရေပြန်ကြီးလိုက်ပဲ။ ဒီလိုဖြစ်တာ ၆ကြိမ်ဖြစ်တော့ စိတ်ဓာတ်တောင်ကျတယ်” ဟု တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုရေကြီးမှုဒဏ်ခံရသည့် ပြည်သူများသည် ကိုယ်နည်းကိုယ်ဟန်ဖြင့်သာ ဖြေရှင်းနေရကြောင်း၊ ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအတွက် သီးသန့်နေရာ မထားနိုင်ကာ ဆွေမျိုးနီးစပ်သူများထံပြောင်းရွှေ့နေရသကဲ့သို့ စားသောက်ရန် အတွက်လည်း အခက်အခဲကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...