ကုမ္ပဏီမှ ပြောင်းမျိုးစေ့ လိမ်ညာရောင်းမှုကို ကြုံနေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီ ကျေးရွာ အုပ်စုရှိ ပြောင်းစိုက်တောင်သူများကို ကုမ္ပဏီများက ပြောင်းမျိုးစေ့လိမ်ညာရောင်းချနေသဖြင့် အရှုံးပေါ် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မိုးရာသီအစ ဇွန်လိုင်လတွင် CP ကုမ္ပဏီနှင့် သြဘာ ကုမ္ပဏီမှ ရောင်းချသည့် ပြောင်းမျိုးစေ့ (၈၀၈)ကို တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာမှ တောင်သူများဝယ်ယူပြီး စိုက်ပျိုးခဲ့ရာ ယနေ့ထိတိုင် ပြောင်းပင်မပေါက်သဖြင့် အခက်ကြုံနေရကြောင်း ပြောင်းစိုက်တောင်သူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အရင်ကဆို ပြောင်းပင်မပေါက်ရင် ပြန်လျော်ပေးတယ်။ ခုက ကုမ္ပဏီတွေက အာမခံချက်မရှိတော့ဘူး။ အပင်မပေါက်လည်း ပြန်မလျော်ပေးတော့ဘူး။ ပြီးတော့ သူတို့ ဆီက မျိုးစေ့နဲ့ စိုက်ထားတဲ့ ပြောင်းတွေကို ပြန်မဝယ်ပေးတော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြောင်းခင်း တစ်ဧကကို အရင်းအနှီးသည် ကုန်ကျငွေ ကျပ်သိန်း (၇)သိန်းကျော် ရှိပြီး ပြန်ရသည့်အခါ အမြတ်အနေဖြင့် ကျပ်ငွေ တစ်သိန်းမျှသာ ရကြောင်း ၎င်းပြောင်းစိုက်တောင်သူ တစ်ဦးက ဆိုသည်။

ထို့အပြင် ပြောင်းဈေးနူန်းကျဆင်းပြီး ပြောင်းမျိုးစေ့ ကုမ္ပဏီ၏ အာမခံချက်မရှိတာကြောင့် ပြောင်း အစားထိုးအနေဖြင့် သနပ်ဖက်၊ နေကြာ၊ စပါးနှင့် မြေပဲများကို သာ အစားထိုးစိုက်ပျိုးနေကြကြောင်းသိရသည်။

“ ခုနိုင်ငံရေး အခြေနေ ကုန်ဈေးနူန်းတွေနဲ့တော့ အဆင်မပြေတော့ဘူး။ တောင်သူတွေလည်း ပြောင်းစိုက်ရင် ရှုံးတယ်။ အကြွေးတွေလည်း ထူနေပြီ။ ကိုယ့်အတွက် စားဖို့တောင် သိပ်မကျန်တော့တဲ့ အခြေနေဖြစ်နေတယ်။ဒီကြားထဲ စစ်ကောင်စီယော (PNO) ကိုပါ ငွေပေးနေရတော့ ပိုခက်ခဲတာပေါ့” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ဆိုသည်။

ယခင်နှစ်များတွင် ပြောင်းတစ်ပိဿကို ၃ထောင်ကျော်မျှ ရရှိခဲ့သော်လည်း အာဏာသိမ်းပြီး ကာလတွင် ပြောင်းပွဲစားများထပ်ဆင့် ဈေးနှိမ်မှုကြောင့် တစ်ပိဿလျှင် ကျပ်ငွေ ၈၀၀ မျှသာ ရတာကြောင့် အရှုံးဖြင့် ရင်ဆိုင်နေကြရသည်။

ပြောင်းကို တစ်နှစ်လျှင် တစ်ကြိမ်တွင် စိုက်ပျိုးကြပြီး မိုးရာသီအစ ဇွန်လမှ စတင်ကာ ဒီဇင်ဘာလတွင် ပြန်လည် ရိတ်သိမ်းကြသည်။

လက်ရှိ ကျောက်နီ ကျေးရွာအုပ်စုတွင် စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ ငွေကြေးကောက်ခံနေပြီး ပအိုဝ်းပြည်သူစစ် (PNO) မှလည်း ဆက်ကြေးကောက်ခံနေကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၂) ရက် နေ့လည် ၁၁နာရီတွင် ရွှေဘုန်းပွင့်ဘုရား လမ်းအတက်တွင် နေ့လည်ခင်း အချိန်တွင် အမျိုးသားနှစ်ဦးမှ ဓာတ်ပုံလာရိုက်သည့် အမျိုးသမီးနှစ်ဦးထံသို့ ကပ်လာပြီး ဓားဖြင့်ထောက်ကာ ပါလာသည့် ပစ္စည်းများကို...

တောင်ကြီး အားကစားကွင်းဘေး ဖြိုလက်စ တိုက်ခန်းများထဲ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဖြိုလက်စ တိုက်ခန်း၊ ဆိုင်ခန်းများထဲတွင် စည်းကမ်းမဲ့ အမှိုက်နှင့် မစင်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ အနှောင့်အယှက် ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်‌နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ...