မိုင်းရှူးမြို့ မူးယစ်ဆေးဝါး သုံးစွဲသည့် အမျိုးသားကြောင့် နေအိမ်မီးလောင်
သျှမ်းပြည် မိုင်းရှူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး နေအိမ်ကို မီးရှို့ပြီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၂ ရက်) ည ၉ နာရီခွဲဝန်းကျင်တွင် မိုင်းရှူးမြို့ ရပ်ကွက် (၂) အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသားတစ်ဦးမှ နေအိမ်ကို မီးရှို့ခြင်းကြောင့်...
ပုံးအင်းတွင် ရေကြီးမှုကြောင့် စပါးခင်းရေမြှုပ် ပျက်စီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ၊ ပုံးအင်းဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ရေလျှံကာ စပါးခင်းပျက်စီးသွားကြောင်း သတင်းရရှျိသည်။ ပြီးခဲ့သည့် ဇွန်လ တွင်လည်း မိုးရက်ဆက်ရွာသွန်းမှုသဖြင့် ရေကြီးခဲ့ပြီး နွေစပါးခင်းများ ရေနစ်မြှုပ်ကာ ယခု ဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးစပါးများ ထပ်မံရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံနေသည်မှာ ဆယ်ရက်ရှိပြီ ဖြစ်ပြီး ယနေ့အချိန်ထိ ရေမကျသေးသဖြင့် လမ်းသွားလမ်းလာ ခက်ခဲပြီး...
ဘားအံမြို့ ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ သွားလာခွင့်မရ
သျှမ်းပြည်မှ ကရင်ပြည်နယ်သို့ သွားသည့်လမ်းတွင် ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသော မည်သည့်လူမျိုးမဆို စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့် မပြုကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်) မှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ စစ်ကောင်စီဂိတ်များတွင် သျှမ်းပြည်မှ လာသည့် ၁၃...
SHAN -
မြန်မာနိုင်ငံဒေသအချို့တွင် အမျိုးသမီး စစ်မှုထမ်းစာရင်းများကို စတင် ကောက်ယူနေကြောင်း သတင်းများထွက်လာပြီးနောက် သျှမ်းပြည်အတွင်း လူငယ်အမျိုးသမီးများနှင့် မိဘများအကြား စိုးရိမ်ပူပန်မှုများစွာဖြစ်ပေါ်လာကြောင်း သိရသည်။ ဩဂုတ်လအတွင်း အမျိုးသမီးများကိုပါ စစ်မှုထမ်းစာရင်းကောက်ယူနေသည့်အတွက် CDM ဝန်ထမ်းဖြစ်သောကြောင့် ပို၍စိုးရိမ်နေရကြောင်း တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် CDM ကျောင်းဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...
SHAN -
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တပ်တို့ ပူးပေါင်းပြီး လူနေများသည့် ရပ်ကွက်ကို ရှောင်တခင် လိုက်လံဖမ်းဆီး စစ်ဆေးပြီး အဆမတန်ငွေညစ်တောင်းရမ်းနေသည်ဟု စုံစမ်းသိရသည်။ လွိုင်ကော်မြို့ပတ်လည်တစ်လျှောက်တွင် နေရာအပြည့်ယူထားသည့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့သည် လူနေများသည့် ရပ်ကွက်တွင် ရှောင်တခင် လိုက်လံစစ်ဆေးနေပြီး အမှုမဖွင့်နိုင်သူများကို...
ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...
နိုင်ငံခြား ငွေလဲလှယ်နှုန်း ကျဆင်းသော်လည်း ကုန်ဈေးနှုန်းမကျ
SHAN -
နိုင်ငံခြား ငွေလဲလှယ်နှုန်း ကျဆင်းလာသော်လည်း ကုန်ဈေးနူန်းပြန်မကျသေးသဖြင့် အိမ်ရှင်မများ စိုးရိမ်ပူပန်မှုများရှိနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လိုင်လ နောက်ဆုံးပတ်မှစပြီး ထိုင်းဘတ်ငွေဈေးနှင့် တရုတ်ယွမ်ဈေးမှာ အဆမတန်မြင့်တက်ခဲ့တာကြောင့် ကုန်ဈေးနှုန်းများလည်း သုံးဆ လေးဆထက်ပိုမိုမြင့်တက်ခဲ့သည်။ မြန်မာငွေတစ်သိန်းလျှင် ဘတ်ငွေ( ၄၉၀) နှင့် တရုတ်ယွမ် ၁၀၀လျှင် မြန်မာငွေ( ၉သောင်းကျော်) အထိမြင့်တက်ခဲ့ပြီး ယခုရပိုင်းအတွင်း...
လားရှိုးမြို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော်သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တိုက်ပွဲအတွင်း အရပ်သား (၃၀၀) ကျော် သေဆုံးခဲ့ကြောင်း လွတ်လပ်သော လူငယ်ပရဟိတအဖွဲ့အစည်း(FYO) ထံမှသိရသည်။ ပြီးခဲ့သည့် ဇူလိုင်(၃)ရက်မှ စတင်ကာ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့ကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး (ဩဂုတ်လ ၃ ရက်)တွင်...
သျှမ်းပြည်အရှေ့ပိုင်း မြို့များတွင် စံချိန်တင် ရေကြီးရေလျှံမှုဖြစ်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏ ကြုံတွေ့နေရသည့်အပြင် မြေပြိုခြင်း၊ လမ်းတံတား ပျက်စီးခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။ ယနေ့ (သြဂုတ်လ ၂၂) ရက် နံနက်ပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ခိုကဲ - ပါမန် - ဝမ်ကောင်း...
မျောက်ကျောက်ရောဂါ ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာ
SHAN -
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြည်သူ့ကျန်းမာရေး ကမ္ဘာ့အရေးပေါ် အခြေအနေ ကြေညာထားသည့် မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားမှုသည် ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက (ဩဂုတ်လ ၂၁ ရက်)တွင် ထုတ်ပြန်ကြေညာထားသည်။ အာဖရိကတိုက် ကွန်ကိုနိုင်ငံက ပြန်လာသည့် အသက် (၆၀)နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးတွင် Mpox ရောဂါ...





