Thursday, February 12, 2026

CATEGORY

သတင်း

မိုင်းရယ်မြို့နယ် နေအိမ်များထံ စစ်ကောင်စီ အဓမ္မဝင်ပြီး ပစ္စည်းများသယ်ဆောင်နေ

သျှမ်းပြည် မိုင်းရယ်မြို့နယ် ကျေးရွာတစ်ရွာရှိ နေအိမ်များထံ စစ်ကောင်စီတပ်သားများက အတင်းအဓမ္မ ဝင်ရောက်ကာ လိုချင်သည့် ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်မှ စတင်၍ မိုင်းရယ်မြို့နယ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၇ အနီးရှိ ဝမ်မုရွာ(ဝၢၼ်ႈမူႉ)တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး...

ပြည်သူ့လုံခြုံရေးကို ပြည်သူကသာ ဆောင်ရွက်ရန် စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးနှင့် ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (သြဂုတ် ၂၅) ရက်က မန္တလေးမြို့ မြို့တော်ခန်းမ၌ မန္တလေးတိုင်း အစိုးရ အဖွဲ့ဝင်၊ တိုင်းအဆင့်...

ချိုင့်ခွက်များသည့် တာချီလိတ်-ကျိုင်းတုံလမ်းကြောင်း သွားလာမှု ခက်ခဲနေ

သျှမ်းပြည် အရှေ့ပိုင်းတွင် ချိုင့်ခွက်များသည့် တာချီလိတ်-ကျိုင်းတုံလမ်းကြောင်း ကားသမားများ သွားလာရန်ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်-ကျိုင်းတုံ လမ်းပိုင်းသည် ၁၀၅ မိုင်သာ ဝေကွားပြီး၊ လမ်းကောင်းမွန်ပါက ၂နာရီခွဲသာ ကားမောင်းရကြောင်း၊ လက်ရှိတွင် ကားလမ်း ပျက်စီးမှု၊ ယာဉ်ကြောများ ပိတ်သဖြင့် ၄နာရီခွဲကျော် မောင်းရကြောင်း ယာဉ်မောင်းအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ‘’...

မြန်မာ-တရုတ်နယ်စပ်တလျှောက် တရုတ်ဘက် စစ်ရေးလေ့ကျင့်ရန် ကင်းလှည့်နေ

သျှမ်းပြည် မူဆယ်မြို့ တစ်ဘက်ကမ်းရှိ မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်ရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်ရှိ ရွှေလီမြို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်ရေးလေ့ကျင့်ရန် သံချပ်ကာကားများ...

ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်သင်တန်းဆင်း တပ်သားသစ် သေဆုံးမှုများ

သျှမ်းပြည် ဆီဆိုင်မြို့သို့ ပို့ဆောင်ခံရသည့် အခြားပြည်နယ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ သေဆုံးမှုများနေကြောင်း သိရသည်။ သြဂုတ်လဆန်းမှစ၍ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တို့ တိုက်ပွဲပြန်ဖြစ်ပွားလာရာ တစ်လနီးပါးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သည်ဟု PNLA ကသြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း...

လားရှိုးမြို့ ခိုးယူခံထားရသည့် ယာဉ်များ MNDAA ထံ ပြန်လည်ထုတ်ယူနိုင်

သျှမ်းပြည် လားရှိုးမြို့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း တိုက်ပွဲအတွင်း၌ ပြည်သူများ၏ ခိုးယူခံရသော မော်တော်ယာဉ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ထံ ပြန်လည်ထုတ်ယူနိုင်ကြောင်း သြဂုတ်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ လားရှိုးမြို့ တိုက်ပွဲအတွင်း ခိုးယူခံထားရသော ဒေသခံများ၏ ကား၊ ဆိုင်ကယ်များကို MNDAA ၏...

နမ့်တိန်းချောင်း လင်ခေးမြို့ နေအိမ် ၂၀ ကျော် ရေလျှံ၊ ရေမြှုပ်

သျှမ်းပြည် လင်းခေးခရိုင်တွင် နမ့်တိန်းချောင်းရေကြီးမှုကြောင့် ဈေးတန်းရပ်ကွက်နှင့် ဝမ်းပျဉ်ရပ်ကွက်ရှိ နေအိမ် ၂၀ ကျော် ရေလျှံ ၊ ရေမြုပ် ရှိနေသည်ဟု စုံစမ်းသိရသည်။ (ဩဂုတ်လ ၂၄ ရက်)မှ ရေစတင်တက်လာပြီး ယနေ့ (ဩဂုတ်လ ၂၆ရက်)နေ့အထိ ရေပိုမိုမြင့်နေကြောင့် ဈေးတန်းရပ်ကွက်နေအိမ်များ ရေလျှံ ၊ ‌ရေမြုပ်မှုတွေရှိသည်။ လက်ရှိတွင်...

သီပေါ ၃ ရက်ဆက်တိုက် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး၊ ကလေး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက် ၄...

စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနှင့်မကျီးရေ ကျေးရွာတို့တွင် စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီနှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ကြား တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်း (၄နာရီ ၁၀မိနစ်) အချိန်ခမရ ( ၆၀၄) စစ်ကောင်စီတပ်စခန်းနှင့် တစ်နာရီကျော်အချိန်တွင် တောင်ခမ်းကျေးရွာ၊ မကျီးရေ ကျေးရွာရှိ...

“အခုက တိုက်ပွဲကြားထဲ ကိုယ်ဝန်သည် မိခင်တွေ တော်တော်ဒုက္ခရောက်တယ်။ “

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၃၊ ၅၀၄) တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ်လ (၁၀) ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သီပေါမြို့ပေါ်ကို TNLA မှ ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံများက ပြောသည်။ “၁၀၂၇...

Latest news