“ကျားဖြန့်ကြောင့် ဆယ်ကျော်သက် ကလေးတွေ ငွေနောက်လိုက်ပြဿနာ စလာတယ်”

သျှမ်းပြည်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဟာ ကျားဖြန့် တိုက်ဖျက်ရေး၊ အွန်လိုင်း ငွေလိမ်လည်မှုကိစ္စ ပပျောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မှာ “၁၀၂၇ စစ်ဆင်ရေး” ဟုဆိုပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာခဲ့ပါတယ်။ သို့ပေမယ့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန့်၊ အွန်လိုင်း ငွေလိမ်လည်မှုက ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မူဆယ်မြို့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တွေ လှုပ်ရှားနေတဲ့ ဒေသတစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခ မဖြစ်ပွားသေးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမူဆယ်မြို့ မှာ စစ်ကောင်စီက ကျားဖြန့်လုပ်ကိုင်သူတွေကို ဖမ်းဆီးမှုပြုလုပ်ပေမယ့် ဟန်ပြပြုလုပ်နေသလို ကျားဖြန့်အကြောင်းပြပြီး စစ်ရေးဖြစ်ပွားလာမှာကို ဒေသခံတွေ ဘယ်လိုစိုးရိမ်မှုရှိလဲ ဆိုတာ သျှမ်းသံတော်ဆင့်က မူဆယ်မြို့ပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

Photo – Credit ( မူဆယ်မြို့နာရီစင်)

မေး ။ ။ မူဆယ်မြို့မှာ ကျားဖြန့်လုပ်တဲ့သူတွေကို မကြာခဏ ဖမ်းဆီးမှုရှိပေမယ့် ဘာကြောင့်မပြီးဆုံးနိုင် သေးတာလဲဆိုတာ ပြောပြပေးပါအုံး။

ဖြေ ။ ။ အမြဲတမ်း ဖမ်းနေတာကလည်း ဟန်ပြဖမ်းပြီးတော့ ပို့နေတာလေ။ တကယ်ရှင်းလင်းချင်ရင်တော့ ရှင်းလို့ရပါတယ်။ အခုက ကျားဖြန့်တွေက လက်နက်ကိုင်ပြည်သူ့စစ်တွေနဲ့လည်း ပတ်သက်နေတယ်။ တကယ့်လူတွေကြတော့ သူတို့ မဖမ်းဘူး။ အသေးအဖွဲ့လောက်ပဲ ဟန်ပြဖမ်းပြီးကို တရုတ်အာဏာပိုင် ကို ပေးပို့နေတာ။ တကယ့် အကြီးပိုင်းဆိုရင်တော့ သူတို့ကလည်း ဖုံးဖိထားပေးတယ်။

ခဏခဏ ဖမ်းပြီး ခုထိ မပြီးနိုင်သေးဘူးဆိုတာကလည်း သူတို့ (စစ်ကောင်စီ)အတွက် စားပေါက်တွေ ဝင်ငွေတွေအတွက် အပြီးမဖမ်းတာပါ။ တကယ်ဖမ်းရင်တော့ ဖြစ်နိုင်ပါတယ်။ သူတို့ ကျားဖြန်တွေက ခုထိ မပြီးနိုင်သေးတဲ့ အကြောင်းအရင်းကလည်း အစိုးရနဲ့လည်း ဆက်စပ်မှု ရှိနေတယ်။ အဲ့ဒါကြောင့် မပျောက်နိုင်သေးတာပါ။

မေး ။ ။ သျှမ်းပြည်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး” ကလည်း ကျားဖြန့် ကင်းစင်ရေး ဦးတည်ဖမ်းဆီးမှုကနေ စခဲ့တာဆိုတော့ မူဆယ်မြို့ကရော ကျားဖြန့် ဖမ်းဆီးမှုကနေ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်မိလား။

ဖြေ ။ ။ မူဆယ်မြို့မှာ အကုန်လုံးက စစ်တပ်လက်အောက်ခံ အဖွဲ့တွေဖြစ်နေတော့ အချင်းချင်း ပစ်ခတ်မှုဖြစ်လည်း ခဏပါပဲ။ သူတို့ကလည်း အထက်ကို လွန်ဆန်နိုင်မှာ မဟုတ်ဘူး။ မူဆယ်မှာတော့ ဒီလိုပစ်ခတ်မှုတွေက အနည်းနဲ့ အများကတော့ ရှိနေတာပဲ။ ဒီလိုတွေ ရှိနေသရွေ့တော့ ပြည်သူတွေ လုံခြုံမှုအတွက်ကတော့ စိုးရိမ်ရတာပေါ့။ အထက်ပိုင်းတွေ ပြောရင်တော့ အောက်ပိုင်း လက်အောက်ငယ်သား တွေကတော့ နားထောင်မှာပဲ။

မေး ။ ။ မူဆယ်မြို့က ကျားဖြန်လုပ်ငန်းတွေရဲ့ နောက်ကွယ်က ဘယ်အဖွဲ့အစည်း ဖြစ်နိုင်လဲ။

ဖြေ ။ ။ ကျားဖြန့်ရဲ့ နောက်ကွယ်က ဖြစ်နိုင်ခြေကတော့ ဒီလက်နက်ကိုင်အဖွဲ့တွေပဲပေါ့ဗျာ။အားလုံးက တရုတ်ကနေလာတဲ့ လူဆိုတော့ ဒီဘက်က တခုခုလုပ်တော့မယ်ဆို ပြည်သူ့စစ်နဲ့ပေါင်းပြီး လုပ်ကြတယ်။ ပြည်သူ့စစ်နဲ့ အစိုးရနဲ့လည်း မကင်းပါဘူး။

ဒီအပိုင်းနဲ့ ပတ်သတ်လာရင် ငွေကြေးကျတော့လည်း တရုတ်ပြည်ကလာတဲ့ လူတွေကပဲ ကုန်ကျခံပြီးတော့မှ စီးပွားရေးပိုင်းတွေ လုပ်တာပေါ့။ အဲ့ဒီလက်နက်ကိုင်အဖွဲ့ဆိုရင်တော့ တိုက်ပွဲကြတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

မေး ။ ။ လက်ရှိ မူဆယ်မြို့မှာ ကျားဖြန့်လုပ်ငန်းတွေ ဘယ်လို အခြေအနေအထိ ရှိနေလဲ။ ဒေသခံတွေအတွက် ဘယ်လို သက်ရောက်မှုတွေ၊ ဆိုးကျိုးတွေရှိနေလဲ။

ဖြေ ။ ။ ကျားဖြန့်ရဲ့ အခြေအနေက ဒီတိုင်းကြည့်ရင်တော့ ဆိုးနေတဲ့ အနေအထားတော့ မဟုတ်ပေမဲ့ သေချာပြန်သုံးသပ်ကြည့်ရင်တော့ ပြည်သူတွေကို တော်တော်လေး ထိခိုက်ပါတယ်။ ဘယ်လိုထိခိုက်လဲဆိုတော့ သူတို့က သူဌေးနဲ့ လဝက် (၁၅)ရက်လောက် နေပြီးရင် နောက်တစ်ယောက် ပြောင်းတယ် ဆိုတော့ လူတစ်ယောက်ရဲ့ တန်ဖိုးက ပျက်စီးတာပေါ့။

တချို့ နယ်ကလာတဲ့ လူတွေကြတော့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စတွေလည်း ရှိလာတယ်။ ကြားသိရသလောက်ဆိုရင် ကျားဖြန့်က ထွက်လာတဲ့ ကောင်မလေးတွေဆိုရင် ငွေတော်တော်ရတော့ လုပ်ချင်တာ လုပ်ကြတယ်။ နယ်ကလာတဲ့ ကောင်မလေးတွေဆိုရင် သူတို့ကို အပြင်ခေါ်ရင် တစ်ညကို ယွမ်နှစ်ထောင် (မြန်မာငွေ ၁၀ သိန်းကျော်) လောက် ရကြတယ်။

တချို့မိဘတွေက မသိတော့ ကျားဖြန့်က ကောင်းပါတယ်။ ကိုယ့်သားသမီးတွေအတွက် အလုပ်ကောင်းရှိတယ်လို့ပဲ ထင်ကြတာပေါ့။ လူငယ်တွေက တရုတ်စာ တရုတ်စကားတတ်ရင် အဲ့မှာအလုပ်သွားလုပ်ကြတယ်။ အရင်က တရုတ်စာ တရုတ်စကားတွေတတ်ရင် ဆိုင်တွေစောင့်ကြတယ်။ အရောင်းဝန်ထမ်းတွေ လုပ်ကြတော့ အခုက ကျားဖြန့်တွေလုပ်လာကြတယ်။ ပြီးတော့ ငွေကလည်း တော်တော်ရတာကိုး။

သူ့ရဲ့ ဆိုးကျိုးကြတော့ ဘယ်သူမှ မသိကြဘူး၊ သိတယ်ဆိုရင်တောင် နောက်ပိုင်းကြမှ ဖမ်းတယ်။ နောက်ပိုင်းမှ လက်မခံနိုင်တာတွေ ဖြစ်တာပေါ့။ အခုလိုတွေ ဖမ်းလိုက်တော့လည်း ကောင်းသွားတယ်လို့ ပြောရမလားပေါ့။

မေး ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေကော၊ ပြည်သူ့စစ်လက်နက်ကိုင်တွေကော ပေါများနေတော့ ဒေသခံအတွက် မူဆယ်မြို့အတွက် ဘယ်လိုစိုးရိမ်မှုရှိလဲ။

ဖြေ ။ ။ မူဆယ်မြို့ ပတ်ပတ်လည်က တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ သူ့အဖွဲ့နဲ့သူတော့ ရှိနေတာပဲ။ မြို့ထဲအတွက်တော့ ဘာမှထူးခြားတာ မရှိသေးဘူး။ တိုင်းရင်သားလက်နက်ကိုင်တွေကော၊ ပြည်သူ့စစ်တွေကော များနေတယ် ဆိုတော့ ဒေသခံပြည်သူတွေ အတွက်က စိုးရိမ်နေရတယ်။ ပြည်သူတွေမှာ လက်နက်မှမရှိတာ၊ သူတို့က သေနက်တွေကိုင်ထားရင် ကြောက်နေရပြီလေ။

တချို့တွေကလည်း သေနတ်တွေကိုင်ကြတယ်။ ဘယ်ကနေ ဘယ်လိုရပြီး ကိုင်ကြလဲမသိဘူး။ ဘယ်အဖွဲ့က ဟာတွေလည်း မသိဘူး။ တချို့ကလည်း ပိုက်ဆံရှိရင် ဝယ်ကိုင်နေကြတော့ တကယ့် လက်နက်ကိုင်အဖွဲ့က ဟုတ်ရဲ့လားဆိုတာ သေချာမသိရတော့ဘူး။

မူဆယ်မြို့မှာ ကျားဖြန့်ရောက်လာကတည်းက ကျောင်းနေတဲ့အရွယ် (၁၅) နှစ်ကနေ (၂၀)နှစ်ဝန်းကျင် ကလေးတွေဆို ကျောင်းလည်း မနေချင်တော့ဘဲ ငွေနောက်ပဲ လိုက်ကြတော့တယ်။ မိန်းကလေးတွေလည်း ကိုယ့်တန်ဖိုးကိုယ် မထားတတ်ကြတော့ဘူး။

အခုက သူခိုးတွေလည်း များလာတယ်၊ သေနတ်တွေနဲ့ လာတာဆိုတော့ ပိုင်ရှင်လည်း ကိုယ့်အသက်သေမှာ ကြောက်ကြရတယ်လေ။ အပျော်အပါးလိုက်တဲ့ ကောင်လေးတွေကလည်း မိဘတွေဆီက ပိုက်ဆံတောင်းလို့ မရရင် ခိုးဆိုးလုယက်မှုတွေ လုပ်ပြီးတော့ ဘယ်နေရာမဆို ပိုက်ဆံအိတ်တွေ၊ ဆိုင်ကယ်တွေကို လုတာတွေ လုပ်လာတယ်ပေါ့။ ဒါတွေကတော့ ကျားဖြန့်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုတွေပေါ့။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရိုင်တွင် အသက် ၁၄ မှ ၁၆ အရွယ် မူးယစ်ဆေးသယ်ဆောင်သူ လူငယ် ၄ ဦးထပ်မံဖမ်းမိ

0
ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) နယ်မြေအတွင်း ဆယ်ကျော်သက်လူငယ်များကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ငှားရမ်းကာ မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့် သံသယရှိသူ ၄ ဦးနှင့်အတူ ဘတ်သန်းနှင့်ချီတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းကျော်နှင့် ကီတမင်း ၁၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ဇွန်လ ၈...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅...