၄လအတွင်း တရားမဝင် ထိုင်းရောက်မြန်မာရွှေ့ပြောင်း ၂သိန်းနီးပါး နေရပ်ပြန်ပို့ခံရ
SHAN -
ထိုင်းနိုင်ငံတွင် တရားမဝင်နိုင်ငံခြားလုပ်သားများကို ဖမ်းဆီးရေးစီမံကိန်းကြောင့် ၄ လ အတွင်း မြန်မာနိုင်ငံသား ၂ သိန်းနီးပါးဖမ်းဆီးခံခဲ့ရပြီး နေရပ်ပြန်ပို့ခံရကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူများကို စစ်မှုမဖြစ်မနေထမ်းဆောင်ရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့်လာသော လူငယ်များ စိုးရိမ်နေကြပြီး ဖမ်းဆီးမခံရမီ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်သူများလည်း ရှိကြောင်း နေရပ်ပြန်သူများထံ...
ကလောမြို့ ရေပြန်တက်၍ ပြည်သူများ စိုးရိမ်
SHAN -
သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (အောက်တိုဘာလ ၁ ရက်) ညနေ ၅ နာရီခန့်က ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သည့် ကလောမြို့ ရေကြီးမှုကြောင့် ဖုန်းနှင့်...
မူဆယ် တရုတ်ငွေလဲလှယ်သော အမျိုးသားတစ်ဦး သေနက်ပစ် ဓားပြတိုက်ခံရ
သျှမ်းပြည် မူဆယ်မြို့တွင် တရုတ်ငွေလဲလှယ်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် အမျိုးသား ၃ ဦးက ပစ်ခတ်ပြီး ဓားပြတိုက်ကြောင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) နံနက် ၆ နာရီခွဲကျော် မူဆယ်မြို့ ဈေးရပ်ကွက်တွင်နေထိုင်သော အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်...
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...
လားရှိုးတွင် စစ်တပ်မှလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မန်နားကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၃၀) ရက် ည ၁၀ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၁၂ ဘက်ရှိ ဟူးမွန် အုပ်စု မန်နားကျေးရွာ ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး...
မူဆယ် ဖမ်းဆီးခံ ကျားဖြန့် ၂၀၀ ကျော်ကို ဥပဒေအရ အရေးယူမည်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ပြီး ဖမ်းဆီးခံရသည့် မြန်မာလူမျိုး ၂၀၀ ကျော်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရသည်။ (စက်တင်ဘာလ ၂၃ ရက်) မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီမှ ဝင်ရောက် ဖမ်းဆီးရာ လူဦးရေ ၆၀၀နီးပါးဖမ်းဆီးမိပြီး ထိုထဲတွင် တရုတ်နိုင်ငံသား...
စစ်ဘေး၊ ရေဘေးဒဏ်ကြား ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း စကောက်နေ
စစ်ဘေး၊ ရေဘေးနှင့် ကြုံတွေ့နေရသည့် သျှမ်းပြည်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန်အတွက် စစ်ကောင်စီက သန်းခေါင်စာရင်းစတင်ကောက်ခံနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် တန့်ယန်းမြို့အပါအဝင် မိုင်းတုံ၊ မိုင်းဆတ်နှင့် ဟိုပုံးမြို့တွင် စစ်ကောင်စီက သန်းခေါင်းစာရင်းကောက်ခံနေသည်ဟု ဒေသခံများထံမှသိရသည်။ တိုက်ပွဲများနှင့်...
နမ့်လန်မြို့အနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲကြား ခရီးသည်(၂) ဦး သေနတ်ကျည်ထိမှန်သေဆုံး
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နှစ်ဘက်တိုက်ပွဲအကြား ခရီးသည်(၂)ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၉) ရက် ည ၉ နာရီကျော်တွင် နမ့်လန်မြို့အနီး နားမခေါ်နှင့် ကောင်းဟက်ကျေးရွာ အကြား စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...
မိုင်းရယ်မြို့နယ် MNDAA စစ်အင်အားဖြည့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သို့စစ်အင်အားဖြည့်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်အင်အားများဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ကိုးကန့်တွေ နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေက...
တောင်ကြီးမြို့နယ် ဒေသခံများကို PNA စစ်ဝတ်စုံ ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်အင်အားပြ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် ပေါမူကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNA/PNO)က စစ်ယူနီဖောင်း ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲတွင် အင်အားပြခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃၀)ရက် PNA/PNOက တောင်ကြီးမြို့နယ် ပေါမူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်အိမ်လျှင် ကျပ်ငွေ ငါးသောင်း ကောက်ယူပြီး အသက် (၁၈)နှစ်မှ အသက် ၅၀ကြားရှိ အမျိုးသားများကို...





