မူဆယ် ဖမ်းဆီးခံ ကျားဖြန့် ၂၀၀ ကျော်ကို ဥပဒေအရ အရေးယူမည်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ပြီး ဖမ်းဆီးခံရသည့် မြန်မာလူမျိုး ၂၀၀ ကျော်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရသည်။

(စက်တင်ဘာလ ၂၃ ရက်) မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီမှ ဝင်ရောက် ဖမ်းဆီးရာ လူဦးရေ ၆၀၀နီးပါးဖမ်းဆီးမိပြီး ထိုထဲတွင် တရုတ်နိုင်ငံသား ၃၀၀ကျော်ပါရှိကြောင်းသိရသည်။

ထို တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို (စက်တင်ဘာလ ၂၄ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် ကားအစီး ၂၀ ကျော်နှင့် တရုတ်နယ်စပ် မန့်ဝိန်းဂိတ်မှ တဆင့် ပို့ပေးခဲ့သည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းမိထားတာတော့ ၅၀၀ ကျော် ၆၀၀ နီပါးလောက်ရှိတယ်။ တရုတ်လူမျိုး ၃၀၀ ကျော်ပါတယ်၊ တရုတ်လူမျိုးတွေကို ကားအစီးပေါင်း ၂၀ ကျော်နဲ့ မန့်ဝိန်းပေါက်ကနေ ပို့ပြီး ကျန်တဲ့မြန်မာလူမျိုးတွေကိုတော့ ဖမ်းထားဆဲပါ “ ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကျန်ရှိနေသည့် မြန်မာလူမျိုး ၂၀၀ ကျော်ကို ပြန်မလွှတ်သေးဘဲ တရားဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောာင်းသိရသည်။

ထို့အပြင်ဖမ်းခံထားရသည့် ကျားဖြန့်လုပ်ဆောင်သူများသည် မိမိအစီအစဥ်ဖြင့်သာစားသောက်နေရကြောင်း၊ မိသားစုဝင်နှင့် နီးစပ်သူများက လာရောက်ပို့ဆောင်ရကြောင်း အသက် ၄၀ကျော်ရှိ ဒေသခံအမျိုးသား တစ်ဉီးက ထပ်လောင်းပြောသည်။

“ စဖမ်းတုန်းက နေရာမှာပဲ စုပြုံပြီးနေနေရတယ်။ စားသောက်ဖို့ကတော့ နီးစပ်သူတွေ ဆွေမျိုးတွေ လာပေးတယ်။ မရှိတဲ့သူတွေကတော့ ဝေမျှစားသောက်ပေါ့။ သွားတွေ့ရင်လည်း ခဏပဲပေးတွေ့တယ်။ အရေးယူမယ် လို့ပဲပြောတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း ကိစ္စနှင့်ပတ်သက်ပြီး မကြာခဏဖမ်းဆီးမှုရှိသော်လည်း လက်ရှိအချိန်ထိ ကျားဖြန့်သည် ပပျောက်သွားခြင်းမရှိပေ။

မူဆယ်မြို့ ပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်များကျင်လည်လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာသည့်နေရာဖြစ်ကာ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲမဖြစ်ပွားသည့် ဒေသ တစ်ခုလည်း ဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...