Wednesday, January 28, 2026

မူဆယ် တရုတ်ငွေလဲလှယ်သော အမျိုးသားတစ်ဦး သေနက်ပစ် ဓားပြတိုက်ခံရ 

သျှမ်းပြည် မူဆယ်မြို့တွင် တရုတ်ငွေလဲလှယ်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် အမျိုးသား ၃ ဦးက ပစ်ခတ်ပြီး ဓားပြတိုက်ကြောင်း သိရသည်။ 

 ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) နံနက် ၆ နာရီခွဲကျော် မူဆယ်မြို့ ဈေးရပ်ကွက်တွင်နေထိုင်သော အသက်  ၆၀ ကျော် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသား  ၃ ဦးက သေနက်ဖြင့်ခြိမ်းခြောက်ကာ သေနက်ဖြင့်ပစ်ခတ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“အမျိုးသား ၃ ဦးက သူ့ရှေ့ကို ပိတ်ရက်လိုက်တာ။ သူကလည်း တိုက်လိုက်တော့ နှစ်ဖက်လုံး လှဲကျ သွားတာ။သူတို့က ထပြီး ပစ်တော့ အဲ့ အမျိုးသားရဲ့ခြေထောက်ကို ထိသွားတာ။အဲ့ဒါပြီးမှ ဒေသခံတွေဝင် ကူလို့ ပစ်တဲ့လူတွေက ထွက်ပြေးသွားတာ။သူက ငွေလဲလှယ်တဲ့ အလုပ်လုပ်တာလေ။ဘာမှ တော့မပါသွားလိုက်ဘူး။” ဟု အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုပစ်ခက်ခံရသော အမျိုးသားကို မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလတွင်းလည်း ၎င်း၏ ဇနီးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဓားပြတိုက်ခဲ့ပြီး သေနက်ဖြင့်လည်း ပစ်ခံခဲ့ရကြောင်း သိရသည်။ 

လက်ရှိ နိုင်ငံရေးအခြေနေအရ တရုတ်- မြန်မာ ငွေလဲလှယ်သူများ အနေဖြင့်လည်း သူခိုး ဓားပြများကိုလည်း သတိထားရမည်ဖြစ်ပြီး မူဆယ်ဒေသခံ များက ပြောဆိုသည်။

မူဆယ်မြို့ စက်တင်ဘာလ အတွင်းတွင် အမည်မသိလက်နက်ကိုင်မှ သေနက်ပစ်ခြိမ်းခြောက် ၍ ဓားပြတိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခု ဖြစ်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်း‌ခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့‌ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက...

မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

မူဆယ် – ၁၀၅ မိုင်ကြား ကားဘရိတ်ပေါက်ပြီး လူတိုက်မိ၊ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်...