သျှမ်းတောင်ရှိမြို့နယ်အချို့တွင် ရွှေဘိုမှစစ်ရှောင်လာသည်ဟုဆိုကာ ဆန်လိမ်လည်ရောင်းချမှုများဖြစ်ပွားနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ဆန်ကြမ်းများကို ပေါ်ဆန်းမွှေးဟုဆိုကာ လိုက်လံ လိမ်ညာ ရောင်းချမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် တောင်ကြီးမြို့နယ် အေးသာယာတွင် ပေါ်ဆန်းမွှေးဟုဆိုကာ ဆန်ကြမ်းများကို လိုက်လံရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ ပေါ်ဆန်းအကောင်းစားဆိုပြီး ဆန်အိတ်ကိုလည်း ထိုးပြတယ်...
နေပြည်တော်၌ စစ်ကောင်စီဝင်နှင့် ပြည်ထောင်စုဝန်ကြီးများ အကျယ်ချုပ်ကဲ့သို့ နေထိုင်နေရ
SHAN -
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတွင် ပါဝင်သော အရပ်သား ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုဝန်ကြီးများအား ပြင်ပ နေအိမ်များတွင် နေထိုင်ခွင့် မပြုတော့သဖြင့် ဝန်ကြီး အိမ်ယာတွင်သာ အကျယ်ချုပ်ကဲ့သို့ နေထိုင်နေရသည်ဟု နေပြည်တော် သတင်းရင်းမြစ်က ယနေ့ (သြဂုတ်လ ၂၉ ရက်)...
သျှမ်းပြည်တဝှမ်း မကြုံစဖူး သမိုင်းတွင် ရေကြီးမှု ဖြစ်
သျှမ်းပြည် တဝှမ်း နေရာအနှံ့ မကြုံစဖူးရေကြီးမှုဖြစ်ပေါ်ပြီး နေအိမ်ရေမြှုပ်မှု လယ်ယာစိုက်ခင်း ထောင်ချီ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ အဆိုပါ ရေကြီးမှုသည် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ ၊ ကွန်ဟိန်း ၊ မိုးနဲ ၊လင်းခေး၊ မိုင်းပန်မြို့နှင့် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တို့...
ကလော၊ အောင်ပန်းမှ စစ်မှုထမ်းစုဆောင်းခံရသူများ မြစ်ကြီးနား စစ်သင်တန်းပို့ခံရ
သျှမ်းပြည် ကလောမြို့နယ်မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံရသူများကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်းတက်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး ကလောမြို့၊ အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်များမှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံထားရသူ လူငယ် (၃၀) ကျော်ကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်း...
နောင်ချိုမြို့နယ် တောင်ခမ်းဒေသ တိုက်ပွဲပြင်းထန်နေပြီး အမြောက်တပ် တပ်ရင်းမှူး ထွက်ပြေးဟု သတင်းထွက်
SHAN -
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လေကြောင်းနှင့် တာဝေးပစ် အမြောက် ပစ်ကူများ အသုံးပြု ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေး...
အွန်လိုင်း ကနေ တရားမဝင် မြေကွက်ရောင်းချနေမှုကို ထွေအုပ်ရုံးမှ အသိပေးတားမြစ်
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်းတွင် အွန်လိုင်းမှတဆင့် တရားမဝင်မြေကွက် ရောင်းချနေသူများကို ထွေအုပ်ရုံးမှ အသိပေးစာထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကတည်း တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့ နောင်ကား၊ နောင်ရွေးဖက်တွင် မြေကွက်များကို ဈေးသက်သာစွာဖြင့် အွန်လိုင်းကနေရောင်းချနေသူများကို မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုသို့ မလိုက်နာသည့်သူများကို တည်ဆဲဥပဒေအရ...
ခရမ်းချဉ်သီးဈေးကျ၊ စိုက်ပျိုးသူများအရှုံးပေါ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် အင်းလေးဒေသတွင် ခရမ်းချဉ်သီးဈေးကျ သဖြင့် စိုက်ပျိုးသူများ အရှုံးပေါ်နေသည်ဟု စုံစမ်းသိရသည်။ ဇူလိုင်လတုန်းက ခရမ်းချဉ်သီး ၁ပိဿာ (၂၀၀၀)ကျပ်နှင့် (၂၅၀၀) ကျပ်သာရှိပြီး ယခု (ဩဂုတ်လ)တွင် တစ်ပိဿာဈေးနှုန်း (၃၀၀) ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း အရှုံးများစွာပေါ်နေသည်ဟု ပင်လောင်းဒေသခံ ခရမ်းချဉ်သီးစိုက်ပျိုးသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ပင်လောင်းစစ်ရှောင်ပြည်သူများအတွက်ပါ...
ကုမ္ပဏီမှ ပြောင်းမျိုးစေ့ လိမ်ညာရောင်းမှုကို ကြုံနေရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီ ကျေးရွာ အုပ်စုရှိ ပြောင်းစိုက်တောင်သူများကို ကုမ္ပဏီများက ပြောင်းမျိုးစေ့လိမ်ညာရောင်းချနေသဖြင့် အရှုံးပေါ် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မိုးရာသီအစ ဇွန်လိုင်လတွင် CP ကုမ္ပဏီနှင့် သြဘာ ကုမ္ပဏီမှ ရောင်းချသည့် ပြောင်းမျိုးစေ့ (၈၀၈)ကို တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာမှ တောင်သူများဝယ်ယူပြီး စိုက်ပျိုးခဲ့ရာ...
တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...
ကျောက်မဲမြို့ စာသင်ကျောင်းထဲ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က အထက(၂) စာသင်ကျောင်းထဲသို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) ည ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရပ်ကွက် (၉) တိလင်ရပ်ရှိ အထက-(၂)...





