သျှမ်းမြောက်တက်မည့် ကုန်တင်ကားများကို မန္တလေးအထွက်တွင် စစ်ကောင်စီ တင်းကြပ်စစ်ဆေး

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များသို့ ရိက္ခာသယ်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က မန္တလေးအထွက် (၁၆) မိုင်တိုးဂိတ်မှ စတင်ပြီး တားမြစ်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ စစ်ကောင်စီတပ်မှ စားနပ်ရိက္ခာ ဖြတ်တောက်ရန်အတွက် မန္တလေးမှ ကုန်ပစ္စည်း တင်ဆောင်လာသည့် ကားများကို (၁၆) မိုင်တိုးဂိတ်မှ စတင်ပြီး တားမြစ်စစ်ဆေးနေကြောင်း ကားသမားများထံမှ သိရသည်။

“မေမြို့အတက် ၁၆ မိုင်မှာ ကုန်ကားတွေဆို စစ်တပ်က စစ်တယ်။ ကုန်ခြောက်တို့ စားသုံးဆီတို့ ဆေးတွေဆိုရင် အများကြီး တင်လာရင် ဘယ်ကို သယ်မှာလဲဆိုပြီးတော့ ကားသမားကို ရစ်တယ်။ မိုးကာဖွင့်ပြီးတော့ ဟိုရှာဒီရှာ အဲ့လိုလုပ်တာ။ သျှမ်းပြည်တက်မယ်လို့ ပြောရင် ဂိတ်ကြေးပိုပေးရတယ်”ဟု မန္တလေး-လားရှိုး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ယနေ့ (အောက်တိုဘာ ၂ ရက်) နောင်ချိုမြို့ ဆမ္မဆယ်လမ်းပိုင်း ကုန်တင်ကားနှင့် ခရီးသည်တင်ကားများ ပိတ်မိနေစဉ်

အလားတူ မန္တလေးတိုင်းနှင့် သျှမ်းပြည်နယ်စပ် နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင်လည်း ကုန်တင်ကားများကို တင်းတင်းကြပ်ကြပ် ထပ်မံစစ်ဆေးပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများကို အကြောင်းပြချက်မရှိဘဲ သယ်ယူခွင့် ပိတ်ပင်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာ၍ မရသေးဘဲ ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများမှာ ကြံခင်းများထဲဖြတ်၍ ကွင်းလမ်းဖြင့် သွားလာနေရပြီး ဆမ္မဆယ်နှင့် လွန်းကျော်လမ်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ဗွက်ထကာ ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေကြောင်း ကားသမားများက ပြောသည်။

“ဆမ္မဆယ်ကနေ လွန်းကျော်သွားတဲ့ဘက်မှာ လမ်းဗွက်ထလို့ ကားလမ်းပိတ်တာ။
သဲခင်းလမ်းပဲ ဆိုတော့ ပြောင်းတင်တဲ့ ကားကြီးလည်း သွားတော့လေ လမ်းက ချော်တာ။ အခု အင်းဝိုင်းဘက်လည်း ကားတွေလာကြတယ်။ တံတားနား မြောင်းတူးထားတဲ့နေရာ ရောက်ရင်တော့ ပစ္စည်းကို ကဲ့ယူရတယ်၊ လူထမ်းပြီး ကဲ့ရတော့ စရိတ်ပိုကုန်တယ်”ဟု ၎င်းကားသမားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပုံစာ – ယနေ့ (အောက်တိုဘာ ၂ ရက်) နောင်ချိုမြို့ ဆမ္မဆယ်လမ်းပိုင်း ကုန်တင်ကားနှင့် ခရီးသည်တင်ကားများ ပိတ်မိနေစဉ်

မန္တလေးဘက်မှ တက်လာသည့် ကုန်တင်ကားများသည် စစ်ကောင်စီဂိတ်များကို ကျော်လာပြီး လမ်းခရီးအခြေအနေကြောင့် ကုန်ကျစရိတ် ထပ်မံမြင့်တက်ကာ ဈေးနှုန်း ထက်ဝက်ကျော် ၂ ဆ ၃ ဆ အထိ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခါးစည်းခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များသို့ ကုန်ပစ္စည်းသယ်ယူရန် မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိ မတ္တရာနှင့် သပိတ်ကျင်းမြို့များတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဖြတ်သန်းသွားလာရန် ခက်ခဲကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

“အခုက ကျောက်မဲဘက်အထိ ရိက္ခာ လာဝယ်ရတယ်။ မိုးကုတ်၊ မိုးမိတ်ဘက် ဘာပစ္စည်းမှကို မရောက်တော့တာ။ စစ်တပ်က မန္တလေးကထွက်တဲ့ အတက်ကားတွေကို ကုန်ပေးမသယ်ဘူး။ ခရီးသည်ပစ္စည်းတွေတောင် မွှေနှောက်ပြီးတော့ကို စစ်တာ။ ကျောက်မဲအထိ အဝေးကြီး လာသယ်ရတော့ ကြာရင် ပြည်သူက မခံနိုင်တော့ဘူး”ဟု မိုးကုတ်ဒေသခံ ကုန်သည်တစ်ဦးက ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များအပြင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်သည့် နမ့်တစ်နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်ဘက်မှ ဇူလိုင်လမှ စတင်ပြီး ပိတ်ပင်ခဲ့သည်။

ထို့ကြောင့် ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသအတွင်းရှိ ကွမ်းလုံ၊ သိန္နီနှင့် ကွတ်ခိုင်မြို့များတွင်လည်း ကုန်စည်စီးဆင်းမှု ခက်ခဲလာပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...