Tuesday, January 27, 2026

မိုင်းကိုင်-နမ့်လန်ကြား ဆားတော့တံတား ရေတိုက်စားမှုကြောင့် ပြိုကျ ကုန်စည်ပို့ဆောင်ရန်ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်-နမ့်လန်ကြားရှိ တုံလောကျေးရွာရှိ ဆားတောတံတားသည် ပြင်းထန်စွာ ရေတိုက်စားမှုကြောင့် တံတားပြိုသွားပြီး ကုန်စည်ပို့ဆောင်ရန် ခက်ခဲကြောင်း စုံစမ်းသိရသည်။

အဆိုပါ တံတားသည် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကာ ယမန်နေ့ (အောက်တိုဘာ ၁)ရက်တွင် တံတားပျက်ကျသွားကာ ခရီးသွားကားများနှင့် ကုန်စည်ပို့ဆောင်သည့် ကားများ အခက်ကြုံနေရကြောင်း တုံလောကျေးရွာဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“စက်တင်ဘာလ ၃၀ ရက်က တစ်ဝက်လောက်တော့ပြိုသွားတယ်။ မနေ့တော့ တံတားနောက်တစ်ခြမ်းထက်ပါ ပြိုကျသွားတယ်။ မြောက်ပိုင်းလာတဲ့ကား တောင်ပိုင်းကနေလာတဲ့ကားတွေ ဆက်သွားလို့မရတော့ဘူးပဲ အနီးနားရှိတဲ့ရွာတွေမှာ တည်းကြတယ်”ဟု ၎င်းကပြောသည်။

ထိုရွာအနီးရှိ ပန်လော့ကျေးရွာတွင်လည်း ရေကြီးတိုက်စားမှုကြောင့် လမ်းများပျက်စီးပြီး ရပ်ကွက် (၁) မြေနိမ့်ပိုင်းမှာလည်း ကျွဲ၊ နွားများ ရေထဲမျောပါပြီး စပါးစိုက်ခင်းများစွာ ရေလွှမ်းပျက်စီးမှုရှိကြောင်း ၎င်းကဆိုပြန်သည်။

မိုင်းကိုင်-နမ့်လန် ကြား တံတားပျက်စီး

“ဒီလမ်းက မြောက်ပိုင်းနဲ့တောင်ပိုင်း အသွားအလာများတဲ့လမ်းဖြစ်တယ်။ မြောက်ပိုင်းသွားရင် ဒီလမ်းကို ပိုသွားကြတယ်။ ကျေးရွာဒေသတွေလည်း ခြံတို့ လယ်ယာတို့သွားရင် ဒီလမ်းတံတားပဲဖြတ်သွားရတာ။ အဝေးကတဲ့ကားတွေက တခြားကျေးသီးလမ်းတော့ရှိတယ် ပြန်ပတ်ရတာပေါ့ ပိုဝေးတယ် အချိန်ပိုကြာတယ်” ဟု ၎င်းကပြောသည်။

၎င်းတံတားကို ပြန်လည်ပြုပြင်ဖို့ ကျေးရွာလူကြီးများနှင့် ဆည်မြောင်းဝန်ကြီးဌာနများ ပြန်လည်ပြုပြင်ရန် ရေများပြင်ထန်နေသေးတာကြောင့် ပြုပြင်ဖို့ အချိန်ယူနေရသည်ဟု ဒေသခံပြောဆိုချက်အရ သိရသည်။ ထို့တံတားသည် ပြည်သူများအတွက်အလွန်အရေးပါတဲ့ တံတားတစ်စင်းဖြစ်သည်။

လက်ရှိ မိုးရွာသွန်းမှုနှင့် ဆည်ရေဖောက်ချမှုများကြောင့် သျှမ်းတောင်၊ ဖယ်ခုံနှင့် မိုးဗြဲ သာမက ဆက်စပ်နေသည့် လွိုင်ကော်မြို့တွင်ပါ ရေဘေးကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ထို့အတူ စက်တင်ဘာလ ၂၆ ရက်နေ့မှ ယမန်နေ့ အထိ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်၊ မြစ်သားနှင့် ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာ အများအပြား ရေဘေးထပ်မံ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာ ဒုတိယပတ်က စတင် ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်၊ ပဲခူး၊ ကရင်နီ၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ သျှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း အပါအဝင် ၅၉ မြို့နယ်ရှိ ခန့်မှန်းခြေ ပြည်သူ ၆၃၁,၀၀၀ ဦးခန့် ရေဘေးသင့်ခဲ့ပြီး ရာနှင့်ချီ၍ သေဆုံးကာ အများအပြား ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ရှည်ထင်းရှူးပင်များ များစွာပါဝင်သော ပန်းချယ်ရီအိမ်ယာ စီမံကိန်းအား တောင်ကြီး မြို့ခံများ ကန့်ကွက်

တောင်ကြီး မြို့ ၏ တောင်ဘက် (၂) မိုင်ခန့်ရှိ နှစ်ရှည်ထင်ရှူးတောတည်ရှိရာ နေရာတွင် ပန်းချယ်ရီအိမ်ယာ စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီး မြို့ခံများ မှ ကန့်ကွက်ထားကြောင်း Living Earth Green Network အဖွဲ့မှ ဒေါ်ချယ်ရီကျော် ထံမှသိရသည်...

ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့တွင် ရေကြီး လယ်ယာခြံမြေဧက ၁၀၀ ကျော်ဆုံးရှုံးပျက်စီး

0
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်တုံချောင်းရေလျှံကာ မိုင်းတုံဒေသခံများ၏ လယ်ယာခြံမြေများအတွင်း ရေများလျှံဝင်ပြီးကောက်ပင်များ ရေနှင့်မျောပါကုန်ကြောင်းသိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိ တောင်ကျချောင်းရေများစီးဝင်ရာ မိုင်းတုံမြို့အားဖြတ်သန်းစီးဆင်းသည့် နမ့်တုံချောင်းရေလျှံကာ လယ်မြေဧက ၁၀၀ ကျော်အတွင်းရှိ ကောက်စည်း ကောက်ပုံများ ရေနှင့်မျောပါခြင်း ၊ မရိတ်သိမ်းရသေးသည့်စပါးခင်းများလဲပျက်စီးလဲကျကုန်ကြောင်း...

တန်ချိန်ပိုတင် တရုတ်ကုန်တင်ကားများကြောင့် မူစယ်-နမ့်ခမ်းကားလမ်း ဆိုးရွားစွာ ပျက်စီးနေ

0
သျှမ်းသံတော်ဆင့် ၊ နန်းနန်း ။    ။ သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ဖြစ်သော မူစယ်-နမ့်ခမ်း ကားလမ်း(ပြည်ထောင်စုလမ်းမ)သည် တန်ပိုတင်ဆောင်ပြေးဆွဲနေသော တရုတ်ကုန်တင်ကားများကြောင့် ကားလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေကြောင်း သတင်းရရှိသည်။ မူစယ် - နမ့်ခမ်းကားလမ်း အရှည်သည် ၁၉ မိုင်ခန့်သာရှိပြီး လမ်းများဆိုးရွားစွာပျက်စီးနေသဖြင့် ယခုရက်ပိုင်း၌ မူစယ်မြို့...