Sunday, May 26, 2024

ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့တွင် ရေကြီး လယ်ယာခြံမြေဧက ၁၀၀ ကျော်ဆုံးရှုံးပျက်စီး

Must read

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်တုံချောင်းရေလျှံကာ မိုင်းတုံဒေသခံများ၏ လယ်ယာခြံမြေများအတွင်း ရေများလျှံဝင်ပြီးကောက်ပင်များ ရေနှင့်မျောပါကုန်ကြောင်းသိရသည်။

Photo Credit to- မိုင်းတုံသား – ရေကြီးမှုကြောင့်စပါးခင်းများ လဲကျပျက်စီးဆုံးရှုံးရ

အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိ တောင်ကျချောင်းရေများစီးဝင်ရာ မိုင်းတုံမြို့အားဖြတ်သန်းစီးဆင်းသည့် နမ့်တုံချောင်းရေလျှံကာ လယ်မြေဧက ၁၀၀ ကျော်အတွင်းရှိ ကောက်စည်း ကောက်ပုံများ ရေနှင့်မျောပါခြင်း ၊ မရိတ်သိမ်းရသေးသည့်စပါးခင်းများလဲပျက်စီးလဲကျကုန်ကြောင်း သိရသည်။

မိုင်းတုံဒေသခံ စိုင်းဆာမ် က- ကောက်စည်းတွေ ကောက်ပုံတွေရေနဲ့မျှောပါကုန်တယ်။ စပါးခင်းတွေလဲကုန်တယ်။ လယ်တွေအပြင် ခြံတွေထဲလည်းရေဝင်တယ်။ မုံညှင်းခင်းတွေ၊ နံနံစိုက်ခင်းတွေ၊ ကြက်သွန်ခင်းတွေ၊ ခရမ်းသီးခင်းတွေလည်း ပျက်စီးကုန်တယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ယခုတကြိမ် ရေကြီးမှုသည် ကောက်ပဲသီးနှံဆွတ်ချိန်ဖြစ်သဖြင့် ဆုံးရှုံးမှုများပြားကြောင်း၊ဒေသခံများ ပူပန်မှုများကြုံတွေ့နေရကြောင်း၊ လူထုထိခိုက်ဒဏ်ရာရမှုများတော့မရှိကြောင်း ဆိုပါသည်။

တချို့ခြံတွေဆိုရင် နောက် ၃-၄ ရက်လောက်ဆိုရင်သီးနှံဆွတ်ရောင်းတော့မှာ။ ခြံရှင်တွေသောက ရောက်နေရတယ် – ဟု စိုင်းဆာမ် ကပြောသည်။

ခြံများအပြင် နမ့်တုံချောင်းဘေးရှိနေအိမ်များလည်း ရေဝင်ပြီး မိုင်းတုံမြို့ ကမ္မဌာန်းကျောင်းအဝင် ချောင်းကူးတံတားလည်း ရေနှင့်မျောပါပျက်စီးကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article