Sunday, May 5, 2024

ချောင်းရေလျှံ

ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့တွင် ရေကြီး လယ်ယာခြံမြေဧက ၁၀၀ ကျော်ဆုံးရှုံးပျက်စီး

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်တုံချောင်းရေလျှံကာ မိုင်းတုံဒေသခံများ၏ လယ်ယာခြံမြေများအတွင်း ရေများလျှံဝင်ပြီးကောက်ပင်များ ရေနှင့်မျောပါကုန်ကြောင်းသိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိ တောင်ကျချောင်းရေများစီးဝင်ရာ မိုင်းတုံမြို့အားဖြတ်သန်းစီးဆင်းသည့် နမ့်တုံချောင်းရေလျှံကာ လယ်မြေဧက ၁၀၀ ကျော်အတွင်းရှိ ကောက်စည်း ကောက်ပုံများ ရေနှင့်မျောပါခြင်း ၊ မရိတ်သိမ်းရသေးသည့်စပါးခင်းများလဲပျက်စီးလဲကျကုန်ကြောင်း...

မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး

မိုးဆက်တိုက်သည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူမြို့နယ် မိုင်းတတ်ရွာတွင်တောင်ကျချောင်းရေလျှံကာ နေအိမ်များရေလွှမ်းပြီး တံတားတစင်းကျိုးကျပျက်စီးကြောင်းသိရသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က တောင်ကျချောင်းရေလျှံကာ နမ္မတူမြို့နယ် မိုင်းတတ်ရွာ တံတားတစင်းကျိုးကျပျက်စီးရေနှင့်မျောပါသဖြင့် ဒေခံလူထု သွားလာမှုခက်ခဲရကြောင်း၊ ဖောင်စီးဖြတ်သန်းရကြောင်း မိုင်းတတ်ဒေသခံနန်းဟွမ်ကပြောသည်။ မိုင်းတတ်အဝင် နမ့်တတ်ချောင်းကူး သံ၊ပျဉ် တံတားကြီးကျိုးပျက်သွားတော့ လူထုသွားရလာရခက်ခဲတာပေါ့။ ဖောင်စီးပြီးဖြတ်သန်းသွားလာနေရတယ်။ နေ့ခင်းကတည်းက ရေကြီးတာ ညပိုင်းအထိရေမကျသေးဘူး။...

မိုင်းရှူးမြို့တွင် နမ့်ငချောင်းရေလျှံ လူ ၂၀၀ ကျော်ရေဘေးသင့် လယ်ယာခြံသီးနှံများပျက်စီး

သျှမ်းပြည်တောင်ပိုင်းမိုင်းရှူးမြို့တွင် ဖြတ်သန်းစီးဆင်းသည့်နမ့်င ချောင်းမှ ချောင်းရေလျှံကာ ဒေသခံရွာသား ၂၀၀ ခန့်ရေဘေးသင့်ခဲ့ကြောင်းသိရသည်။ ဩဂုတ်လ ၄ ရက်မနက်ပိုင်းမှ ချောင်းရေစလျှံကာ ချောင်းဘေးနေထိုင်သူ ရပ်ကွက် ၂ ရပ်ကွက် ၃ မှဒေသခံရွာသားများ   ကုန်းပိုင်းရှိ မိတ်ဆွေ ဆွေမျိုးများထံသွားရောက်ခိုလှုံခဲ့ရကြောင်း မိုင်းရှူးဒေသခံနန်းဆိုင်လင်းကပြောသည်။ မိုးသည်းထန်ရွာတာလည်းမဟုတ်ဘူး။   ရေက မနက်ပိုင်းကစတက်တယ်။ နေ့လည်လောက်ကျတော့ ရင်ဘတ်လောက်အထိရှိနေပြီ...

Latest news