Tuesday, January 27, 2026

မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး

မိုးဆက်တိုက်သည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူမြို့နယ် မိုင်းတတ်ရွာတွင်တောင်ကျချောင်းရေလျှံကာ နေအိမ်များရေလွှမ်းပြီး တံတားတစင်းကျိုးကျပျက်စီးကြောင်းသိရသည်။

Photo Numtu Youth/ မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က တောင်ကျချောင်းရေလျှံကာ နမ္မတူမြို့နယ် မိုင်းတတ်ရွာ တံတားတစင်းကျိုးကျပျက်စီးရေနှင့်မျောပါသဖြင့် ဒေခံလူထု သွားလာမှုခက်ခဲရကြောင်း၊ ဖောင်စီးဖြတ်သန်းရကြောင်း မိုင်းတတ်ဒေသခံနန်းဟွမ်ကပြောသည်။

မိုင်းတတ်အဝင် နမ့်တတ်ချောင်းကူး သံ၊ပျဉ် တံတားကြီးကျိုးပျက်သွားတော့ လူထုသွားရလာရခက်ခဲတာပေါ့။ ဖောင်စီးပြီးဖြတ်သန်းသွားလာနေရတယ်။ နေ့ခင်းကတည်းက ရေကြီးတာ ညပိုင်းအထိရေမကျသေးဘူး။ မိုင်းတတ်ရွာထဲအထိရေလျှံတယ် – ဟု နန်းဟွမ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

Photo by မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး

မိုင်းတတ်နှင့်ကပ်လျက်ရှိ မိုင်းဆိန်ရွာအတွင်းသို့ပါ ရေများဝင်ကာလူနေအိမ်အတွင်း  ဈေးဆိုင်များအတွင်း လျှံဝင်ကုန်ကြောင်း၊ အကြီးမားဆုံးရေကြီးမှုဖြစ်ကြောင်း မိုင်းတတ်ဒေသခံ နန်းနု ကလည်းပြောသည်။

“ဘ၀မှာ ရေအကြီးမားဆုံးလျှံတာဘဲ။ ကုန်းပိုင်းမှာကျတဲ့ သင်္ချိုင်းကုန်းခြေရင်းအထိတောင်ရောက်တယ် “- ဟု ပြောသည်။

မိုင်းတတ်ရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး နမ္မတူမြို့မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။

အလားတူ အောက်တိုဘာလ ၁ ရက် ၂ ရက်အတွင်း ကျသည့်မိုးကြောင့် တောင်ကျချောင်းရေလျှံကာ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အဝင်၊ မြို့အနောက်ဘက်ရှိ လွယ်နွဲ့တောင်နှင့်မြို့အဝင်ပေါက် အကြား   ဒေသခံများလယ်ယာမြေပိုင်ရှင် ၇ ဦး၏ လယ်ယာမြေများ အတွင်းစီးဝင်ဖြင့် ပျက် စီးဆုံးရှုံးရကြောင်းသိရသည်။  ညနေပိုင်းအထိရေမကျသဖြင့် ရေကျပြီးမှသာ ဆုံးရှုံးမှုတန်ဖိုးကိုသိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

0
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

0
သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...

နမ္မတူမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးကုသရန် ခက်ခဲနေ

0
သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသမီးတစ်ဦးသည် လက်နက်ကြီကျည်စထိမှန်ပြီး ခွဲစိတ်ကုသနေရသဖြင့် ငွေကြေးအခက်အခဲလိုအပ်နေကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ (ဒီဇင်ဘာလ ၂၅ ရက်) တွင် နမ္မတူမြို့နယ်ရှိ ၎င်းတို့နေအိမ်ခြံဝန်းအတွင်းသို့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ မရွှေရည်လင်း၏ တင်းပါး၌ လက်နက်ကြီးကျည်စထိမှန်ပြီး...

နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅...

နမ္မတူမြို့ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် လယ်သမားများ စားဝတ်နေရေး စိုးရိမ်ရ

0
သျှမ်းပြည် နမ္မတူမြို့နယ် ကျေးရွာအချို့ရှိ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် နောက်လာမည့် နှစ်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာမည်ကို လယ်သမားများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ နမ္မတူမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလလယ်၌ လယ်ယာမြေ ဧက ၅၀၀ ကျော် ရေလွှမ်းမိုးမှုကြောင့် စပါးနှင့်...