မိုင်းတုံမြို့နယ် စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းအမှတ်စဉ် (၁၅)အတွက် စာရင်းကောက်ခံနေပြီး စစ်မှုထမ်းစာရင်းပါသူများ ထွက်ပြေးလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇွန်လ ၁၆ ရက်)တွင် မိုင်းတုံမြို့၊ မြို့မရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် အစည်းအဝေးခေါ်ယူကာ ဝန်ထမ်းများ၊ ကျောင်းတက်နေသူများနှင့် မသန်စွမ်းသူများ ကင်းလွတ်ခွင့်ရပြီး ကျန်သည့် အသက်(၁၈)နှစ်မှ (၃၅)နှစ်အထိ အမျိုးသားများကို စစ်ကောင်စီတပ်မှခေါ်သည့် မည်သည့်အချိန်မဆို စစ်မှုထမ်းရမည်ဖြစ်ပြီး ထွက်ပြေးလျှင် အရေးယူမည်ဟု စစ်ကောင်စီအဖွဲ့ဝင်များက ပြောဆိုကြောင်း ဒေသခံများက ပြောသည်။

“မနေ့က ရဲ၊ စစ်သား၊ ထွေအုပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက မြို့မရပ်ကွက်မှာ စစ်မှုထမ်းဖို့ အစည်းအဝေးလုပ်တယ်။ ကင်းလွတ်ခွင့်မရတဲ့သူက ၁၂၄ ယောက်ရှိတယ်။ အဲဒီလူတွေက စစ်ကောင်စီက လူခေါ်ရင် အလှည့်ကျ သွားရမယ်ပြောတယ်၊ မဲလည်း မနှိုက်တော့ဘူးတဲ့။ ထွက်ပြေးရင်တော့ အရေးယူမယ်ပြောတယ်” ဟု မိုင်းတုံမြို့မှ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ပါသည့် အမျိုးသားများသည် မိမိအလှည့်ကျ၍ မသွားလိုသည့်အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းမည်ဆိုလျှင် ကျပ်သိန်း(၁၀၀)မှ (၂၀၀) ကြား ပေးရမည်ကို စိုးရိမ်သောကြောင့် အခြေခံ လူတန်းစားများအနေဖြင့် မတတ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စာရင်းထဲမှာ ပါတဲ့သူက မသွားချင်ဘူးဆိုရင် အုပ်ချုပ်ရေးမှူးနဲ့ ညှိပြီး သိန်း ၁၀၀ ကနေ ၂၀၀ ကြားပေးရင် မသွားရလောက်ဘူး၊ အခုက ဘယ်ပြေးရမှန်းမသိ။ အဲ့ပမာဏက အခြေခံလူတန်းစား လက်လုပ်လက်စားအတွက် မတတ်နိုင်၊ မြို့ထဲမှာလည်း အိမ်ထဲက အိမ်ပြင် မထွက်ရဲကြဘူး။ ရှောင်နေရင်လည်း ဘက်ဘက်ပြေးရမှန်း မသိဘူး” ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မိုင်းတုံမြို့၌ စစ်မှုထမ်းလာကောက်သည့်အခါ တစ်လနှင့်တစ်လ ငွေပေးရသည်မှာ မတူညီဘဲ စစ်မှုထမ်းလစဉ်ကြေးများကို ပုံမှန်ပေးနေရပြီး စစ်မှုထမ်းစာရင်းမပါလျှင် ငွေကျပ်(၁၅၀၀၀)၊ စစ်မှုထမ်းစာရင်း ပါလျှင် ကျပ် (၃၅၀၀၀) စသည်ဖြင့် လစဉ်နှင့်အမျှ မတူညီဘဲ ပေးဆောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ (၁၃)ရက်နေ့တွင်လည်း မိုင်းတုံမြို့ မြို့မရပ်ကွက်တွင် ဧည့်စာရင်းလာစစ်သည့် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများက လူနှစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး နားကောင်းမှုးကျေးရွာတွင်လည်း (၆)ဦး ဖမ်းဆီးခံရကာ စုစုပေါင်း (၈)ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...