နှစ်ရှည်ထင်းရှူးပင်များ များစွာပါဝင်သော ပန်းချယ်ရီအိမ်ယာ စီမံကိန်းအား တောင်ကြီး မြို့ခံများ ကန့်ကွက်

တောင်ကြီး မြို့ ၏ တောင်ဘက် (၂) မိုင်ခန့်ရှိ နှစ်ရှည်ထင်ရှူးတောတည်ရှိရာ နေရာတွင် ပန်းချယ်ရီအိမ်ယာ စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီး မြို့ခံများ မှ ကန့်ကွက်ထားကြောင်း Living Earth Green Network အဖွဲ့မှ ဒေါ်ချယ်ရီကျော် ထံမှသိရသည် ။

ပန်းချယ်ရီအိမ်ယာစီမံကိန်းပြမြေပုံ


“ ကျမတို့က စီမံကိန်းကို ကန့်ကွက်တာမဟုတ်ဘူး ။ စီမံကိန်းအကောင်အထည်ဖော်တဲ့အခါ နှစ်ရှည် ထင်းရှူးပင်တွေ အကုန်ပျက်စီးကုန်လို့ကန့်ကွက်တာ ” ဟု ဒေါ်ချယ်ရီကျော် ကပြောသည် ။


နှစ်ရှည်ပင်များ ပျက်စီးမှုကြောင့် တောင်ကြီး မြို့၏ ရာသီဥတုမှာ ယခင်ကထက် သိသိသာသာပြောင်း လဲလာပြီး မိုးရေချိန် ရက် တစ်ရာ ထက်လျော့နည်းလာကြောင်း ၎င်းကပြောသည် ။


တောင်ကြီး မြို့သည် မြေအောက်ရေကိုသာ အားထားနေရသော မြို့တစ်မြို့ ဖြစ်သဖြင့် သစ်ပင်သစ်တောများ ပြုန်းတီးကာ သဘာ၀ပတ်ဝန်းကျင် ပျက်စီးပြီး ရေရရှိမှုထိခိုက် နိုင်သဖြင့် မြို့နေလူထုများ ရေချို ၊ ရေသန့် နှင့် ရေရှားပါးမှု ရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။


ယခုဆောင်ရွက်နေသော ပန်းချယ်ရီအိမ်ယာ စီမံကိန်းသည် ဧရိယာစုစုပေါင်း (၁၂၇.၁၅၃) ဧကကျယ်၀န်းသည်ဖြစ်ရာ တောင်ကြီး မြို့၏ ရေမြေတောတောင် စိမ်းလန်းစိုပြေမှု ၊ သဘာ ၀ ရာသီဥတု ၊ ရေဝေရေလဲများ ကို ထိန်းသိမ်းပေးနေသော နှစ်(၅၀)မှ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ထင်ရှူးပင်ပေါင်းသောင်းချီ ဖျက်ဆီးဖြိုလှဲခြင်း ၊ ထပ်မံဖျက်ဆီး ခြင်းခံရတော့မည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သဘာ၀ပတ်၀န်းကျင်အတွက်လှုပ်ရှားဆောင်ရွက်နေသော တောင်ကြီးဒေသခံများကပြောသည်။

ထို့အတွက်ဆောင်ရွက်နေဆဲ ဖြစ်သော ယင်းစီမံကိန်းအား အချိန်မှီထိန်းသိမ်းပေး နိုင်ရန် တောင်ကြီး မြို့ ခံများမှ နိုင်ငံတော် အတိုင်ပင်ခံ ၊ နိုင်ငံတော်သမ္မတ နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့အား ပြန်လည်စီစစ် ပေး နိုင်ရန် ဒီဇင်ဘာ ၁၀ ရက်နေ့က စာတင်တောင်းဆိုထားကြောင်းလည်း သိရသည်။


အဆိုပါ ပန်းချယ်ရီအိမ်ယာ စီမံကိန်း ကို ဦးသိန်းစိန် အစိုးရ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်လက်ထက်က သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယခု ပန်းချယ်ရီအိမ်ယာ(၂)စီမံကိန်းအတွက် သဘောတူညီမှုစာချုပ် MOA လက်မှတ် ရေးထိုးခြင်းကို ဒီဇင်ဘာလ(၁) ရက် နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီနှင့် Maw Shan Development Publice Co.,Ltd တို့မှရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...