Tuesday, January 27, 2026

တန်ချိန်ပိုတင် တရုတ်ကုန်တင်ကားများကြောင့် မူစယ်-နမ့်ခမ်းကားလမ်း ဆိုးရွားစွာ ပျက်စီးနေ

သျှမ်းသံတော်ဆင့် ၊ နန်းနန်း ။    ။ သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ဖြစ်သော မူစယ်-နမ့်ခမ်း ကားလမ်း(ပြည်ထောင်စုလမ်းမ)သည် တန်ပိုတင်ဆောင်ပြေးဆွဲနေသော တရုတ်ကုန်တင်ကားများကြောင့် ကားလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေကြောင်း သတင်းရရှိသည်။

တန်ချိန်ပိုတင် တရုတ်ကုန်တင်ကားများကြောင့် မူစယ်-နမ့်ခမ်းကားလမ်းပိတ်နေသည်ကိုတွေ့ရစဉ်

မူစယ် – နမ့်ခမ်းကားလမ်း အရှည်သည် ၁၉ မိုင်ခန့်သာရှိပြီး လမ်းများဆိုးရွားစွာပျက်စီးနေသဖြင့် ယခုရက်ပိုင်း၌ မူစယ်မြို့ မှ နမ့်ခမ်းမြို့ ၊နမ့်ခမ်းမြို့မှ မူစယ်မြို့သို့ ကားဖြင့်  မနက် ၈းဝဝ နာရီ တွင်စထွက်ပါက ညသန်းခေါင် ယံအချိန်မှ ရောက်ကြောင်း မူစယ်ဒေသခံ ပါ့နန်းခမ်းစော က ဆိုသည်။

“အရင် ကားလမ်းမပျက်ခင်တုန်းက ဆိုရင် မူစယ်-နမ့်ခမ်း ခရီးကို ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် အကြာဆုံး ၄၅ မိနစ်လောက်ပဲကြာတယ်၊ အခုတော့ ညအိပ်ရတယ် အဲ့လမ်းခရီးသွားရင် လုံးဝအဆင်မပြေဘူးဖြစ်နေတယ်၊ သက်ဆိုင်ရာကလဲ ပျက်နေတဲ့လမ်းကို ပြုပြင်ပေးတာမရှိဘူး။ ကုန်ပစ္စည်းကလဲ မှောင်ခို တရားမဝင်ဘူး။ ကားကလဲ တန်ပို နဲ့ မတရားတင်တယ်။ ဒါ့ကြောင့် လမ်းတွေက တစ်နေ့တစ်ခြားပိုပိုပျက်စီးလာတာပေါ့” ဟု ၄င်းကပြောသည်။

တရုတ်ကုန်တင်ကားများသည်မြန်မာမှထွက်ရှိသော သကြားနှင့်စပါးများကို   ၂၄ ဘီး တွဲကားကြီး များဖြင့်တင်လာပြီး တရုတ်ကုန်တင်ကား (၁၂)ဘီးကားကြီးဖြင့် ပြန်လည်ကဲ့ယူကာ ရွှေလီမြစ်တစ်လျှောက်ရှိ ကူးတို့ဆိပ်များမှတဆင့် တရုတ်နိုင်ငံ သို့ တင်ပို့နေသည်ကိုတွေ့ ရကြောင်းဒေသခံ စိုင်းလှကျော် ကဆိုသည်။

“ကျနော်တို့ မြန်မာနိုင်ငံပိုင် ၁၂ ဘီးကားတစ်စီးမှာ ကုန်ပစ္စည်းများတစ်ခုခုတင်ဆောင်လာရင် ၁၇ တန် သာ တင်ဆောင်ရပြီး အဲ့ တရုတ်နံပါတ်ပြားတပ် ၁၂ ဘီးကုန်တင်ကားမှာ တန်ချိန်ပေါင်း ၃၀ ကျော်လောက်ခန့် စည်းမဲ့ကမ်းမဲ့တန်ပိုတင်ဆောင်နေတာကြောင့် မူစယ်-နမ့်ခမ်း ကားလမ်းမှာ ဆိုးသထက် ဆိုရွား ပျက်စီးနေရ ပါတယ်” ဟု ၄င်းကပြောသည်။

မူစယ်-နမ့်ခမ်းကားလမ်းမ ကို မိုးရာသီကုန်လွန်ပါက ပြုပြင်ပေးမည် ဖြစ်ကြောင်း၊ လမ်းများဆိုးရွားစွာ ပျက်စီး နေရခြင်းမှာ တရားမဝင် နေ့စဉ် ရာနှင့်ချီဝင်ရောက်ပြေးဆွဲနေသော တရုတ်နိုင်ငံသားများပိုင် တရုတ်နံပါတ်ပြား တပ်ဆင်သော ကုန်တင်ကား များကြောင့်လည်းကောင်း၊ လမ်းမ ဘေးနှစ်ဖက်တွင် ရေလွှဲမြောင်းများ တူးမထားခြင်းကြောင့်လည်းကောင်း သက်ဆိုင်သည်ဟု အမည်မဖော်လိုသော လမ်းလုပ်သားတစ်ဦး ကဆိုသည်။

မူစယ်-နမ့်ခမ်းကားလမ်းမ (ပြည်ထောင်စုလမ်း) သည် အိုရီယမ်တယ်ဟိုက်ဝေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူထားပြီး B.O.T စနစ်ဖြင့်ဆောင်ရွှက်သောလမ်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်-နမ့်လန်ကြား ဆားတော့တံတား ရေတိုက်စားမှုကြောင့် ပြိုကျ ကုန်စည်ပို့ဆောင်ရန်ခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်-နမ့်လန်ကြားရှိ တုံလောကျေးရွာရှိ ဆားတောတံတားသည် ပြင်းထန်စွာ ရေတိုက်စားမှုကြောင့် တံတားပြိုသွားပြီး ကုန်စည်ပို့ဆောင်ရန် ခက်ခဲကြောင်း စုံစမ်းသိရသည်။ အဆိုပါ တံတားသည် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကာ ယမန်နေ့ (အောက်တိုဘာ ၁)ရက်တွင် တံတားပျက်ကျသွားကာ ခရီးသွားကားများနှင့် ကုန်စည်ပို့ဆောင်သည့် ကားများ အခက်ကြုံနေရကြောင်း...

နှစ်ရှည်ထင်းရှူးပင်များ များစွာပါဝင်သော ပန်းချယ်ရီအိမ်ယာ စီမံကိန်းအား တောင်ကြီး မြို့ခံများ ကန့်ကွက်

တောင်ကြီး မြို့ ၏ တောင်ဘက် (၂) မိုင်ခန့်ရှိ နှစ်ရှည်ထင်ရှူးတောတည်ရှိရာ နေရာတွင် ပန်းချယ်ရီအိမ်ယာ စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ တောင်ကြီး မြို့ခံများ မှ ကန့်ကွက်ထားကြောင်း Living Earth Green Network အဖွဲ့မှ ဒေါ်ချယ်ရီကျော် ထံမှသိရသည်...

ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့တွင် ရေကြီး လယ်ယာခြံမြေဧက ၁၀၀ ကျော်ဆုံးရှုံးပျက်စီး

0
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်တုံချောင်းရေလျှံကာ မိုင်းတုံဒေသခံများ၏ လယ်ယာခြံမြေများအတွင်း ရေများလျှံဝင်ပြီးကောက်ပင်များ ရေနှင့်မျောပါကုန်ကြောင်းသိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိ တောင်ကျချောင်းရေများစီးဝင်ရာ မိုင်းတုံမြို့အားဖြတ်သန်းစီးဆင်းသည့် နမ့်တုံချောင်းရေလျှံကာ လယ်မြေဧက ၁၀၀ ကျော်အတွင်းရှိ ကောက်စည်း ကောက်ပုံများ ရေနှင့်မျောပါခြင်း ၊ မရိတ်သိမ်းရသေးသည့်စပါးခင်းများလဲပျက်စီးလဲကျကုန်ကြောင်း...