ရေကြီးခဲ့သည့်ဒေသများ မိုးထပ်ရွာပြီးနောက် ရေပြန်တက်လာ

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားခဲ့သော သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယခုအောက်တိုဘာလဆန်းမှ စတင်ကာ မိုးရွာသွန်းပြီးနောက် ရေပြန်တက်လာနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)တွင် မိုးရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။

“မနေ့ညလည်း မယ်ဆိုင်ချောင်းရေ ပြန်တက်လာလို့ အချို့ရပ်ကွက်မှာလည်း ရေပြန်တက်နေတာ” ဟု တာချီလိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ကလော ရေပြန်တက်

ယနေ့ အောက်တိုဘာလ ၃ ရက် နံနက်ပိုင်းအချိန်တွင် တာချီလိတ်နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေ လျှံပြီး မယ်ဆိုင်မြို့ဘက်သို့ စီးဆင်နေသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်အနီးရှိ တံတားကြီးတွင် စက်တင်ဘာလအတွင်း ရေကြီးမှုကြောင့် ရေနှင့်အတူ မျောပါသွား၍ ယာယီကြိုးတံတားအဖြစ် ပြုလုပ်ထားသည့် ကြိုးတံတားမှာလည်း ယနေ့ နံနက်အချိန်က မယ်ဆိုင်ချောင်းရေအတွင်း ထပ်မံ မျောပါသွားကြောင်း သိရသည်။

အလားတူ ကလောမြို့တွင် အောက်တိုဘာလ ၁ ရက်မှ စတင်ကာ မိုးရွာသွန်းမှုကြောင့် ရေပြန်တက်လာသဖြင့် အနိမ့်ပိုင်းရပ်ကွက်တွင် နေထိုင်သူများက ကြိုတင်ပစ္စည်းရွှေ့ပြောင်းထားရကြောင်း ကလောမြို့ခံ တစ်ဦးကပြောသည်။

“အရင်လက ရေကြီးမှုကြုံခဲ့တဲ့ အချို့အနိမ့်ပိုင်းရပ်ကွက်တွေတော့ စိုးရိမ်နေကြတာပေ့ါ။ တချို့လည်း ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ပြီး ရွှေ့ပြောင်းထားတာလည်းရှိတယ်။ ဒီနှစ်ရေကြီးတာတော့ အရမ်းဆိုးတယ်။ ကျမတို့ တစ်သက်မှတစ်ခါမှ ဒီလိုမကြုံဖူးဘူး။ အရင်လကဖြစ်ပျက်သွားတာ ကြိုတင်မပြင်ဆင်နိုင်ကြလို့ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေလည်း အများရှိတယ်” ဟု ကလောမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အတူ ညောင်ရွှေမြို့နယ် အင်လေးနှင့် တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင်လည်း ရေအနည်းငယ်သာ ကျဆင်းသွားသော်လည်း မိုးထပ်ရွာပါက ရေပြန်တက်နိုင်ကြောင်း ဒေသခံများကပြောသည်။

“အခုလောလောဆယ် အိပ်ခန်းထဲမှာအိပ်လို့မရသေးဘူး။ အိမ်ကြမ်းပြင်နဲ့ ရေကထိနေသေးတယ်။ မိုးထပ်ရွာရင်တော့ ရေပြန်တက်နိုင်တယ်။ ရေထပ်တက်ရင်တော့ ဒုက္ခရောက်မှာပေါ့။ အခုတောင် ရေကအကုန်ကျသေးတာမဟုတ်ဘူး” ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၅ ရက်အထိ သျှမ်းပြည်အပါအဝင် နိုင်ငံအနှံ့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝကသ သတိပေးထားသည်။

လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန့်မြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

အလားတူ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်လည်း ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်သည်ဟုဆိုထားသည်။

စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သည့် ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝှမ်း ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၄၃၃ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦး အထိရှိပြီး အဆောက်အအုံပေါင်း ၅,၆၀၄ လုံး ပျက်စီးသွားကြောင်း စက်တင်ဘာလ ၂၇ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...