ရွာငံ သန်းခေါင်စာရင်းကောက်နေစဉ် စစ်မှုထမ်းရန်ခြိမ်းခြောက်

သျှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ မြောက်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူနေပြီး စစ်မှုထမ်းရန်ခြိမ်းခြောက်မှုများပါ ရှိနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီမှ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ သန်းခါင်စာရင်းကောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ရွာငံမြို့နယ်အပါဝင် တခြားသော ဒေသများတွင်လည်း စစ်ကောင်စီက သန်းခေါင်စာရင်း စတင်ကောက်ခံနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ထိုကဲ့သို့ ရွာငံ မြောက်ဘက်ဒေသ တကြော မှာ စစ်ကောင်စီက သန်းခေါင် စာရင်း စတင်ကောက်ခံရာတွင် စစ်သား ဆယ်ဦးခန့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဦးဆောင်ကောက်ခံနေစဉ် ပြည်တွင်း အခြားမြို့သို့ ပြောင်းရွှေ့အလုပ်လုပ်နေသူနှင့် ပြင်ပသင်တန်းတက်နေသည့် မိသားစုဝင်များကို စစ်မှု့ထမ်းရန်အတွက် ပြန်ခေါ်ထားရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သန်းခေါင်စာရင်း

“ သန်းခေါင်စာရင်းက မနေ့က လာကောက်တယ်။ အိမ်မှာ မိသားစုဘယ်နှယောက်ရှိလဲ ။ဘယ်သွားတာလဲ အကုန်မေးတာ။ ကျမကလေးက ကွန်ပျူတာသင်တန်း သွားတက်နေတာ။အဲဒါကို ပြန်ခေါ်ခိုင်းတာ။စစ်မှု့ထမ်းရမယ် ဘာညာပြောဆိုသွားတယ်။ “ ဟု ၎င်းက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မှတ်ပုံတင် နံပါတ်၊ အမည်၊အသက်၊နေရပ်လိပ်စာနှင့် လူဦးရေ မည်မျှရှိသည်ကို မေးမြန်းကောက်ခံနေပြီး အမှတ်စဉ် (၆) စစ်မှုထမ်းရန်အတွက် သတ်မှတ်ထားသည့် အသက်ရွယ် အပိုင်းခြားအကျုံးဝင်သူများကိုပါ စာရင်းကောက်ခံသွားကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူနေစဉ် စစ်မှု့ထမ်းရန် ခြိမ်းခြောက်ပြောဆိုမှုကြောင့် သန်းခေါင်စာရင်းလာမကောက်သေးသည့် ကျေးရွာအချို့တွင် စိုးရိမ်ကြောက်ရွံ့နေကြရသည်။

“ အဒေါ်တို့ဆီတော့ လာမကောက်သေးဘူး။ ဒါပေမဲ့ လာကောက်မှာကြောက်တယ်။ စစ်သားမြင်ရင်ကို ကြောက်နေတာ သူတို့ က မထင်ရင်မထင်သလို ရိုက်နှက်ခဲ့မှာ ခြိမ်းခြောက်ခံရမှာတွေ ကြောက်တယ်။” ဟု အသက် ၅၀အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်းလာကောက်မည့် စစ်ကောင်စီတပ်သားများကို နွေးထွေးကြိုဆိုရန်နှင့် စားသောက်ဖွယ်ရာများပါ ပြင်ဆင်ထားရန် အုပ်ချုပ်ရေးမှူးက မှာကြားထားကြောင် ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိရွာငံမြို့နယ်ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများကြုံတွေနေရပြီး လူမှုကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာအတွက် အကူညီများစွာလိုအပ်နေသကဲ့သို့ ရေကြီးမှုကြောင့် ပြောင်းရွှေ့နေထိုင်နေရချိန် သန်းခေါင်စာရင်း ကောက်ယူမှုသည် အလွန်ပင် စိုးရိမ်စရာဖြစ်ကြောင်း ရွာငံဒေသခံများက ဆိုပြန်သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...