ပင်လုံတွင် PNO စစ်သားစုဆောင်းလို့ လူငယ်များထွက်ပြေးနေရ 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံ(အရှေ့) ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) မှ စစ်သားစုဆောင်းနေတာကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ရပ်ရွာအလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ပင်လုံမြို့ (အရှေ့)ဖက်တွင် ကျေးရွာ (၈)ရွာရှိပြီး အများစုမှာ ပအိုဝ်းလူမျိုးအများဆုံးနေထိုင်ကြကာ  PNO မှ လစဉ် စစ်မှုထမ်းစာရင်းလာရောက်ကောက်ခံနေတာကြောင့် လူငယ်အများစု နိုင်ငံခြားထွက်ခွာ ရှောင်တိမ်းနေရကြောင်း သိရသည်။

ပင်လုံမြို့

“ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ကျနော် ဖိအားပေးတယ် ။ ရွာကလူကြီးတွေလည်း ဒီပြဿနာကို မဖြေရှင်း နိုင်တာတွေရှိတယ် ။ အဲတာကြောင့် ရွာကလူငယ်တွေက သူများနိုင်ငံကိုသွားရတယ်။ ဘယ်သူကမှမသွားချင်ပဲသွားရတာ။” ဟု ပင်လုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုကဲ့သို့ စစ်မှုထမ်းခေါ်ယူစုဆောင်းနေသည် သုံးကြိမ်ရှိပြီဖြစ်ပြီး ရပ်ရွာထဲတွင် လူငယ်မရှိကြသဖြင့် လူငှားပြီး စစ်မှုထမ်းခိုင်းနေရကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထို့အပြင် သဘာဝဘေးဖြစ်သည့် ရေကြီးမှု မြေပြိုမှုဒဏ်ကို ခံစားနေရပြီး  ရပ်ရွာထဲတွင် အသက်ကြီးရွယ်အိုနှင့် ကလေးများသာ ကျန်ရှိသဖြင့် ပြန်လည်ထူထောင်ရေးတွင် ပို၍ခက်ခဲကာ အလှူရှင်များကိုသာ အားကိုးနေရသည်။

“ ရွာမှာက အသက်ကြီးတဲ့သူပဲကျန်တာ။ PNOကလဲ စစ်မှုထမ်းဖို့ ဖိအားပေးတာကတစ်မျိုး  အခုက ရေကြီးပြီး မြေပြိုထားတော့ သွားရလာရလဲခက်တယ်။ နေအိမ်တွေ ပြုပြင်ဖို့ လမ်းတွေပြုပြင်ဖို့ဆို လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်တွေ မရှိတော့ဘူး။ အလှူရှင်တွေကိုပဲ အားကိုးရတော့မှာပေါ့။” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

ပင်လုံ(အရှေ့) တွင် ကုန်းလမ်း၊နောင်လိုင်၊ ဝမ်အင်၊ ဝမ်လုံ ၊ ကျူယုံး ၊ ကောင်း၊ ဟွေကြိမ်နှင့် ဟွေဆန်း စသဖြင့် ကျေးရွာရှိပြီး အများစုမှာ PNO ထိန်းချုပ်ထားသည့် ရွာများဖြစ်ပြီး  လူငယ်အများစုမှာ နိုင်ငံခြားတွင် တိမ်းရှောင်နေရသည်။

ယခုလက်ရှိ ပင်လုံမြို့နယ်  ကျေးရွာအချို့တွင်  ရေဘေးကြောင့် လူ(၂၀)ကျော်သေဆုံးပြီး နေအိမ်(၈၀)ကျော် ပျက်စီးကာ  အကူညီများစွာလိုအပ်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...