ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရ

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဗုဒ္ဓဘာသာကိုယ်ကွယ်ထားသော ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရသည်ဟု စုံစမ်းသိရသည်။

လအိကျေးရွာတွင် ပြီးခဲ့သည့် (စက်တင်ဘာလ ၅ ရက်)နေ့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက်တွင် ရွာခံအားလုံးနီးပါး စစ်ရှောင်နေရသည်။

ယခင် (စက်တင်ဘာလ တတိယပတ်)လောက်သာ ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရတာကို သိရပြီး (အောက်တိုဘာ ၂ရက်)နေ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ် ပျံ့နှံ့လျက်ရှိကာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်၏ စစ်ဗျူဟာအမှတ်(၁)နှင့် စစ်ဗျူဟာအမှတ်(၈)တို့က ဖြစ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စက်တင်ဘာလ တတိယအပတ်မှာပဲ ဘုရားဆင်းတုတော်ဖျက်ဆီးခံရတာကို ရွာကလူတွေပဲသိတာ။ ယမန့်နေ့ကတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ် ပျံ့နှံ့လာတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကကျူးလွန်သူတွေကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေး ချမှတ်သွားမယ်လို့ အောက်တိုဘာလ ၂ရက်က သတိပေးထုတ်ပြန်ထားတယ် “ဟု ၎င်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဘာသာများ၏ အထွက်အမြတ်ထား ကိုးကွယ်ရာ ဘုရားဆင်းတုတော်များကို ယခုကဲ့သို့ ဆိုးရွားစွာ ဖျက်ဆီးခံရခြင်းသည် ကရင်နီပြည်တွင် နိုင်ငံရေးမှတဆင့် ဘာသာရေး ပဋိပက္ခများဖြစ်ပွားစေရန် ဦးတည်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလို ဘုရားခေါင်းဖြတ်တာလည်း သွေးခွဲအောင်လုပ်နိုင်တဲ့ လက်တန်တခုဖြစ်တယ်။ လအိရွာမှာ ကရင်နီနဲ့ ပအိုဝ့် မျိုးနွယ်တွေ နှစ်ပေါင်းများစွာ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြတဲ့ရွာဖြစ်တယ်။ အခုလိုပြုလုပ်တာ လူမျိုးရေး ပဠိပက္ခများနဲ့ အမုန်းပွားစေအောင်လုပ်တယ်။ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗကသများအဖွဲ့ချုပ်၊ အလယ်ပိုင်းတိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ ဆက်လက်စုံစမ်းနေတယ်” ဟု ၎င်းကပြောသည်။

လအိကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ခံနှင့် ပူးပေါင်းတပ်များသည် ဖြစ်ရပ်ကျူးလွန်သူများကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်သော အပြစ်ပေးမှုများကို ချမှတ်ဆောင်ရွက်သွားမည်ဟု ဒေသခံပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ် အပါအဝင် ကရင်နီဒေသအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း ပျက်စီးသွားကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု က ၂၀၂၁ခုနစ် နိုဝင်ဘာတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် ၎င်၏လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့မှုကြောင့် နေရာပေါင်း ၂၅၄ နေရာက လူနေအိမ်ခြေပေါင်း ၉,၁၈၇ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar က ၂၀၂၂ခုနစ် ဧပြီလတွင် ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...