သီပေါမြို့ နေ့နေ့ညည စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ဖုန်းလိုင်းများဖြတ်တောက်ခံထားရ

သျှမ်းပြည် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ (၁၀) ခုကျော်မှ စစ်ဘေးရှောင် (၁၅၀၀) ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ သီပေါမြို့ပေါ် ရပ်ကွက်များသို့ ညဦးပိုင်းနှင့် လူအိပ်မောကျချိန် သန်းခေါင်ကျော်နှင့် နံနက်အစောပိုင်းတွင် လေကြောင်းဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။

၎င်းနောက်တွင် သီပေါမြို့ပေါ်နှင့် ကျေးရွာ (၁၀) ခုကျော်မှ ပြည်သူများမှာ ကွန်ကျောင်း၊ ဘော်ကြိုနှင့် နောင်ကတ်ရှိ ဘုန်းကြီးကျောင်းများသို့ ထပ်မံတိမ်းရှောင်သွားရပြီး စစ်ဘေးရှောင် (၁၅၀၀) ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

“ပုံဖန်းမှာတော့ စစ်ရှောင်စခန်း ရှိတယ်လို့ ပြောတယ်။ ၁၀ ရွာထက်မနည်း ပြန်ထွက်ပြေးရတယ်၊ ကလေးလူကြီး လူ ၁၅၀၀ ကျော်လောက် ရှိမယ်။ တုံစင့်၊ ဇာတ်စု၊ ကျောင်းပြိန်းမှာ အိမ်စောင့်တောင် မကျန်ဘူး၊ အဲ့ဘက်ပဲ ဗုံးကြဲခံရတာ။ TNLA က လုံခြုံရေးလို့ပြောပြီး တုံဆင့်ဘက် ပစ္စည်းပြန်ယူချင်ရင် တစ်ခါပဲ ပေးပြန်တယ်”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂ ရက်) ညနေ ၆ နာရီခန့်တွင် သီပေါမြို့ တုံစင့်ရပ်အနီး စစ်ကောင်စီလက်ကျန်တပ် ခလရ-(၂၃) တပ်ရင်းဘက်တွင် လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံခဲ့ရသည်။

ထို့ကြောင့် တုံစင့်၊ စံဖိတ်၊ ဇာတ်စု၊ ကျောင်းပြိန်း၊ မိုးတေ၊ ကွန်စံလိတ်၊ မန်မိုင်နှင့် ဆိုင်းခေါင် စသည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ကင်းရာ ကွန်ကျောင်း၊ ဘော်ကြို၊ နောင်ကတ်နှင့် ပုံဖမ်းရွာဘက်သို့ ထပ်မံထွက်ပြေးနေရကြောင်း သီပေါဒေသခံများက ပြောသည်။

“လာပစ်တာတော့ တိုက်ပွဲဖြစ်တဲ့ (၂၃) တပ်ဘက်ပေါ့၊ တုံစင့်ဟိုဘက်ခြမ်းနဲ့ တပ်နားလေးတွေပေါ့။ ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ သီပေါမှာ အခု ဘာဖုန်းလိုင်းမှ မရှိတော့ဘူး။ ညဦးပိုင်းနဲ့ မနက်အစောကြီး လာကြဲတတ်တယ်။ စိတ်ပူရတာတော့ တုံစင့်၊ ကျောင်းပြိန်း အဲ့ဘက်မှာပေါ့၊ သီပေါမှာ အခုက ကိုးကန့်ကော ပလောင်ကော နှစ်ဖွဲ့လုံး ရှိပြီ”ဟု ၎င်းသီပေါဒေသခံ အမျိုးသားက ဆက်ပြောသည်။

သီပေါမြို့တွင် လက်ရှိအချိန်ထိ ဖုန်းလိုင်းဖြတ်တောက် ခံထားရခြင်းကြောင့် ဆက်သွယ်ရေးခက်ခဲပြီး ယမန်နေ့ (အောက်တိုဘာလ ၂ ရက်) လေကြောင်း တိုက်ခိုက်ခံရစဉ်အတွင်း လူထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုတို့ကို အသေးစိတ် မသိနိုင်သေးကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အလားတူ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၅၀၅) (၅၀၆) တပ်ရင်းများမှ လက်နက်ကြီး တစ်ဖက်သက် စမ်းသပ်ပစ်ခတ်နေပြီး လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် စိုးရိမ်ထိတ်လန့်မှု ရှိကြောင်း နမ့်လန်ဒေသခံများက ပြောသည်။

“မနေ့က နမ့်လန်တပ်ထဲကနေ လက်နက်ကြီးပစ်တာ သူတို့ပစ်တဲ့လက်နက် လဲထားတာလားမသိ အရင်ထက် အသံပိုကျယ်တယ်။ မနက် (၁၁) နာရီကျော်လောက် တပ်ထဲက ပစ်တာ။ သေနတ်သံတော့ တချက်တချက် အဲ့လိုကြားတယ်၊ ဝေးတော့ ဘယ်နားလဲ မသိဘူး”ဟု နမ့်လန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်တွင် နမ့်လန်မြို့အနီး နားမခေါ်နှင့် ကောင်းဟက်ကျေးရွာ အကြား စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားများ သေနတ်ပစ်ခံရပြီး ကားပေါ်ပါသည့် ခရီးသည် (၂) ဦး သေဆုံး၍ အမျိုးသမီး (၂) ဦး အပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ (၂၈) မှ (၃၀) ရက်အထိလည်း သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံးကာ (၁၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ (၅၀၃) နှင့် (၅၀၄) တပ်ရင်းနှစ်ခုကို စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သိမ်းပိုက်ထားနိုင်ပြီး နောက်ဆုံးကျန်ရှိသည့် ခြေလျင်တပ်ရင်း ခလရ-(၂၃) ကို ဆက်လက်တိုက်ခိုက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...