Tuesday, January 27, 2026

စစ်ကောင်စီတပ် နောင်ချို မြို့မစျေးကို ဗုံးကြဲ၊ စျေးထဲရှိ TNLA တပ်ကို ဗုံးကြဲခြင်းဖြစ်သည်ဟု သတင်းအ မှားဖြန့်

သျှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့ရှိ မြို့မစျေးကို စစ်ကောင်စီတပ်က ဗုံးကြဲပြီးနောက် စျေးထဲရှိပစ္စည်း များ ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၁ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

Subscriber ၃၀၀၀၀ ကျော်ရှိသည့် နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ် က စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်စီးနေသည့် အဆောက်အဦးဓာတ်ပုံကို အသုံးပြုပြီး “နောင်ချိုမြိုမစျေးထဲခိုးယူလုယက်၊ ဖောက်ဝင်အကြမ်းဖက်တဲ့TNLAအဖွဲကိုဗုံးကြဲသုတ်သင်ရှင်းလင်း/ယနေ့စက်တင်ဘာ(၂၁)ရက်နေ့ နံနက်(၇) နာရီ ကျော် တွင် မြိုမစျေးထဲဖောက်ဝင်ခိုးယူလုယက်တဲ့TNLAအုပ်စုကိုY12 လေယာဥ်ဗုံး(၅)လုံးကြဲချသုတ် သင်ရှင်းလင်း သွားကြောင်းသိရသည်။” ( မူရင်း‌ရေးသားချက်အတိုင်း) ဟု ရေးသားဖော်ပြထားသည်။

နေပြည်တော်တယ်လီ ဂရမ်ချန်နယ်၏ ဖော်ပြချက်ကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၇၇၀၀ ကျော်၊ like and react လုပ်သူ ၂၁၀ ကျော်ရှိလာသည်။

သတင်းအမှားလင့်ခ် https://archive.ph/27mSN

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPAနှင့် Shan News တို့ပူးပေါင်း၍ အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

နေပြည်တော် တယ်လီဂရမ်ချန်နယ်က အသုံးပြုထားသည့် ဓာတ်ပုံကို Google reverse Image search ဖြင့် ရှာဖွေကြည့်ရာ People spring သတင်းမီဒီယာက နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ကြောင့် ပျက်စီးခဲ့ရပုံဟု ဖော်ပြထားသည်။

မူရင်းသတင်းလင့်ခ် https://shorturl.at/4ntZm

သတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် “နောင်ချိုမြို့မစျေးဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေ ကြည့်ရာ DVB, Shan News နှင့် Shwe Phee Myay သတင်းမီဒီယာတို့ ၌ရေးသားဖော် ပြထားကြောင်း တွေ့ရ သည်။

DVB သတင်းမီဒီယာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က လူနေရပ်ကွက်ပေါ်သို့ စစ်ကောင်စီတပ် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်းဖြင့် ဖျက်အားပြင်းဗုံး ငါးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများကို မေးမြန်း၍ ရေးသားထားသည်။

Shan News သတင်းမီဒီယာတွင် စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နောင်ချို မြို့ပေါ် ဈေးရပ် ကွက်ရှိ မြို့မဈေး၊ အထက (၁)၊ ညဈေးတန်းအနီး ပွဲရုံဂိုဒေါင်နှင့် သဖန်းကိုင်းကျေးရွာဘက်သို့ စစ်ကောင်စီ တပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

Shwe Phee Myay သတင်းမီဒီယာတွင် စက်တင်ဘာလ ၂၁ ရက် မနက် ၇ နာရီခန့်တွင် စစ်ကောင်စီက Y-12 လေယာဉ် အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် (၅၀) ဝန်းကျင် ဦးအိုက်ဟတ်ဆို သူကို ထိမှန်ခဲ့ကြောင်း ‌ရေးသားထားသည်။

သတင်းမီဒီယာလင့်ခ်များ

DVB https://shorturl.at/fnlQo

Shan News https://shorturl.at/ht1PX

Shwe Phee Myay News Agency https://shorturl.at/IiYkE

သုံးသပ်ချက်

နောင်ချိုမြို့မစျေးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့မှု မှန်ကန်သော်လည်း ထိခိုက်ဒဏ်ရာရရှိသူများသည် ပြည်သူများဖြစ်သည်။

နောင်ချိုမြို့ကို TNLA တပ်များက သိမ်းပိုက်ထားပြီးနောက် စစ်ရှောင်ပြည်သူများနေရပ်ပြန်နေထိုင်ကြပြီး TNLA တပ်များက ညဘက်၌သာ ကင်းလှည့်ကြသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ‌နောင်ချိုစျေးထဲရှိ ပစ္စည်းများကို ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ ဝင်များကိုဗုံးကြဲရှင်းလင်း ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ နေရာများပေါ်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနေထိုင်သဖြင့် ဗုံးကြဲရခြင်းဖြစ်သည်ဟု လိမ်လည်ဝါဒဖြန့်ချိမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။

လေကြောင်း တိုက်ခိုက်ပြီးနောက် လိမ်လည်ဝါဒဖြန့်နေသော စစ်ကောင်စီထောက်ခံသူများအကြောင်း MPA က သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့ဖူးသည်။

ဆောင်းပါးဖတ်ရှုရန်လင့်ခ် – https://shorturl.at/c4NxM

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

0
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ် - https://archive.is/wip/A3wln အချက်အလက်စိစစ်ချက် AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

0
ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

စစ်တပ်ဆန့်ကျင်သူများကို AI ဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကမ်ပိန်းအတွက် လှုံ့ဆော်ပေးနေဟု သတင်းအမှားဖြန့်

0
အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများကို AI နည်းပညာဖြင့် ပြုပြင်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံသော လှုပ်ရှားမှုကမ်ပိန်းတွင် ပါဝင်လှုံ့ဆော်ပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုဖြင့် ဖြန့်ဝေနေသည်။ အဆိုပါရုပ်သံဖိုင်ကို စစ်ကော်မရှင်၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တစ်ခုဖြစ်သော “တိုက်မောင်း” ဆိုသည့် ချန်နယ်လ်တစ်ခုမှ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူပေါင်း ၂၆,၀၀၀ ကျော်ရှိခဲ့သည်။ အလားတူ...

ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဉီး ဒလန်ဟု စွပ်စွဲခံရပြီး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြိုင်ကျေးရွာတွင် အမျိုးသားတစ်ဉီးကို ဒလန်ဟုဆိုကာ အမည်မသိ လက်နက်ကိုင်မှ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်းသတင်းရရှိသည်။