Tuesday, January 27, 2026

ကလောမြို့ ရေပြန်တက်၍ ပြည်သူများ စိုးရိမ်

သျှမ်းတောင်၊ ကလောမြို့ရှိ ကလောချောင်း ယနေ့ (အောက်တိုဘာလ ၁ ရက်) ညနေ ၅ နာရီခန့်က ရေပြန်တက်လာသဖြင့် ရေကြီးမှုများ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့သည့် ကလောမြို့ ရေကြီးမှုကြောင့် ဖုန်းနှင့် အင်တာနက် လိုင်းများ ရက်အတန်ကြာ ပြတ်တောက်ခဲ့ပြီး ဆိုးရွားသည့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအချိန်အထိ အပျက်အစီးများ ရှင်းလင်းနေရချိန် ချောင်းရေပြန်တက်လာသဖြင့် စိုးရိမ်ကြောင်း မြို့ခံများက ဆိုသည်။

“ခုက ရေပြန်တက်လာတာ၊ ရပ်ကွက် ၄ ထဲရေလျှံလာပြီ။ ရေတက်တာက မြန်တယ်။ အရင်လို ထပ်ဖြစ်ရင် မလွယ်ဘူး” ဟု ရပ်ကွက် (၄) ချောင်းဘေးနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ကလောရေပြန်တက်

ယနေ့ ညနေ ချောင်းရေတက်လာရာ လူမှုကူညီရေး လူငယ်တချို့ ရပ်ကွက် (၄) နေအိမ်များရှိ ပစ္စည်းများ လိုက်လံရွှေ့ပြောင်းပေးကြောင်း၊ ကလောမြို့ အထက်ဘက်တွင် မိုးရွာသွန်း သဖြင့် ရေတက်လာခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ရွံ့နွံများ ရှင်းလင်းနေရဆဲ ဖြစ်သဖြင့် ရေထပ်ကြီမည်ကို စိုးရိမ်ကြောင်း ချောင်းဘေးနေ အမျိုးသား တဦးကပြောသည်။

‘တောင်လားရွာဘက် မိုးကောင်းလို့ ချောင်းရေတက်လာတာ။ ညဘက်ထပ်ဖြစ်မှာ စိုးတာ’ ဟု ၎င်းကပြောသည်။

မိုးလေဝသဌာန၏ ယနေ့ထုတ်ပြန်ချက်၌ သျှမ်းပြည်နယ် တောင်ပိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၂၈၀ တွင် တည်ရှိသော ကလောမြို့ ရေဘေးကြောင့် ရာနှင့်ချီသည့် နေအိမ်များ လုံးဝ ပျက်စီးမျှောပါသွားပြီး ပြည်သူ ၂၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း၊ ရေဘေးကြောင့် ကလောမြို့ပေါ်တွင် သေဆုံးသူ ၁၃ ဦးရှိခဲ့ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်မြေ အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်မြေဟောင်း နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း...
ကလော ရေကြီးမှု

ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်

0
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ...

ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှ သတင်းရရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောသည်။ “ပြေးဆွဲမယ့်ရက် အတိအကျတော့ မသိရသေးဘူး၊ ရထားစက်ခေါင်းကို ပြန်ပြင်ပြီးရင်ဆွဲမယ်လို့တော့ကြားတယ်၊...

ကလောမြို့နယ် မြေပြိုပြီး ရွှံ့နွံလွှမ်းခဲ့ ရွာများ ပြန်လည်မထူထောင် နိုင်သေး

0
သျှမ်းပြည် ကလောမြို့နယ်တွင် မြေပြိုမှုဒဏ်ကြောင့် ရွှံ့နွံလွှမ်းခဲ့သော ရွာများ ပြန်လည် မထူထောင် နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလ ဒုတိယပတ်တွင် မိုးသည်ထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ကလောမြို့နယ် လွန်းထိုး ကျေးရွာ၊‌ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ရွာ(၁) ၊ ရွာ (၂)တို့သည်...

ကလော တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရန် စစ်ဝန်ကြီးချုပ် ဖိအားပေး

0
သျှမ်းတောင်၊ ကလောမြို့၌ တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရမည်ဟု သျှမ်းပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်က ဖိအားပေး သဖြင့် ပွဲကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း မြို့မိမြို့ဖ တစ်ဉီး ယမန်နေ့ (အောက်တိုဘာ ၂၈)ရက်တွင်ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်က စတင်ခဲ့သည့် ရေကြီးမှုကြောင့် ကလောမြို့လယ်...