တာချီလိတ်မြို့ မယ်ဆိုင်ချောင်း ရေထပ်ကြီးနိုင်၍ ကြိုတင်ပြင်ဆင်ရန် လိုအပ်

သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ၅ ရက်ဆက် မိုးသည်းထန်နိုင်သဖြင့် မယ်ဆိုင်ချောင်းရေ တက်လာနိုင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသ ပညာရှင်ဉီးဝင်းနိုင်က ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်) ညပိုင်းတွင် သတိပေးသည်။

လာမည့် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ တာချီလိတ်မြို့နှင့်အနီးတဝိုက်၊ မယ်ဆိုင်ချောင်းတလျှောက် မိုးများနိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက်မခန့်၊ ၂ ရက်မှ ၃ ရက်ခန့်အထိ ဆက်တိုက် ရွာသွန်းနိုင်သဖြင့် အဆိုပါ ရက်များအတွင်း မယ်ဆိုင်ချောင်းရေတက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။

ယမန်နေ့ ညပိုင်းက တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းနှင့် ပုံလို့ချောင်းရေ ပြန်တက်လာကြောင်း တာချီလိတ် မြို့ခံများက ဆိုသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရေကြီးခဲ့ရာ စက်တင်ဘာလ ၁၃ ရက်နေ့က စပြီး ရေပြန်လည် ကျသွားသော်လည်း ရွှံ့နွံများကို ယနေ့အထိ ရှင်းလင်းနေရဆဲ ဖြစ်သည်။

တာချီလိတ်ရေပြန်ကျ

လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့ အတွင်း နိုင်ငံတဝှမ်း မိုးရွာပြီး နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်၍ ရေကြီးမှုနှင့် မြေပြိုမှုများ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသဌာနက ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်) ညပိုင်းတွင် ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှု၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ကြိုတင်သတိပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ ဒုတိယပတ်က စတင် ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော်၊ ပဲခူး၊ ကရင်နီ၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း အပါအဝင် ၅၉ မြို့နယ်ရှိ ခန့်မှန်းခြေ ပြည်သူ ၆၃၁,၀၀၀ ဦးခန့် ရေဘေးသင့်ခဲ့ပြီး ရာနှင့်ချီ၍ သေဆုံးကာ အများအပြား ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ မိုးရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) မနက်ပိုင်း တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ် (၁) တံတားအနီးရှိ ပုန်းထွန်ရပ်ကွက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ "တာချီလိတ်ကတော့ မိုးခဏရွာတာနဲ့တင် ရေလျှံတာပဲ။...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

တာချီလိတ်မြို့ပေါ် ခိုးဝင်လာသည့် နိုင်ငံခြားသား ကျားဖြန့် ၄၀၀ နီးပါး ဖမ်းဆီးရမိ

0
“ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး ကျားဖြန့် အွန်လိုင်းလုပ်ငန်း လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသား ၄၀၀ နီးပါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန့်နေ့ (မတ်လ ၃ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၂)၊ မယ်ခေါင်(၂)လမ်းတွင် ဖွင့်လှစ်ထားသည့် “...

တာချီလိတ်မြို့နယ် စက်သုံးဆီ တစ်လီတာ ဘတ် ၂၀၀ ထိရှိလာ၊ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီ တစ်လီတာလျှင် ဘတ် (၂၀၀) ထိရှိလာပြီး အလုအယက်ဝယ်ယူနေကြကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့ရောင်းချမှုကို ယနေ့(မတ် ၂)ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သတင်းထွက်လာပြီးနောက် သျှမ်းပြည် အရှေ့ပိုင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီများကို အလုအယက် ဝယ်ယူနေကြပြီး၊ အကန့်အသတ်ဖြင့် ရောင်းချနေကြောင်း...