Tuesday, January 27, 2026

စံကားဒေသ အလှူရှင်မရောက် ရေဘေးသင့် ကျေးရွာများ တစ်ရက် ထမင်းတစ်နပ်သာ စားနေရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့် ရေဘေးသင့်ကျေးရွာများ တစ်ရက်လျှင် ထမင်း တနပ်သာ စားသုံးနေရကြောင်း စုံစမ်းသိရသည်။

လက်ရှိ စံကားဒေသရှိ ကျောက်တန်း၊ သာယာကုန်း(တောင်နှင့်မြောက်)၊ ညောင်ပင်သာ၊ မြို့ဟောင်း၊ လုံးကန်းကျေးရွာများ ထံသို့ ရေဘေးအတွက် အလှူရှင်များ မရောက်ရှိလာကြောင်း၊ ထို့ကြောင့် ရေဘေးဒုက္ခသည်များသည် ရိက္ခာများ ကုန်သွားမည် ကို စိုးရိမ်စိတ်ကြောင့် တစ်ရက်လျှင် ထမင်း တစ်နပ်သာ စားသုံးနေရကြောင်း ဒေသခံအမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စံကားဒေသမှာရှိတဲ့ ကျေးရွာတွေကို အလှူရှင်တစ်ယောက်မှ မရောက်ဘူး။ တစ်ထပ်အိမ်ဆိုရင် အားလုံးမြှုပ်သွားတယ်။ အစာဆိုရင် တစ်ရက်ကို တစ်နပ်ပဲစားနေရတယ်။ အခု ဘုန်းကြီးကျောင်းနဲ့ နှစ်ထပ်အိမ်ရဲ့အပေါ်ထပ်တွေ မှာပဲခိုလှုံ နေရတယ်” ဟု ရေဘေးကြုံတွေ့နေရသည့်အမျိုးသားတစ်ဉီးက ပြောသည်။

အင်းလေး ဒေသ နေအိမ်ရေမြှုပ်

စံကားဒေသအတွင်းရေကြီးရေလျှံမှုကြောင့် နေအိမ်မြှုပ်သွားသည့်သူများအတွက် ရေဘေးစခန်းမဖွင့်လှစ်နိုင်သည့်အပြင် ထိုသူများစားသုံးရန်အတွက်လည်း အလှူရှင်များရောက်ရှိခြင်းမရှိသေးပေ။

ထို့အပြင်ရေဘေးဒုက္ခသည်များအတွက် သောက်သုံးရေနှင့် ထမင်း၊ဟင်းချက်ရန်အတွက် ရေပြဿနာကိုလည်း စတင်ရင်ဆိုင်နေရသည်။

ထိုရေမြှုပ်နေသည့် ကျေးရွာများသည် စားသောက်နေထိုင်ရန်အတွက် ယခင်က ပရဟိတများ စုဆောင်းထားသည့် ရန်ပုံငွေကို ကိုယ်ထူကိုယ်ထ ဆန်၊ဆီ၊ဆားများဝယ်ပြီး ရေဘေးအရေးပေါ်ကြုံရသူများကို ထောက်ပံ့နေရသည်။

မိုးများ ဆက်တိုက်ထပ်မံရွာသွန်းလာလျှင် အဆိုပါ ဒေသများအတွက် ပိုပြီး ခက်ခဲနိုင်ကြောင်း၊ အခြေခံ စားသောက် ကုန်ပစ္စည်း၊ ဆေးဝါးများလည်း အရေးပေါ်လိုအပ်နေကြောင်း ပရဟိတ ကူညီနေသူများထံ သိရသည်။

“ အခု ကျနော်တို့ ပရဟိတက ရန်ပုံငွေရှိသလောက် ကူညီပေးနေတယ်။ ဆန်၊ဆီ၊ဆား လိုအပ်တဲ့ စားစရာနည်းနည်းပါးပါး လောက်ပဲ ကျနော်တို့ ကူညီနိုင်တာ။ အလှူရှင်တွေတော့ ဆက်သွယ်ထားတယ် မရောက်လာသေးဘူး “ ၎င်းကပြောသည်။

အင်းလေး ဒေသ နေအိမ်ရေမြှုပ်

အလားတူ ညောင်ရွှေမြို့ပေါ်တွင်လည်း မြို့တဝက်ခန့် ရေနှစ်မြုပ်ခဲ့ပြီး ခရမ်းချဉ်သီးပွဲရုံများတွင် ခရမ်းချဉ်သီး ပိဿာထောင်နှင့်ချီ ဆုံးရှုံးခဲ့ရသည်။

အင်းလေးကန်တွင်းသို့ စီးဝင်နေသည့် ရေလမ်းကြောင်းများစွာရှိပြီး အင်းလေးကန်မှ ရေပြန်ထွက်ရန် ဘီလူးချောင်း မိုးဗြဲရေကာတာ တစ်ခုသာရှိသောကြောင့် မိုးဗြဲရေကာတာဖွင့်ချလိုက်လျှင် ကရင်နီဒေသတွင် ရေကြီးမှုအန္တရာယ််လည်း စိုးရိမ်နေရကြောင်းလည်းသိရသည်။

အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး ထိုအထဲမှ ကျေးရွာ ၁၇၁ ရွာ ရေနစ်မြှုပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းသင့် ပြည်သူ ၅သိန်းခန့် ကို အရေးပေါ်စားနပ်ရိက္ခာများကို ထောက်ပံ့ ကူညီရန် အတွက် ဆန်၊ အားဖြည့်ဘီစကစ်၊ အာဟာရအထောက်အပံ့ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာကို တိုက်ရိုက် ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း (စက်တင်ဘာလ ၁၈ ရက်)တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNOခေါင်းဆောင် ခရိုနီ နေဝင်းထွန်း ကိုယ်တိုင် စံကားဒေသ ဆင်းပြီး ရှေ့တန်းထွက်ရန် တပ်သားခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို ရှေ့တန်းတွင် စစ်တိုက်ထွက်ရန် အတင်းဖိအားပေးခေါ်ယူ နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစပြီး PNOခေါင်းဆောင် ခရိုနီနေဝင်းထွန်းကိုယ်တိုင် စံကားဒေသ ထီရီးကျေးရွာ၊ နမ့်ဗွန်ကျေးရွာ၊ ရေပူကျေးရွာ နှင့် ညောင်လေးပင်း ကျေးရွာသို့ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံချိန်တွင်...

ညောင်ရွှေမြို့နယ် စံကားအင်းဒေသ စက်လှေဖြတ်သန်းခွင့်ကို PNO ပြည်သူ့စစ် ပိတ်ပင်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားအင်းဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) များက စံကားအင်း အနောက်ကမ်းရှိ သာယာကုန်းကျေးရွာနှင့် အနီးအနားကျေးရွာများကို စက်လှေဖြတ်သန်းခွင့် မပေးတော့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ သာယာကုန်းရွာဘက်မှ စံကားဘက်သို့ ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ ယနေ့အထိ ပအိုဝ်းပြည်သူ့စစ် (PNO) မှ စက်လှေ...

စံကားဒေသတွင် PNO မှ ပအိုဝ်းကျေးရွာများကို စစ်သားကောက်ပြီး ကျန်ကျေးရွာများတွင် လစဉ်ဆက်ကြေးကောက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ပအိုဝ်းလူမျိုးများ နေထိုင်သည့် ကျေးရွာများကို စစ်သားစုဆောင်းမှု ပြုလုပ်နေပြီး အခြားလူမျိုးများထံ လစဉ် ဆက်ကြေး (အခွန်) ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းဘာသာစကား နားလည်သူများကို စစ်သားစုဆောင်ရာတွင် ပိုမိုဉီးစားပေး ကောက်ယူနေပြီး၊ အခြားလူမျိုးများထံ...

စံကားဒေသတွင် PNO မှ ဆက်ကြေး ထပ်မံကောက်ခံနေ

0
သျှမ်းပြည် ‌ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ဒေသခံများထံ ဆက်ကြေးအခွန်များ ထပ်မံကောက်ခံ နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ မတ်လမှ စတင်ပြီး စံကားဒေသရှိ ပြည်သူများထံ ကားရှိသော အိမ်များကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)က ဆက်ကြေး အခွန်များ ထပ်မံကောက်ခံနေကြောင်း အသက်...

PNO မှ စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် ပြည်သူများထံ အခွန်ကောက်ခံမှုများလာ

0
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် အခွန်ကောက်ခံမှုသည် ယခင်ကထက် ပိုများလာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၊စံကားဒေသတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကားရှိ...