ညောင်ရွှေမြို့နယ် စံကားအင်းဒေသ စက်လှေဖြတ်သန်းခွင့်ကို PNO ပြည်သူ့စစ် ပိတ်ပင်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားအင်းဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) များက စံကားအင်း အနောက်ကမ်းရှိ သာယာကုန်းကျေးရွာနှင့် အနီးအနားကျေးရွာများကို စက်လှေဖြတ်သန်းခွင့် မပေးတော့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သာယာကုန်းရွာဘက်မှ စံကားဘက်သို့ ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ ယနေ့အထိ ပအိုဝ်းပြည်သူ့စစ် (PNO) မှ စက်လှေ ဖြတ်သန်းခွင့် ပိတ်ထားပြီး ငါးဖမ်းခွင့်လည်း ပိတ်ပင်လိုက်သည့်အတွက် ဒေသခံများ ဝမ်းရေးအခက်အခဲ ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။

ပအိုဝ်းပြည်သူ့စစ် (PNO) မှ စက်လှေဖြတ်သန်းခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် အရေးပေါ်လူနာများအားလည်း တောင်ကြီးဆေးရုံသို့ အချိန်မီ ပို့ဆောင်ရန် အခက်အခဲ ကြုံတွေ့နေကြရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ ပြောသည်။

“သူတို့က ဇွန် ၁ ရက်ကနေ ၁၅ ရက်နေ့အထိပဲ ပိတ်မယ်လို့ပြောတာ၊ ဒါပေမယ့် အခုထိ ပိတ်ထားတုန်းပဲ။ ငါးရှာမယ်ဆိုလည်း သူတို့က ပေးမရှာဘူး။ အရေးပေါ်လူနာဆိုရင် တအားခက်တာ” ဟု ပြောသည်။

စက်လှေများ သွားလာခွင့်အား PNO ပိတ်ထားသောကြောင့် စံကားအင်းအနောက်ဘက်ခြမ်းနေ ဒေသခံများသည် နန်းပန်နှင့် နောင်တရားဘက်သို့သာ အဓိက အားထား သွားလာနေကြရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စံကား အနောက်ဘက်ကမ်းတွင် တပ်လာစွဲထားသည့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားသည့်အပြင် ၄င်းတို့အတွက် ထမင်းထုပ်လည်း တစ်နေ့ တစ်နပ် ရွာသားများမှ ချက်ပြုတ်ပို့ဆောင်ပေးနေရသည်ဟု ဆိုသည်။


“အဲ့ဒီ PNO ပြည်သူ့စစ်အဖွဲ့ကို ထမင်းပို့နေရတာ ၄ လလောက်ရှိပြီ၊ မနက် ၁၀ နာရီဆို ပို့ရပြီ။ ညနေဘက်တော့ သူ့တို့ ကိုယ့်ဟာကိုယ် ချက်စားကြတာထင်တယ်” ဟု စံကားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။


ယခုလက်ရှိ စံကားဒေသဘက်တွင် ရေမြင့်တက်လာမှုကြောင့် ဒေသခံများစိုက်ပျိုးထားသည့် စပါးခင်းများ၊ ခရမ်းချဉ်ခင်းများနှင့် ပြောင်းခင်းများ ရေနစ်ပျက်စီး ဆုံးရှုံးသွားသောကြောင့် ဝမ်းရေးဖြေရှင်းရန်ပင် နေ့စဉ်နှင့်အမျှ ခက်ခဲလာနေသည်ဟုလည်း အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

“သာယာကုန်းရွာဘက်တော့ လယ်တွေ ရေမြုပ်ကုန်တာ ဧက ဆယ်ချီ ရှိတယ်။ ကျမ ပြောင်းခင်းဆို ၁၀ ဧက ကျော် မြုပ်သွားတာ၊ ဒီတိုင်းပဲ ထားလိုက်ရတယ်။ စစ်ပွဲအမြန်ပြီးချင်ပြီ၊ ဒါမှ လုပ်စားကိုင်စားလို့ လွယ်မှာလေ” ဟု ၎င်းအမျိုးသမီးက ပြောဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခေါ် PNO ပြည်သူ့စစ်အဖွဲ့ကို သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့အား စစ်ကောင်စီက ထိန်းချုပ်ခွင့်ပြုထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ တောင်ကြီးခရိုင်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများနှင့်လည်း တိုက်ပွဲ ဖြစ်ပွားနေသည့် ပြည်သူ့စစ်အဖွဲ့လည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...