CATEGORY

သတင်း

ရုပ်သံဖိုင်ဟောင်းသုံးပြီး TNLA မှခေါင်းဆောင်ပိုင်းတစ်ဦးသေဆုံးသယောင် ဝါဒဖြန့်

ရုပ်သံဖိုင်အဟောင်းကိုအသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးသွားသကဲ့သို့ ရေးသား၍ Tik Tok ရုပ်သံဖိုင်တစ်ခုကို ဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် U Kyaw Soe Oo ချန်နယ်လ်မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...

ကျောက်ဂူဒေသတွင် စစ်ကောင်စီ ဓာတုအဆိပ်ငွေဗုံးကြောင့် DPLA တပ်သားများ အဆိပ်သင့်

သျှမ်းပြည်မြောက်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ ဗုံးအသုံးပြုတိုက်ခိုက်တာကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်သားများ အဆိပ်သင့်ခဲ့သည်ဟု DPLF ထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် DPLAတို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် အနီးနားရှိကျေးရွာများwGif စစ်ဘေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျက်စီးမှုများလည်း ရှိကြောင်း DPLF ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောသည်။ ထို့အပြင်...

 PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ကျေးရွာသူကြီး တစ် ဦး သတင်းအစအနမရသေး

သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီး တစ် ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ကဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွှတ်လာပေးခြင်းမရှိဘဲ သတင်းအစအနမရသေးကြောင်း စုံစမ်းသိရသည်။  ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ  PNO သည် တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ကို ၎င်း၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းပအိုဝ်းပြည်သူ့...

တောင်ကြီးနှင့် မြို့နယ်အများအပြားလျှပ်စစ်မီးပြတ်တောက်မှု အလွန်ဆိုးဝါးနေ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နှင့် မြို့နယ်အများအပြားတွင် လျှပ်စစ်မီးပြတ်တောက်မှု လွန်စွာဆိုးရွားလာနေပြီး ပြည်သူအများအပြား ဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်းစုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ပြီး ယခု ဒီဇင်ဘာလ ပထမပတ်ထိ တောင်ကြီးမြို့နှင့် အနီးတဝိုက်မြို့များတွင် လျှပ်စစ်မီးပြတ်တောက်မှု ယခင်ကထက် ပိုဆိုးဝါးလာသည်။ အချို့ရပ်ကွက်များတွင် တရက်လျှင် ၂ နာရီခန့်သာ လျှပ်စစ်မီးရရှိသောကြောင့် လျှပ်စစ်သုံးပြီး အလုပ်လုပ်ရသည့် လုပ်ငန်းများ...

နမ့်စန်မြို့မဈေးထဲ ဓားပြတိုက်ရန် ကြံရွယ်သူ လိုက်လံဖမ်းဆီးရာတွင် သေနတ်ပစ်ဖောက်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့မဈေးထဲတွင် ဓားပြတုက်ရန် ကြံရွယ်သူ ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာ၌ သေနတ်ပစ်ဖောက်မှုဖြစ်ပွားပြီး ပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၇ ရက်)နေ့ နံနက်ပိုင်းအချိန်တွင် မြို့မဈေးထဲတွင် ဓားပြတိုက်ဖို့ ကြံရွယ်သူ (၃) ဦးကို ဈေးထဲရှိ ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ထို့နောက်...

ကွတ်ခိုင်မြို့ မြေငလျင် (၇)ကြိမ် လှုပ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် အခြားမြို့နယ်အများစု မြေငလျင် (၇)ကြိမ် လှုပ်ခတ်မှုကြောင့် ပြည်သူများထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။  ယနေ့( ဒီဇင်ဘာလ ၉) ရက် နံနက် (၃)နာရီခန့်တွင် ကွတ်ခိုင်မြို့၊ သိန္နီမြို့၊ လားရှိုးမြို့ အရှေ့မြောက်ဘက်တွင် ငလျင် (၇)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထိုကဲ့သို့ ငလျင်လှုပ်ခတ်မှုသည် အင်အားမပြင်းထန်သော်လည်း သျှမ်းမြောက်ဒေသခံများအတွက် ထိတ်လန့်စေခဲ့ပြီး...

လူသားဒိုင်း ဖမ်းဆီးထိန်းသိမ်းခံရသော ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွင်း ကား၊ဆိုင်ကယ်များ ပျောက်ဆုံးနေ

သျှမ်းပြည် ဖယ်ခုံမြို့နယ် ကျေးရွာဒေသခံများကို စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ရွာအတွင်း၌ ပစ္စည်းအပြင် ကား၊ဆိုင်းကယ်များပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် ပူချယ်‌ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ (၂၄၀) ကျော်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ်...

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအတွက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလပိုင်းတွင် ပြုလုပ်လေ့သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာ တက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲများအတွက် စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြား ဖြည့်တင်းလာပြီး မြို့အတွင်းနှင့် မြို့ပတ်လည်တွင်...

ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စက်သုံးဆီ၊ စားသောက်နှင့် ဆေးဝါး သယ်ဆောင်ခွင့်မပြုဘဲသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ စစ်ကောင်စီဂိတ်တွင် စစ်သားများမှ စက်သုံးဆီ၊ ဆန်၊ ဆေး စသည့် ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်မပေးဘဲ သိမ်းယူမှုများရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ ပြီးခဲ့သည့် နှစ်လအတွင်း ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ စစ်ဆေးရေးဂိတ်နှင့် သျှမ်း-ကရင်နီနယ်စပ် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီမှ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင်...

တောင်ကြီး တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ လမ်းဉီးစီးဌာနက ဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ -ဟမ်းဆီး -နောင်ယာဆိုင်းလမ်းအား ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစေနိုင်ရန်အတွက် လမ်းနယ်နိမိတ်အတွင်း ရေမြောင်းနှင့် လမ်းပုခုံးပေါ်ရှိ ဈေးဆိုင်များအားလုံးကို ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက လမ်းမကြီးဥပဒေနှင့်အညီ အရေးယူမည်ဟု လမ်းဦးစီးဌနမှ ဒီဇင်ဘာလ (၄)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ “...

Latest news