ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စက်သုံးဆီ၊ စားသောက်နှင့် ဆေးဝါး သယ်ဆောင်ခွင့်မပြုဘဲသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ စစ်ကောင်စီဂိတ်တွင် စစ်သားများမှ စက်သုံးဆီ၊ ဆန်၊ ဆေး စသည့် ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်မပေးဘဲ သိမ်းယူမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် နှစ်လအတွင်း ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ စစ်ဆေးရေးဂိတ်နှင့် သျှမ်း-ကရင်နီနယ်စပ် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီမှ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံးစက်သုံးဆီပုံးများကိုပါ သယ်ဆောင်းခြင်းခွင့်မပြုဘဲ တွေ့ရှိပါက ပစ္စည်းများကို သိမ်းယူထားကြောင်း သျှမ်း-ကရင်နီနယ်စပ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ကရင်နီဘက်ကိုလာတဲ့ ကုန်သည်တွေရဲ့ကားတွေကို ဂိတ်ဖြတ်သန်းခလိုမျိုး တစ်စီးဘယ်လောက်ဆိုပြီး သိန်းဆယ်နဲ့ချီအထိတောင်းတာရှိပါတယ်၊ ဆန်တွေ ဆီတွေကတော့ အရင်တည်းကသိမ်းနေတာကြာပြီ ဘတ်ထရီတွေ ဆိုလာတွေဆို ဒီဘက် (ကရင်နီပြည်) ကိုလုံးဝသယ်ခွင့်မပေးဘူး၊ တွေ့တာနဲ့ ဆွဲချပါတယ်” ဟု ထိုအမျိုးသမီးကပြောသည်။

ထိုကဲ့သို့ တင်းကြပ်စစ်ဆေးနေသောဂိတ်များတွင် စစ်ကောင်စီတပ်သားများအပြင် ပအိုဝ်းပြည်သူ့စစ် (PNO) များလည်းပါဝင်ပြီး ကုန်သည်ယာဉ်များထံမှာ ၎င်းတို့စိတ်ကြိုက်ပစ္စည်းများအား သိမ်းဆည်းရယူထားကြောင်း သိရသည်။

“ခုဆို ဆိုင်ကယ်တောင် လူလောက်ပဲ တော်တော်ကံကောင်းမှ ဖြတ်လို့ရတာပါ၊ ဘာပစ္စည်းမှ မပါရပါဘူး၊ ခုဆို လူတောင်မသွားရဲကြတော့တာ များပါတယ်” ဟု ၎င်းအမျိုးသမီးကဆက်ပြောသည်။

လက်ရှိတွင် ထိုသို့ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO မှ ကုန်ပစ္စည်းများသယ်ယူခွင့်မပေးသောကြောင့် သျှမ်း-ကရင်နီနယ်စပ်တွင်နေထိုင်ကြသည့် ပြည်သူများမှာ ဆန်၊ စားနှပ်ရိက္ခာရရှိရန်မလွယ်ကူသည့်အတွက် အခက်အခဲများစွာတွေ့လာရပြီး ရာသီဥတုအေးလာသောကြောင့် ဖျားနာမှုများလည်း ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...