Tuesday, January 27, 2026

ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စက်သုံးဆီ၊ စားသောက်နှင့် ဆေးဝါး သယ်ဆောင်ခွင့်မပြုဘဲသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ စစ်ကောင်စီဂိတ်တွင် စစ်သားများမှ စက်သုံးဆီ၊ ဆန်၊ ဆေး စသည့် ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်မပေးဘဲ သိမ်းယူမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် နှစ်လအတွင်း ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ စစ်ဆေးရေးဂိတ်နှင့် သျှမ်း-ကရင်နီနယ်စပ် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီမှ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံးစက်သုံးဆီပုံးများကိုပါ သယ်ဆောင်းခြင်းခွင့်မပြုဘဲ တွေ့ရှိပါက ပစ္စည်းများကို သိမ်းယူထားကြောင်း သျှမ်း-ကရင်နီနယ်စပ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ကရင်နီဘက်ကိုလာတဲ့ ကုန်သည်တွေရဲ့ကားတွေကို ဂိတ်ဖြတ်သန်းခလိုမျိုး တစ်စီးဘယ်လောက်ဆိုပြီး သိန်းဆယ်နဲ့ချီအထိတောင်းတာရှိပါတယ်၊ ဆန်တွေ ဆီတွေကတော့ အရင်တည်းကသိမ်းနေတာကြာပြီ ဘတ်ထရီတွေ ဆိုလာတွေဆို ဒီဘက် (ကရင်နီပြည်) ကိုလုံးဝသယ်ခွင့်မပေးဘူး၊ တွေ့တာနဲ့ ဆွဲချပါတယ်” ဟု ထိုအမျိုးသမီးကပြောသည်။

ထိုကဲ့သို့ တင်းကြပ်စစ်ဆေးနေသောဂိတ်များတွင် စစ်ကောင်စီတပ်သားများအပြင် ပအိုဝ်းပြည်သူ့စစ် (PNO) များလည်းပါဝင်ပြီး ကုန်သည်ယာဉ်များထံမှာ ၎င်းတို့စိတ်ကြိုက်ပစ္စည်းများအား သိမ်းဆည်းရယူထားကြောင်း သိရသည်။

“ခုဆို ဆိုင်ကယ်တောင် လူလောက်ပဲ တော်တော်ကံကောင်းမှ ဖြတ်လို့ရတာပါ၊ ဘာပစ္စည်းမှ မပါရပါဘူး၊ ခုဆို လူတောင်မသွားရဲကြတော့တာ များပါတယ်” ဟု ၎င်းအမျိုးသမီးကဆက်ပြောသည်။

လက်ရှိတွင် ထိုသို့ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO မှ ကုန်ပစ္စည်းများသယ်ယူခွင့်မပေးသောကြောင့် သျှမ်း-ကရင်နီနယ်စပ်တွင်နေထိုင်ကြသည့် ပြည်သူများမှာ ဆန်၊ စားနှပ်ရိက္ခာရရှိရန်မလွယ်ကူသည့်အတွက် အခက်အခဲများစွာတွေ့လာရပြီး ရာသီဥတုအေးလာသောကြောင့် ဖျားနာမှုများလည်း ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...