ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအတွက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလပိုင်းတွင် ပြုလုပ်လေ့သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာ တက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲများအတွက် စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြား ဖြည့်တင်းလာပြီး မြို့အတွင်းနှင့် မြို့ပတ်လည်တွင် စစ်ဆေးမှုတင်းကြပ်နေကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်သင်တန်းဆင်းပွဲသည် နှစ်စဉ်နှစ်တိုင်း ပြုလုပ်သည့် ပွဲဖြစ်ပြီး ယခုနှစ်သည် စစ်အင်အား အများအပြား တွေ့ရှိရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“နှစ်တိုင်းတော့ ဒီဇင်ဘာလ ရောက်ရင် စစ်သင်တန်းဆင်းပွဲ ရှိတယ်။ ဒါမဲ့ ဒီနှစ်က စစ်တပ်ဘက်က အင်အားတွေ တော်တော်ဖြည့်လာတာ တွေ့ရတယ်။ နေရာတိုင်း သူတို့ပဲ နေရာအပြည့် ယူထားတာ၊ လမ်းမကြီးတွေ ရပ်ကွက်တွေ ဂိတ်တွေမှာ အင်အားများတာ တွေ့ရတယ်။ ဆိုင်ကယ်နဲ့ ကားဆို တားပြီး စစ်တာ ပိုတင်းကြပ်လာတာ”ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

DSA

လက်ရှိ ပြင်ဉီးလွင်မြို့အတွင်း စစ်ဆေးမှု တင်းကြပ်သဖြင့် ပြည်သူများ သွားလာမှု အဆင်မပြေကြောင်း၊ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတွင် စစ်ခေါင်းဆောင် တက်ရောက်မည် ဖြစ်သဖြင့် လုံခြုံရေးကို အဆင့်ဆင့် တင်းကြပ်ရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ထို့ပြင် စစ်မှုထမ်းများ အတင်းအဓမ္မ ထပ်မံကောက်ယူမည်ကိုလည်း စိုးရိမ်နေကြကြောင်း ပြောဆိုသည်။

“ဘယ်နေရာပဲ သွားသွား စစ်တပ်အဖွဲ့တွေပဲ တွေ့ရတော့ ကြောက်တာပေါ့။ မသိရင် တိုက်ပွဲဖြစ်တော့မယ့် အတိုင်းပဲ၊ ဖြစ်မှာလည်း ကြောက်ရသေးတယ်။ စစ်ခေါင်းဆောင် အတွက် လုံခြုံရေးယူတာလည်း ဖြစ်နိုင်တယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင်လည်း ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်ကြီး (၁၈) ဒိုးကွင်းရွာမှ စစ်ကောင်စီတပ်ခန့် အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်အတွင်း တစ်လလျှင် လူငယ် (၂) ဦးကို တပ်သားသစ်အဖြစ် စစ်မှုထမ်းသင်တန်းသို့ မဖြစ်မနေ ပို့ဆောင်ရမည်ဟု ပြောဆိုကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...