Tuesday, February 10, 2026

CATEGORY

သတင်း

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ လောက်ကိုင်မြို့ကို စစ်ကောင်စီ လေကြောင်းက ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်

ကိုးကန့် မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာလ ၂၇ ရက်) ည ၁၂ နာရီကျော်တွင် လေကြောင်းမှ ဗုံး ၂ ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီကို တုန်လှုပ်စေခဲ့သည့် ညီနောင်မဟာမိတ်များ၏ “၁၀၂၇ စစ်ဆင်ရေး”...

မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့အနီး စစ်ကောင်စီ ဂျက်ဖိုက်တာ ဗုံးကြဲ၊ တရုတ်ဘက် လေကြောင်းသတိပေးဟုဆို

သျှမ်းပြည် နမ့်ခမ်းမြို့အနီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲခဲ့ပြီး တရုတ်ဘက်မှ လေကြောင်းသတိပေး ပျံသန်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက် ၇ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပျံဝဲနေခဲ့ပြီး...

“အရင်လို မဟုတ်တော့ဘူး”

“အမလေး…လပြည့်နေ့ ဖယောင်းတိုင် မီးတောင် မထွန်းရဲပါဘူးအေ….တစ်နှစ်ပြည့် တစ်ခုခု လုပ် မလားဆိုပြီး သတိအပြည့် နဲ့ ရင် တမမ ရင်တထိပ်ထိပ်နဲ့ နေနေ ရတာ..”လို့ ဒေါ်နန်း(အမည်လွှဲ)က သက်ပြင်းချရင်း ပြောပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ဟာ သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆေးရေး”...

ကလောမြို့၌ ယမ်းပေါက်ကွဲ၍ သံဃာ ၂ ပါးနှင့် လူ ၃ ဦး ဆေးရုံရောက်သွား

သျှမ်းတောင်၊ ကလောမြို့၊ ရပ်ကွက် (၃) ရှိ ရွာသစ် ဘုန်းကြီးကျောင်းတွင် ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲခန့်က ယမ်းပေါက်ကွဲမှု ဖြစ်ပွားရာ သဃာတော် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိသဖြင့်...

အချုပ်အခြာအာဏာ ကာကွယ်ချိန်ရောက်ပြီဖြစ်၍ ပြည်သူများ စစ်တပ်ကို ကူညီရန် မင်းအောင်လှိုင် ပြောဆို

လက်ရှိ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေများအရ အချုပ်အခြာအာဏာ ကာကွယ်ရန် အချိန်ကျရောက်ပြီ ဖြစ်၍ ပြည်သူများ စစ်တပ်ကို ကူညီရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆို လိုက်သည်။ ယမန်နေ့၊ အောက်တိုဘာ ၂၅ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

ကုန်ဈေးနှုန်းကြောင့် ညောင်ရွှေမြို့နယ်အတွင်း ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများရပ်နားထားရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသအတွင်း ရေကြီးပြီးနောက် ကုန်စိမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တပိုင်တနိုင်ရောင်းချလျက်ရှိသော ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများ ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီ နောက်ဆက်တွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းရှိမြို့နယ် အများအပြားရေဘေးသင့်ခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာထိခိုက်ခဲ့သည်။ ထို့နောက် ကုန်စိမ်းသီးနှံဈေးနှုန်းများ အဆမတန်မြင့်တက်လာကာ ၎င်းတို့ကို အားထားနေရသော ဒေသရိုးရာ တနိုင်တပိုင်စားသောက်ဆိုင်လုပ်ငန်းများမှာလည်း...

တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်ပစ္စည်းများကို စစ်ကောင်စီဝင်ရောက်ဖောက်စစ်နေ

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်နှင့်ကျိုင်းတုံရှိ ဂိုဒေါင်အချို့ကို စစ်ကောင်စီက တစ်ချို့နေရာတွင် ဝင်ရောက်ဖောက်စစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့ရှိ ဂိုဒေါင်များ၊ စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို စစ်ကောင်စီက ရှောင်တခင်း ဝင်ရောက်စစ်ဆေးနေကြောင်း ဆိုင်ပိုင်ရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဒုတိယအပတ်ကစပြီး ရဲကားနဲ့စစ်တပ်ကားတွေ မြို့ထဲပတ်ပြီး ဆိုင်တွေထဲဝင်တယ်...

ပင်လောင်း နှင့် ညောင်ရွှေ ကျေးရွာအချို့ PNO ကရွာပြင်ထွက်ခွင့်ပိတ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ် တွင်ရှိသည့် သစ်ပင်ကောက် ရွာနှင့် နန်းတောင်းရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ဒေသခံများကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်တွင် စစ်ကောင်စီ နှင့် PNOက အနီးနားရှိကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်လျက်ရှိသောကြောင့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတို့ကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီး...

လားရှိုးမြို့ စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက လေကြောင့်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၅ ရက်) နေ့လည် ၁ နာရီကျော်တွင် လားရှိုးမြို့ပေါ် အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။ “ဗုံးတွေက ဆက်တိုက်ကြဲနေတုန်း။ကျနော်တို့လည်းသွားမကြည့်ရသေးတော့ ဘယ်နားလေးလည်းဆိုတာ...

Latest news