Tuesday, January 27, 2026

SSPP/SSA လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေ

ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေများ တွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ စက်သုံးဆီ တင်သွင်းမှုများကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မိုင်းနောင်၊ မိုင်းရှူး၊ကျေးသီး၊ မိုင်းကိုင်၊မိုင်းရယ် စသည့် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ သျှမ်းပြည် တောင်ပိုင်းနှင့် အ‌ရှေ့ပိုင်းတွင် စက်သုံးဆီ တင်ဆောင်သည့် ကားများသည် နယ်မြေ ဖြတ်ကျော်ရန် အတွက် စစ်ကောင်စီ၏ နယ်မြေဗျူဟာမှူး ထောက်ခံစာ အထောက်အထားများ စစ်ဆေးပြီးနောက် ထိုမြို့နယ်များတွင် စက်သုံးဆီများ စတင်ပြတ်လပ် နေကြောင်း သိရသည်။

“တောင်ကြီးမြို့ အထွက်မှာ ဆီဘောက်ဆာကားတွေ တန်းစီနေတာပဲ။ အဲ့ မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင် မိုင်းရယ် ကိုသွားမဲ့ကားတွေ။တောင်ကြီးကနေ လဲချားထိတော့ ဆီဆိုင်တွေက ဖွင့်တယ်။ လဲချားဟို့ဘက်ဆက် သွားရင်တော့ သိပ်မသေချာတော့ဘူး။လိုင်စင်ပြရတာဆိုတော့ မြို့တွေပါတယ်လေ မြို့တွေကြည့်ပြီး သူတို့က ပေးမဖြတ်တာ။အခုထိ ကားတွေရပ်ထားတုန်း။ဆီဘောက်ဆာကားတွေက”ဟု တောင်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းရှူးမြို့နယ်တွင် စက်သုံးဆီများပြတ်လတ်နေပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အခက်အခဲများကြုံတွေ့နေရသည့်အပြင် လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း မိုင်းရှူးမြို့‌ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့ထဲမှာက ဆီဆိုင်ကြီးတွေကတော့ ပိတ်ထားတာကြာပြီ ဆီကားတွေမဝင်တာလည်း ၁ ပတ်လောက်ရှိပြီ။တချို့ ဆိုင်သေးလေးတွေပဲ ဖွင့်တာ ဖွင့်လည်း အချိန်ပိုင်းလောက်ပဲ။စက်သုံးဆီတွေပြတ်တာကတော့ မိုင်းနောင်ထိပဲ။ ယာတွေဘာမှ လုပ်လို့မရတော့ဘူး ဒီနှစ်တော့။ပြောင်းဖူးတွေကမရောင်းရသေးဘူး။ဆီဈေးတွေကတက် ယာတွေလုပ်ဖို့ လယ်ထွန်စက်ငှားရင် ၁ နာရီ ၁ သိန်းကျော်လောက်ပေးရတော့ အကုန်ရပ်ထားရတာလေ။”ဟု မိုင်းရှူးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စက်သုံးဆီများပြတ်လတ်မှုကြောင့် အခြားသော မြို့နယ်ဒေသခံများ၏ စီးပွားရေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအချို့ကို ရပ်ဆိုင်းထားရပြီး သွားလားခြင်းတွင်လည်း ခက်ခဲမှုများကြုံတွေ့နေကြကြောင်း ဒေသခံများက ပြောသည်။

ထိုပြင် စက်သုံးဆီဆိုင်ကြီးများတွင် လိုင်စင်များပြန်လည် လျှောက်နေရပြီး လက်ရှိတွင် ဒိုင်ကြီးများထံ စက်သုံးဆီများကိုဝယ်ယူပါက ၎င်းတို့က ခွဲတန်းဖြင့်သာရောင်းချပေးသည့်အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်အချို့ ဆီဆိုင်များကို ပိတ်ထားရကြောင်း ဆီဆိုင်ပိုင်ရှင်နှင့် နီးစပ်သူအမျိုးသမီးတစ်ဦးကဆိုသည်။

တောင်ကြီးမြို့ရှိ ၄ မိုင် စစ်ဆေးရေးဂိတ်နှင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စစ်ဆေးရေးဂိတ်၊ တာကော်တံတားရှိ စစ်ဆေးရေးဂိတ်တို့တွင် စက်သုံးဆီကားများ နယ်မြေဖြတ်ကျော်ရန် စစ်ကောင်စီတပ်၏ ခွင့်ပြုချက် အထောက်အထားများ ရှိရမည် ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည် တောင်ပိုင်း၊ အရှေ့ပိုင်းရှိ မြို့ကြီးများတွင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များမှ မြောက်ပိုင်းသို့ တင်သွင်းနေသည့် ကုန်စည်စီးဆင်းမှုများကို ကန့်သတ်တားမြစ် ပိတ်ပင်လိုက်သဖြင့် ပြည်သူများ ပိုဒုက္ခရောက်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...