ကျောက်ဂူ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံး DPLF ပြော

သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ တိုက်ပွဲ(၁၀) ရက်တာအတွင်း စစ်ကောင်စီတပ်သား (၅၀ )ကျော်သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိသည်ဟု DPLF မှ ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀ ရက်) မှ ဒီဇင်ဘာလ ၉ ရက် အထိ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ တပ်သား (၅၀ ) ကျော် သေဆုံးကာ လက်နက် အများပြား သိမ်းဆည်းရမိသည် ဟုDPLF က ဒီဇင်ဘာ ၉ရက်တွင် ထုတ်ပြန်ထားသည်။

“တနေ့ကတော့ စစ်ကောင်စီဖက်က အလောင်း( ၃၀ )ကျော်တွေ့တယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အတွင်း (၁၀ ) ရက်မှာတော့ (၅၀ ) ကျော်တယ်။ အလောင်းတွေတော့စုပုံနေတယ်၊ တချို့ကလည်း ပြန့်ကျဲနေတယ်။ ကျနော်တို့ဘက်က အနည်းငယ်တော့ ထိခိုက်မှု ရှိတယ်” ဟု DPLF ၏သတင်းနှင့် ပြန်ကြားရေး မှ တာဝန်ရှိသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲ ဖြစ်ပွားရာ ကျေးရွာအနီးမှ စစ်ဘေးရှောင်များသည် တစ်ထောင်ဝန်းကျင်ရှိပြီး နီးစပ်ရာ တောတောင်နှင့် ဆွေမျိုးရှိသည့် ကျေးရွာဖက်သို့ စစ်ရှောင်နေကြရသည်ဟု ကျောက်ဂူဒေသခံတစ်ဦးက ပြောသည်။

“ လောဆယ်တော့ တောတောင်နဲ့ သူတို့ဆွေမျိုးရှိတဲ့ဘက် ရှောင်နေကြတယ်။ စစ်ရှောင်တွေက ပြန့်ကျဲနေတော့ အတိအကျသိရဖို့ခက်တယ်။ တစ်ထောင်ဝန်းကျင်တော့ ရှိမှာ။ လောဆယ် စစ်ရှောင်လာကြတော့ စားသောက်စရာတွေတော့လိုတယ်။အရင်ကတော့ ခဏခဏဖြစ်နေကြဆိုပေမယ့် ကြောက်တယ်။ ရွာကိုပြန်လို့မရမှာတွေ စိတ်ပူတယ်။” ဟု အဆိုပါ ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသနှင့် အနီးနားရှိ ပြည်သူများကို စစ်ကောင်စီတပ်နှင့် ဝေးရာ ပြောင်းရွှေ့ နေထိုင်ကြရန် အသိပေးထားပြီး လုံခြုံဘေးကင်းသည့် နေရာ များတွင် စစ်ဘေးရှောင်ကြရန် DPLFက အသိပေးပြောထားသည်။

“ ခက်ခဲတဲ့ ကာလဖြစ်ပေမဲ့ အားတင်းထားကြဖို့နဲ့ ဆက်လက်ပူးပေါင်း တော်လှန်သွားကြဖို့ ပြောလိုပါတယ်။ ဘေးကင်းတဲ့ နေရာ စစ်ရှောင်ကြဖို့လဲ ပြောလိုပါတယ်။” ဟု DPLF ၏သတင်းနှင့် ပြန်ကြားရေးက ထပ်လောင်းပြောသည်။

နောင်ချိုမြို့နယ် တောင်ခမ်း သို့ ရပ်စောက်မှ တစ်ဆင့် စစ်ကူသွားသည့် စစ်ကောင်စီတပ်များနှင့် DPLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်ဟု ထုတ်ပြန် ချက်တွင် ထည့်သွင်းထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင်​ရေးသားသည်၊

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...