ပန်ဆိုင်းမြို့ MNDAA တပ်သားတစ်ဉီး က ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်ဟု သတင်းထုတ်

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်းမြို့တွင်း တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားသည် အသက် (၂)နှစ်အရွယ်ရှိ ကလေးငယ်ကို မုဒိမ်းကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ရှိ လောင်းကစားဝင်းတစ်ခုထဲ နေထိုင်သည့် MNDAA တပ်ရင်း (၅၁၀) မှ အသက် (၄၀) ကျော် အရွယ်ရှိ ကိုးကန့်တပ်သား သည် ၎င်းခြံဝင်းအနီး နေထိုင်သော မိသားစုမှ (၂) နှစ်ခွဲအရွယ် ကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း ပန်ဆိုင်းမြို့ ဒေသခံများက ပြောသည်။

“ကလေးမှာ ကျန်ခဲ့တဲ့ သုတ်ပိုးနဲ့ ဆံပင်ကို တရုတ်ဘက် CID ကို ပို့ပြီး စစ်ခိုင်းထားတယ်။ ဆေးစစ်လို့ ပေါ်ရင်တော့ သေဒဏ် ဖြစ်မှာ၊ ကလေးပဲ ရှိသေးတာလေ။ အခု အမှုဖြစ်နေတာ ကိုးကန့်တပ် အရာရှိလို့ပြောတယ်။ အမှုက ပန်ဆိုင်းမှာတင် ပြတ်လား မပြတ်လား မပြောတတ်သေးဘူး”ဟု ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်သားကို MNDAA မှ ဖမ်းဆီးစစ်ဆေးနေပြီး တရုတ်နိုင်ငံမှ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေပြီး ၎င်းရလဒ် သိရှိမှသာ ဆုံးဖြတ်နိုင်မည်ဟု ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး MNDAA ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပန်ဆိုင်း(ကြူကုတ်)မြို့တွင် မိဘမဲ့ဂေဟာ ဖွင့်လှစ်ထားပြီး အင်္ဂလိပ်စာ သင်ကြားပေးနေသည့် ကျောင်းဆရာတစ်ဦးသည် အသက် မပြည့်သေးသည့် ကလေးငယ် (၂၀) ကျော်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ကျူးလွန်ခဲ့ရာ MNDAA မှ မုံးကိုးမြို့ဘက်သို့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး လောက်ကိုင်မြို့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ရှိ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် BP-(၁၂၅) အနီးတွင် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ လူသတ်မှုနှင့် မုဒိမ်းမှုတို့ဖြင့် သံသယရှိသူ မိန်းကလေး နှစ်ဦး အပါအဝင် စုစုပေါင်း (၂၁) ဦးတို့ကို လူအများ ရှေ့မှောက်တွင် သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့သည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ကျောက်ဂူ #DPLA #ဓာတုအဆိပ်ငွေ့ #စစ်ကောင်စီ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...