လားရှိုး-နမ္မတူကြား အီနိုင်းတံတား ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့်မရသေး

သျှမ်းပြည် လားရှိုးနှင့် နမ္မတူမြို့အကြားရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဖြတ်သန်းခ ‌ဈေးအဆမတန် ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းမှ စတင်၍ လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပေးပြီးနောက် နမ္မတူမြို့နှင့် မန်စံကျေးရွာအုပ်စုများဘက်မှ ယာဉ်ငယ်နှင့် ခရီးသည်များ တံတားဖြတ်ကူးနိုင်သော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဈေးအဆမတန် ပေးဆောင်နေရကြောင်း ခရီးသွားများက ပြောသည်။

“နမ္မတူနဲ့ မန်စံဘက်ကတော့ လားရှိုး လာလို့ရတယ်။ အသွားအလာကတော့ အရင်လို မဟုတ်တော့ဘူးပေါ့၊ လူကြဲပြီး ကားနည်းတယ်။ ယာဉ်ငယ်ကတော့ တံတားဖြတ်လို့ရတယ်။ ကုန်ကားဆိုရင် ဖောင်ဆိပ်က ဖြတ်ရတော့ ကားခ ၁ သိန်းခွဲကနေ ၂ သိန်းအထိ ပေးရတယ်။ တံတားကိုတော့ ကွန်ကရစ်လောင်းပြီး ပြန်ဆက်ထားတာ”ဟု လားရှိုး-မူဆယ် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာလကုန်ပိုင်းမှ စတင်ကာ ပြန်လည်ပြင်ဆင်ပေးခဲ့ပြီး ၎င်းကာလအတွင်း ဖောင်ဆိပ်တွင် ယာဉ်တစ်စီးလျှင် ကျပ်ငွေ တစ်သိန်းခွဲမှ နှစ်သိန်းအထိ၊ ဆိုင်ကယ်တစ်စီးလျှင် ၃ ထောင်ကျပ်နှင့် ခရီးသည်တစ်ဦးလျှင် တစ်ထောင်ကျပ် အသီးသီး ပေးဆောင်ရကြောင်း ခရီးသွားများထံမှ သိရသည်။

အီနိုင်း

“လကုန်တုန်းကတည်းက ကိုးကန့်တပ်နေမှာ ပြန်လာလုပ်ပေးတာ။ အသွားအလာကြဲတော့ လမ်းဟောင်းလို ပြန်ဖြစ်နေတယ်။ အခုက အီနိုင်းတံတား ပြင်တယ်ဆိုပေမယ့် နမ္မတူမရောက်ခင် နားကွမ်းတံတားလည်း ကျန်သေးတယ်၊ အဲ့တာလည်း ကျိုးထားတာ မပြင်ရသေးဘူး။ လားရှိုးမြို့ရှောင်လမ်းကတော့ ပေးမဖြတ်သေးဘူး”ဟု ၎င်းကားသမားက ဆက်ပြောသည်။

ယခု ပြန်လည်ပြင်ဆင်ထားသည့် အီနိုင်းတံတားသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နှင့် (၇) မိုင်ခန့်သာ ကွာဝေးပြီး ယမန်နှစ်ကုန်ပိုင်းတွင် လားရှိုးမြို့သို့ ညီနောင်မဟာမိတ်တပ်များကို တားဆီးနိုင်ရန် စစ်ကောင်စီတပ်က ဗုံးဖောက်ခွဲဖျက်ဆီးခဲ့ရာ ထက်ပိုင်းကျိုးကျသွားခဲ့ပြီး သွားလာ၍ မရတော့ကြောင်း သိရသည်။

အလားတူ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားသည့် သီပေါမြို့နှင့် နမ္မတူအကြားရှိ မိုးတေတံတားကိုလည်း လတ်တလော ပြန်လည်ပြင်ဆင်ထားပြီး မကြာမီ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ (၁) – ယမန်နှစ်ကုန်ပိုင်းတွင် ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် အီနိုင်းတံတား
ပုံစာ (၂၊ ၃၊ ၄) – အီနိုင်းတံတား ပြုပြင်နေစဉ် ယာဉ်နှင့် ခရီးသည်များ ဖောင်ဖြင့် ချောင်းကူးနေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...