အီနိုင်းတံတား
လားရှိုး-နမ္မတူကြား အီနိုင်းတံတား ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့်မရသေး
သျှမ်းပြည် လားရှိုးနှင့် နမ္မတူမြို့အကြားရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဖြတ်သန်းခ ဈေးအဆမတန် ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းမှ စတင်၍ လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပေးပြီးနောက်...





