ဗန်းမော်မြို့ တိုက်ပွဲပြင်းထန် ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်၊ ပိတ်မိနေသူများလည်းရှိ

ကချင်ပြည် ဗန်းမော်မြို့အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင် နေကြရကာ မြို့အတွင်း၌ ပိတ်မိသူများလည်းရှိနေကြောင်း စုံစမ်းသိရသည်။

ကချင်ပြည် ဗန်းမော်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မှစတင်၍ စစ်ကောင်စီတပ် နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ မှ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်း စစ်ရေးနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“စစ်ကောင်စီက အဲ့နေ့ (ဒီဇင်ဘာ၄)ရက်မှစပြီး ဒီကနေ့ထိ နေ့တိုင်းရက်ဆက် လေကြောင်းနဲ့ကို ဗုံးကြဲတိုက်ခိုက်ပါတယ်။ မနေ့ညက ပြင်းအား ဗုံးနဲ့ နှစ်ကြိမ် ကြဲတဲ့ဗျ။ အသံနဲ့တုန်ခါမှု့က နယ်စပ် လွယ်ဂျယ် မိုက်ဂျာယန်ဘက်ထိ ခံစားကြရတယ်။”ဟု စစ်ရေးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

တိုက်ပွဲကြား ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ဗန်းမော်မြို့ စစ်ဘေးရှောင်များ Photo by Hkun Li

စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ ဗန်းမော်မြို့အတွင်း တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့မှစပြီး ဒေသခံများ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မြို့အတွင်းပိတ်မိနေသည့် သူများလည်း ကျန်ရှိနေကြောင်း စစ်ရေးနှင့်နီးစပ်သူတစ်ဦးက ဆက်ဆိုသည်။

“မြို့ထဲမှာတော့ ပိတ်နေတာတွေ ကျန်နေသေးတယ်။ သက်ကြီးပိုင်းတွေက ပိုများပါတယ်။အချို့က ပိတ်မိနေတာမျိုးတွေ ကြောက်လို့ ပိတ်မိနေတာ ငွေကြေးခက်ခဲတွေ‌ကြောင့် ပိတ်မိနေတာ အမျိုးမျိုး ကြောင့်ပေါ့။ရဲဘော်တွေကတော့ ပြည်သူတွေ့ရင် လုံခြုံစွာနေဖို့ လေယာဥ်သံကြားရင် ခိုင်ခန့်တဲ့ အကာ အကွယ်မှာနေဖို့ ပြောပြပေးပါတယ်”ဟု ၎င်းက ပြောသည်။

ထိုဗန်းမော်မြို့ ဒေသခံအများစုသည် ‌ရွှေကူ၊မန္တလေးမြို့ နှင့် နီးစပ်ရာဆွေမျိုးများဆီသို့ ထွက်ပြေးတိမ်းရှောင် နေကြပြီး၊ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသော သူများလည်းရှိနေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့်တိုက်ပွဲအတွင်း KIAက စစ်ကောင်စီ၏ စခန်း ခုနစ် ခုထက်မနည်းကို သိမ်းယူထားခဲ့ပြီး၊ ကွန်ပျူတာ တက္ကသိုလ်အနီးရှိ တပ်စခန်း၊ ထွေအုပ်ရုံး၊ရဲစခန်း ကာကင်းစခန်းတစ်ချို့ တို့ကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြား ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ဗန်းမော်မြို့ စစ်ဘေးရှောင်များ Photo by Hkun Li

ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်တို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေချိန်
တစ်ဖက် တွင်လည်း တရုတ်အစိုးရက KIO တို့နှင့် တွေ့ဆုံရန် ဖိတ်ခေါ်ခြင်းကြောင့် ဒီဇင်ဘာ ၈ ရက် နေ့တွင် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္ကဌ ဗိုလ်ချူပ်ကြီးအင်ဘန်လ ဦးဆောင် သောအဖွဲ့ သည် တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ် – မြန်မာနယ်စပ်တကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIA က ထိန်းချူပ် ထားပြီး လက်ရှိတွင် ဗန်းမော်မြို့နှင့် မံစီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲ ပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်မှ တွေ့ဆုံရန် ဖိတ်ခေါ်လိုက်ရကြောင်းသိရသည်။

ဗန်းမော်တွင် စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ဌာနချုပ်အပါအဝင် စစ်ဖက်ရေးရာလုံခြုံရေးတပ်စု၊ ခလရ ၄၇၊ ခလရ၂၃၆၊ ခလရ ၂၃၇၊ ထပခ ၉၃၃ ထောက်ပံ့ပို့ဆောင် ရေးတပ်၊အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်၊ အမတ (၃၁၄) အမြောက်တပ်၊ အမှတ် (၃၆၆)အမြောက်တပ်၊ အမှတ် (၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမှတ် (၉၁၄)စစ်အင်ဂျင်နီယာတပ်၊ အမှတ် (၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ တပ်မ (၈၈)လက်အောက်ခံ တပ်ရင်း သုံးခုတို့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...