‘ဝ’ဒေသ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်၊ တာလော့ဂိတ် ကုန်ပစ္စည်းတင်သွင်းခွင့် တရုတ်စတင်ကန့်သတ်
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီးနှင့် ဆော့လော်ဂိတ်တို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းတင်သွင်းခွင့် စတင်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၄) ရက်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်တလျှောက် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များရှိ ပန်ဆန်းဂိတ်ကြီးနှင့် ဆောဖားဂိတ်တို့တွင်စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး စသည့်...
ရွာငံမြို့နယ် ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းကျ (၇) ဦးသေဆုံး၊ (၁၇) ဦးထိခိုက် စိုးရိမ်ရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီး ချောက်အတွင်းသို့ တိမ်းမှောက်ကျသွား၍ (၇) ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နေ့လယ် ၂ နာရီဝန်းကျင် ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်း၌ ဘုရားဖူးယာဉ်တစ်စီးသည်...
ကလော တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရန် စစ်ဝန်ကြီးချုပ် ဖိအားပေး
SHAN -
သျှမ်းတောင်၊ ကလောမြို့၌ တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရမည်ဟု သျှမ်းပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်က ဖိအားပေး သဖြင့် ပွဲကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း မြို့မိမြို့ဖ တစ်ဉီး ယမန်နေ့ (အောက်တိုဘာ ၂၈)ရက်တွင်ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်က စတင်ခဲ့သည့် ရေကြီးမှုကြောင့် ကလောမြို့လယ်...
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ပြီး စားနပ်ရိက္ခာနှင့် စက်သုံးဆီ သယ်ယူခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA...
နောင်ချို စစ်ကောင်စီတပ်မှ လက်နက်ကြီး နေ့စဉ်ပစ်ခတ်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။ နောင်ချိုမြို့နယ် ဂန့်ကော်နှင့် တောင်းခမ်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် TNLA...
တရုတ်ဖိအားကြောင့် သျှမ်းမြောက် စစ်တန့်နေပြီလော
SHAN -
တည်ငြိမ်လှသည့် “ဝ” ဒေသ တနေရာတွင် စက်ဆုံးဆီ တန်းစီရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ တရုတ်ဘက်မှ ပိတ်ဆို့မှုကြောင့် နယ်စပ်ဒေသ မြို့ရွာများတွင် စက်သုံးဆီ စတင်ပြတ်တောက်လာပြီး စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်း ရှားပါးမှုများ စတင် ကြုံတွေ့နေရပြီ ဖြစ်သည်။ ထို့အတူ သျှမ်းမြောက် အပါအဝင် တိုင်းရင်းသား တော်လှန်တပ်များ...
အေးသာယာတွင် စက်ရုံများမှ ထုတ်လွှတ်သော ရေဆိုး၊ အနံ့ဆိုးများကြောင့် အနီးအနားရှိနေအိမ်များ ဒုက္ခတွေ့နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် စက်ရုံလုပ်ငန်းများမှ ထုတ်လွှတ်နေသော ရေဆိုး အနံ့ဆိုးများကြောင့် အနီးအနားတွင်နေထိုင်သည့် ပြည်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။ အေးသာယာမြို့သည် စက်ရုံများလည်ပတ်ရန်အတွက် စက်မှုဇုန်သီးသန့် အကောင်အထည်ဖော်ထားသော်လည်း လက်ရှိတွင် လူနေအိမ်များတည်ရှိရာ ရပ်ကွက်များအတွင်းလည်ပတ်နေသော စက်ရုံများမှ အနံ့ဆိုးများ၊ ရေဆိုးရေညစ်များအား စနစ်တကျစွန့်ပစ်ခြင်း မရှိသည့်အတွက် အနီးအနားတွင်နေထိုင်သော မြို့ခံများမှာ...
ဖယ်ခုံ စစ်ရှောင်နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် လူမရှိတော့သည့် ပြည်သူနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရသည်။ ဖယ်ခုံမြို့သည် သျှမ်း- ကရင်နီပြည် နယ်စပ်တွင်တည်ရှိပြီး ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၁ ရက်မှစပြီး တော်လှန်ရေးအင်အားစုအဖွဲ့ PDF တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့ တိုက်ပွဲစတင်ခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖယ်ခုံမြို့ခံများသည်...
သိန္နီမြို့ စစ်ကောင်စီ အပြင်းအထန် ဗုံးကြဲမှု ထပ်မံပြုလုပ်
SHAN -
စစ်ကောင်စီသည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၇ ရက် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ ည ၉နာရီခွဲဝန်းကျင်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊...
စစ်ကောင်စီကို အရှက်ရစေတဲ့ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်
ကျယ်လောင်လှတဲ့ လေယာဉ်အင်ဂျင်စက်သံဟာ စိတ်ဆိုးဒေသထွက်နေသည့်အလား သျှမ်းပြည်မြောက်ပိုင်းက မြို့ကြီးတွေပေါ်ကို ညသန်းခေါင် လူအိပ်မောကျချိန် ဖြတ်ကျော်ပျံသန်းပြီး မီးလောင်ပေါက်ကွဲစေတဲ့ ဗုံးတွေကို အဆက်မပြတ် ကြဲချတိုက်ခိုက်နေပါတယ်။ စစ်ဘီလူး လုပ်ထုံးအတိုင်း တိုင်းသူပြည်သားတွေကို ညှာတာထောက်ထားမှုမရှိတဲ့ စစ်ကောင်စီတပ်ဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်တွေထံ ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေကို ညစဉ်နီးပါး...





