တာချီလိတ်မြို့ ငွေလဲလှယ်လုပ်သည့် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။

ယနေ့ ( ဒီဇင်ဘာလ ၁၃ ရက် ) မနက် ၆ နာရီဝန်းကျင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့တွင် ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွား‌ကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲ့ ကမ္ဘာဇဘဏ်ရှေ့က ဆိုင်တွေများတယ်။ဒါမဲ့ မနက် ၆ နာရီလောက်ဆိုတော့ ဘယ်သူမှ ဆိုင်သိပ်မ ဖွင့်သေးဘူး။ အဲ့အဖွဲ့က ပြန်ပေးဆွဲခံရတဲ့အမျိုးသားကို ငွေလဲမယ်ပြောပြီး အိမ်ရှေ့မှာစောင့်ခိုင်းတာ ရောက်လာတာနဲ့ ဖမ်းခေါ်သွားတာ။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုပြန်ပေးဆွဲသူများသည် Crown ကား စီး၍ မျက်နှာဖုံးစွပ်ထားသည့် လူငယ်များဖြစ်ပြီး သေနက်အရှည်ကို ကိုင်ဆောင်းထားသည်။

တာချီလိတ် ငွေလဲလှယ်လုပ်ကိုင်သူ ပြန်ပေးဆွဲ

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း တာချီလိတ်မြို့အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးနှင့် ကျားဖြန့်လုပ်ငန်းလုပ် ပိုမိုလုပ်ကိုင်သည့် ဒေသတစ်ခုလည်းဖြစ်ပြီး လူမျိုးပေါင်းစုံမှ အလုပ်လာလုပ်နေကြရပြီး တရားမဝင်ပစ္စည်းများ အလွယ်တကူ ရရှိသည့် ဒေသတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...