Wednesday, January 28, 2026

လေကြောင်းတိုက်ခိုက်မှု စစ်ရာဇာဝတ်မှုမြောက်ကြောင်း မျက်ကွယ်ပြု အားပေးနေတဲ့ စစ်လော်ဘီအပေါင်းအပါများ

၂၀၂၄ စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ “လက်နက်ကိုင်အကြမ်းဖက်သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် လိုအပ်သလို တုံ့ပြန်သွားမည်” ဟု ပြောဆိုခဲ့သည်။

မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ဦးဆောင်ပြီး ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

ထိုစစ်ဆင်ရေး တစ်နှစ်ကျော်ကာလအတွင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တစ်ခုအပါအဝင် တပ်စခန်းများစွာနှင့် မြို့ပေါင်း ၂၄ မြို့ကို စစ်ကောင်စီတပ်ဘက်က လက်လွတ်ဆုံးရှုံးခဲ့ရသည်။

သို့သော် လက်လွတ်ဆုံးရှုံးခဲ့ရသော ဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီတပ်က တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသည်။ ထို့ပြင် မြို့နှင့် ကျေးရွားများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေလျက် ရှိသည်။

အထူးသဖြင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ ထိန်းချုပ်ရာ ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို နေ့စဉ်နီးပါး ခံစားနေရသည်။

ဤသို့ လေကြောင်းဗုံးကြဲရန် စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်များက လှုံ့ဆော်ခဲ့ကြသည်။

လေကြောင်းရန် လှုံ့ဆော်ရာတွင် လေကြောင်းမှ ဗုံးကြဲရန် လှုံ့ဆော်အခါတော်ပေးခြင်း၊ ယင်းနောက် တကယ်ကြဲ၊ မကြဲစောင့်ကြည့်ခြင်း၊ ထိုမျှမက ဗုံးကြဲခြင်းကို ကောင်းချီးသြဘာပေးခြင်းတို့ အားတတ်သရော လုပ်ဆောင်နေသည်ဟု The Red Flag မှ ၂၀၂၄ သြဂုတ် ၆ ရက်နေ့တွင် အစီရင်ခံစာဖော်ပြသည်။

ဗုံးကြဲမည့်နေရာများသည် အရပ်သားမဲ့ ဧရိယာများအဖြစ်လိမ်လည် သတ်မှတ်ပြီး သူပုန်လက်နက်ကိုင် များသာရှိသဖြင့် ထိုသို့ဗုံးကြဲသင့်ကြောင့် အားတက်သရော လှုံ့ဆော်နေကြသည်။

အရပ်သားများ ရှိသည့်တိုင် ၎င်းတို့သည် ရန့်သူဘက်တော်သား သူပုန်အားပေးများအဖြစ် တံဆိပ်ကပ်လိုက်သည်။ ထို့ကြောင့် လွတ်လပ်စွာ ဗုံးကြဲခွင့်ရှိသည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် အကောင့်တုများ သာမက လူပုဂ္ဂိုလ်အကောင့်များဖြင့်လည်း ဖြန့်ဝေသည်။ ထိုသို့ ဖြန့်ဝေရာတွင် အမည်ခံ ဂျာနယ်လစ်၊ လွှတ်တော် အမတ်ဟောင်းတို့လည်း ပါဝင်သည်ကို တွေ့ရသည်ဟု The Red Flag ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

◾လေကြောင်းတိုက်ခိုက်ရန် လှုံ့ဆော်ခြင်း

Subscribers ၁၆၀,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီအားပေး တယ်လီဂရမ်ချန်နယ်လ် ဝါဒဖြန့် မှိုင်းဝေချန်နယ်တွင် “မြန်မာပြည်ထဲလာပြီး အကြမ်းဖက်လုပ်နေတဲ့ ခွေးမိစ္ဆာကောင်တွေကို မျိုးပြတ်အောင်သာ ကြဲပေးပါ” ဆိုပြီး သြဂုတ် ၁၃ ရက်နေ့က လှုံ့ဆော်ခဲ့သည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကို အချိန်ဇယားဆွဲပြီး အမြဲလုပ်ဆောင်ရန်လည်း Kyaw Swar ချန်နယ်လ်က သြဂုတ် ၇ ရက်နေ့တွင် အလားတူလှုံ့ဆော်ခဲ့သည်။

ထိုတင်မက “အကြမ်းဖက်သမားများ နေထိုင်ရာ ပတ်ဝန်းကျင်မှာ ပြည်သူများအနေဖြင့် လုံးဝမနေဖို့ ထပ်မံသတိပေးပါတယ်” ဆိုသည့် တိုက်တွန်းချက်ဖြင့် ခြိမ်းခြောက်ဖြန့်ဝေခဲ့သည်။

သျှမ်းသံတော်ဆင့်၏ လေ့လာတွေ့ရှိအချက်အရ နာမည်ဆိုးနှင့်ကျော်ကြားပြီးသား စစ်ကောင်စီ ထောက်ခံ ဝါဒဖြန့်ချိသည့် အကောင့်များဖြစ်သည့် မှိုင်းဝေ၊ ကျော်စွာ၊ ကိုသက်၊ ဘညွန့်၊ ဟန်ငြိမ်းဦး စသည်တို့ အပြင် လူပုဂ္ဂိုလ်အစစ်အမှန်တို့၏ ပုံရိပ်ကို အသုံးပြု ဖြန့်ဝေကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးပြုနေသည့် စစ်ကောင်စီ ထောက်ခံသည့် ဆိုရှယ်မီဒီယာ အသုံးပြုသူများသည် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ရာ ဒေသ၊ ဌာနချုပ်တို့ကို မီးလောင်တိုက်သွင်းရန် နှင့် လေကြောင်းမှ တဆင့် ဗုံးကြဲ တိုက်ခိုက်ရန် မကြာခဏ လှုံ့ဆော်လေ့ရှိသည်။

လေကြောင်းဗုံးကြဲမှု အခါတော်ပေးအကြောင်းအရာများတွင် ပြင်းထန်၍ လူမဆန်သော အသုံးအနှုံးများ၊ လူမျိုးရေး မုန်းတီးမှုများနှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုကို ဖုံးကွယ်လိုသော အကြောင်းအရာများ ပါဝင်သည်။

နာမည်ဆိုးနှင့် ကျော်ကြားပြီးသား စစ်ကောင်စီထောက်ခံ ဝါဒဖြန့်ချိသည့် ကျော်စွာ (Kyaw Swar) အကောင့်တွင် “မြန်မာပြည်မှာလည်း အကြမ်းဖက်နှိမ်နင်းရေးမှာ ပေါင် ၂,၀၀၀ ဗုံးလောက်က သုံးကို သုံးရမှာပါ” (မူရင်းအတိုင်း) ဆိုပြီး တိုက်တွန်းထားသည်။

ထို့အပြင် ဒေသခံများကတောင်းဆိုသည်ဟုဆိုကာ “ခွေးမျိုးသပုန် ထပ်ကြဲပေးပါ” (မူရင်းအတိုင်း) ဆိုသည့် တောင်းဆိုချက်ဖြင့်လည်း ရန်သူလှုပ်ရှားမှု သတင်းများချန်နယ်လ်မှ စက်တင်ဘာလ ၁၉ ရက်တွင် ဖြန့်ချိခဲ့သည်။

စစ်ကောင်စီ အားပေးဝါဒဖြန့်ချိသူများသည် အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းတွင် တယ်လီဂရမ်ကို ခြေကုပ်ယူပြီး သတင်းတု၊ သတင်းမှားများ၊ စစ်ကောင်စီကို တော်လှန်ဆန့်ကျင်သူများအား လိင်ပိုင်းဆိုင်ရာ ညစ်ညမ်း အကြောင့်အရာများဖြင့် တိုက်ခိုက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှု လှုံ့ဆော်ခြင်း၊ တော်လှန်ရေး အင်းအားစုများ စိုးမိုးထားသည်ဟု ယူဆရသော နေရာများအား

လေကြောင်းမှ ဗုံးကြဲရန်နှင့် မီးလောင်တိုက်သွင်းရန် လှုံ့ဆော်မှုများကို တစိုက်မတ်မတ် ပြုလုပ်လေ့ရှိကြသည်။

◾အရပ်သားသေဆုံးမှုကို ဖုံးကွယ်ရန် ကြိုးစား

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သျှမ်းမြောက်တွင် နေ့စဉ်နီးပါး လူထိခိုက် သေဆုံးမှုရှိသော်လည်း စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်များတွင် “သေဆုံးသူတွေဟာ အရပ်သားမဟုတ်ကြောင်း” အမြဲ လိမ်လည်ဝါဒဖြန့်ချိလေ့ရှိသည်။

ဗုံးကြဲမည့် နေရာများသည် အရပ်သားမဲ့ ဧရိယာများအဖြစ် လိမ်လည်သတ်မှတ်ပြီး သူပုန်လက်နက်ကိုင်များသာ ရှိသဖြင့် ထိုသို့ဗုံးကြဲသင့်ကြောင့် စစ်ရာဇာဝတ်မှုကို ဖုံးကွယ်လိမ်လည် ဖြန့်ချိကြသည်။

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့တွင် သတ်မှတ်ကြေညာလိုက်ပြီးနောက်- မြို့ရွာများအား စက်ဘက် အရပ်ဘက် မခွဲခြားဘဲ လိုအပ်သလို တိုက်ခိုက်သွားမည်ဆိုသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောစကားကို မြန်မာအလင့်သတင်းစာ၌ ဖော်ပြသည်။

တစ်နည်းအားဖြင့် လေကြောင်းတိုက်ခိုက်မှု “တရားဝင်” အဖြစ်သတ်မှတ်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟုကြေညာပြီး ၎င်းတို့ထိန်းချုပ်သော ဒေသများအား လွတ်လပ်စွာ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ယိင်းလျန်းဟန်က ပြောသည်။

“ဒါကတော့ သူတို့ (စစ်တပ်)အနေနဲ့ ရည်ရွယ်ချက်ချက်ရှိ ဗုံးကြဲမယ်၊ မီးလောင်တိုက်တွန်းမယ်ဆိုတာကို တရားဝင်ကြေညာတဲ့သဘောပါပဲ” ဟု ယိင်းလျန်းဟန်က ပြောသည်။

ထိုသို့ ကြေညာပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ထိန်းချုပ်ရာဒေသများတွင် စစ်ကောင်စီတပ်က အမှန်တကယ်ပင် ဗုံးကြဲတိုက်ခိုက်မှုများ သဲသဲမဲမဲ လုပ်ဆောင်လာနေလျက်ရှိသည်။

◾လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုမရှိဆိုသည့် ဝါဒဖြန့်ချန်နယ်များ၏ စစ်ဆေးတွေ့ရှိချက်များ

အရပ်သားသေဆုံးမှုအတွင်း လွတ်လပ်သည့် မီဒီယာများနှင့် စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များ၏ ဖော်ပြချက်များထဲမှ သိသာထင်ရှားသည့် ကွဲလွဲချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့တွင် ၂၀၂၄ စက်တင်ဘာ ၆ ရက် နံနက်အစောပိုင်းအချိန်က

စစ်ကောင်စီ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁၀ ကျော်အထက် သေဆုံးခဲ့ကြောင်း လွတ်လပ်သည့် သတင်းမီဒီယာများက ဖော်ပြကြသည်။

သို့ဖြစ်ရာ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များမှ “နမ့်ခမ်းက အကြမ်းဖက် TNLA များကို ဗုံးကြဲရှင်းလင်းမှုတွင် TNLA ခေါင်းဆောင်မိသားစုက ကလေးအပါအဝင် ၁၁ ယောက် လောလောဆယ်သေ” (မူရင်းအတိုင်း) ဆိုပြီး ဗုံးကြခဲ့သော ထိုနေ့တစ်ရက်တည်းတွင် အချိန်ကိုက်ရေးသားဖြန့်ချိခဲ့သည်။

နမ့်ခမ်းလေကြောင်း ဗုံးကြဲမှုအတွင်း ကလေးနှင့် အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ ၁၀ ကျော်နှင့်အထက် သေဆုံးသည်ဟု သျှမ်းသံတော်ဆင့်က ဖော်ပြသည်။

ထို့အပြင် နောင်ချိုမြို့ လေကြောင်းဗုံးကြဲမှုဖြစ်စဉ် တစ်ခုတွင်လည်း စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်များက အလားတူ ဖြန့်ချိခဲ့ကြသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့ရှိ မြို့မဈေးကို ဗုံးကြဲရခြင်းမှာ ဈေးထဲရှိပစ္စည်းများ ခိုးယူလုယက်နေသည့် TNLA တပ်ဖွဲ့ဝင်များကြောင့် ဗုံးကြဲရခြင်းဖြစ်သည်ဟုဆိုပြီး နေပြည်တောင်ချန်နယ်လ်မှ စက်တင်ဘာလ ၂၁ ရက်နေ့က ဖြန့်ချိခဲ့သည်။

ထို့အတူ အောက်တိုဘာလ ၉ ရက်က လားရှိုးမြို့ ဗုံးကြဲမှုဖြစ်စဉ်တွင်လည်း MNDAA ၏ ခေါင်းဆောင်း ၃ ဦးနှင့် လက်အောက်ငယ်သား ၄၀ သေဆုံးကြောင်း စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များက ဖော်ပြသည်။

ဘီဘီစီသတင်း၏ ဖော်ပြချက်အရ လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း နိုင်ငံရေးအကျဉ်းသား ၁ ဦးသေဆုံး၊ အရပ်သား ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ အတည်ပြုချက်ဖြင့် ဖော်ပြသည်။

စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်းအားစုများက နယ်မြေတစ်ခုကို စိုးမိုးထိန်းချုပ်လိုက်ပြီ ဆိုသည်နှင့် ရန်သူ၊ မိတ်ဆွေ၊ ပြည်သူ မခွဲခြားဘဲ လေကြောင်းမှတစ်ဆင့် တိုက်ခိုက်ဗုံးကြဲခြင်းကြောင့် အရပ်သား သေဆုံးသည့်ဖြစ်စဉ် အများအပြားရှိခဲ့သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်အရ သြဂုတ်လ ၂၆ ရက်မှ အောက်တိုဘာလ ၆ ရက်အတွင်း သျှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုးနှင့် မိုင်းရယ်မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၅၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက်ပိုင်း ၂၀၂၃ နိုဝင်ဘာလမှ ၂၀၂၄ ဧပြီလအထိ ခြောက်လတာအတွင်း လေကြောင်းတိုက်ခိုက်အကြိမ်ရေ သုံးထောင်ကျော် (၃၀,၀၀၀) လုပ်ခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar)၏ အောက်တိုဘာလထုတ် သုတေသနအချက်အလက် ဖော်ပြသည်။

ISP ၏ဖော်ပြချက်အရ ပျမ်းမျှ တစ်လတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀၀ ကျော် လုပ်ဆောင်သည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယအကျော့ ၃ လအတွင်း (ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ) မှာ အကြိမ် ၃၅၀ ကျော်ရှိခဲ့သည်။ ဇူလိုင်လတွင် ၇၁ ကြိမ်၊ သြဂုတ်လတွင် ၂၂၉ ကြိမ်နှင့် စက်တင်ဘာလတွင် ၁၅၂ ကြိမ်ရှိခဲ့ပါသည်။

နောက်ထပ် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဥာဏ်လင်းသစ်၏ အချက်အလက်များအရ

၂၀၂၃ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၄၇၆ ကြိမ်ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ၉ လမှာတင် ၁၉၁၅ ကြိမ်ရှိလာခဲ့သည်ဟု သိရသည်။

တစ်နှစ်မပြည့်ခင်မှာတင် ပြီးခဲ့သည့်နှစ်ထက် အကြိမ်ရေ ၅၀၀ ကျော် ပိုတိုးလုပ်လာနေခြင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ ခုနှစ်မှာ ၆၁၃ ဦးသေဆုံးထားပြီး ၂၀၂၄ ခုနှစ် ၉ လအတွင်းမှာ ကလေးနှင့် အမျိုးသမီးတွေအပါအဝင် ၆၃၀ ဦး သေဆုံးခဲ့ရသည်။

လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ မှတ်တမ်းများအရ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု အကြိမ်ရေအများဆုံးဟာ ၂၀၂၄ စက်တင်ဘာလတွင် ဖြစ်သည်ဟု ဖော်ပြသည်။

◾နိဂုံးမှတ်စု

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှုရှိနေသော်ငြား စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်များသည် စစ်ကောင်စီ၏ ရာဇဝတ်မှုကို ဖုံးကွယ်ရန်အတွက် အင်တိုက်အားတိုက် လိမ်လည်ဝါဖြန့်ချိနေသည်။

မည်သို့ပင် လိမ်လည်ဝါဒဖြန့်ချိစေကာမှု သေဆုံးသူတွေဟာ အရပ်သားပြည်သူများ ဖြစ်ကြောင်း လွတ်လပ်သည့် သတင်းမီဒီယာများက ဖော်ပြချက်များအရ သက်သေအထောက်များ ရှိသည်။

အဆိုပါ ကိစ္စရပ်များအား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနည်းပညာကုမ္ပဏီများက စဉ်ဆက် မပြတ်စောင့်ကြည့်ရန် လိုအပ်ပြီး ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများ ရှိရန် အထူး အရေးကြီးနေပြီ ဖြစ်သည်။

သျှမ်းမြောက်သာမက နိုင်ငံအနှံ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သန်းနှင့်ချီရှိ ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ ဘဝသို့ရောက်ရှိနေပြီး နေ့စဉ်နေထိုင်မှုဘဝကား မလုံခြုံမှုများနှင့် ရှင်သန်နေရသည်။

သို့သော် စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဖြန့်ချန်နယ်များကတော့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်တာကို မျက်ကွယ်ပြုပြီး မြိန်ရည်ချက်ရည်ဖြင့် ဂုဏ်ယူဝံ့ကြွား အားပေးနေသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ယိင်းလျန်းဟန်က “အဓိကတော့ ပြည်သူတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အများတွေ ထုတ်ထားတဲ့အရေးပေါ် အခြေအနေတွေအပေါ် လေကြောင်းဗုံးကြဲခံရရင် ဘယ်လိုမျိုး နေထိုင်သင့်လဲ၊ ဘယ်လိုမျိုး လုပ်သင့်လဲ ဒါတွေနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် သိထားသင့်တယ်။ ကိုယ့်မှာကိုယ်အကာအကွယ်စေမယ့် ကတုတ်ကျဉ်းတွေ၊ ဗုံးခိုကျဉ်းတွေ တူးထားနိုင်တယ်။ အခြေအနေတွေက ဒီထက်ပိုဆိုးလာရင်တော့ လောလောဆယ် ကိုယ့်အိမ်ကိုခဏတာ စွန့်ခွာတိမ်းရှောင်ဖို့လိုအပ်တယ်” ဟု တိုက်တွန်းထားသည်။

#FactCheck #MFCN #ShanNews #သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...