ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အလေးပေးဆောင်ရွက်လာကြပြီဟု စစ်ခေါင်းဆောင်ပြော

ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာ ကြပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၂ ရက်) တွင် ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်သော ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အထက်ပါအတိုင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။

၎င်းက “ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်ရင် အဆင့်မြင့်နည်းပညာများကို အသုံးပြုပြီး အီးလက်ထရောနစ် စစ်ဆင်ရေးနှင့် သတင်းအချက်အလက် စစ်ဆင်ရေးများကို ထိရောက်စွာ ပုံဖော်တိုက်ခိုက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့ကြောင့် မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များအနေဖြင့် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာကြပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒချမှတ်ရာတွင်လည်း နည်းပညာ၏အခန်းကဏ္ဍသည် အလွန်အရေးပါသည့် အနေအထားကို ရောက်ရှိလာပြီဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ထိုသို့ ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနှင့် နည်းပညာရပ်များကို သိရှိနားလည် အမီလိုက်နိုင်ရန်အတွက် စဉ်ဆက်မပြတ် လေ့လာသုတေသနပြုမှုများ၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ဆောင်ရွက်မှုများ လုပ်ဆောင်သွားကြရမည်ဟု ဆိုသည်။

ထို့အပြင် ဉာဏ်ရည်တု နည်းပညာ (AI) ကိုပိုမိုအသုံးပြုလာကြသဖြင့် သုတေသနပြုမှုနှင့် စမ်းသပ်တီထွင်ထုတ်လုပ်မှုများကို အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်သွားရန်လိုအပ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်လောင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ နည်းပညာမြို့ဖြစ်သော ချုံချင့်မြို့သို့ သွားရောက်ပြီး ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီကို သွားရောက်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်နိုင်ငံ ပေကျင်းမြို့မှ စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီက ထုတ်လုပ်သည့် ဒရုန်းနှင့် လေကြောင်း စစ်လက်နက် ပစ္စည်းများကို သွားရောက်လေ့လာပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်ရန် ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်သည်။

ထိုကုမ္ပဏီတွင်ရှိသည့် မောင်းသူမဲ့လေယာဉ် (ဒရုန်း) ထုတ်လုပ်မှု၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေး နည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများ၊ လေကြောင်းနည်း ပညာဆိုင်ရာ ခေတ်မှီထုတ်ကုန်များကို လေ့လာခဲ့ကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်းရေး” ကာလအတွင်း လားရှိုးမြို့ကို လက်လွှတ်ရပြီးသည့်နောက် စစ်ကောင်စီအပေါ် တရုတ်က ပေါ်ပေါ်ထင်ထင် ထောက်ခံလာပြီး စစ်ကောင်စီ ပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲကိုပါ ထောက်ခံကြောင်း တရုတ်ဘက်ကပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...