လားရှိုးမြို့ပေါ် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့ MNDAA ဖွဲ့စည်း

သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပေးပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို ပြစ်ဒဏ်ချမှတ်နေကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ဒေသခံများ ပါဝင်သည့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို MNDAA စစ်ရေးကော်မတီက ပြစ်ဒဏ်ချမှတ်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“လူတွေက ရပ်ကွက်ထဲက လူတွေပဲ ပြန်ဖွဲ့ထားတာ၊ အထက်က လူတွေကို ကျနော်တို့လည်း မမြင်ဖူးဘူး။ အလုပ်လုပ်ကြတာတော့ အရင်ကလိုပဲလေ၊ ဒါပေမယ့် ထိရောက်တယ်။ သူခိုးဘိန်းစား ဖမ်းဆို အကုန် တကယ်ဖမ်းတယ်၊ တကယ် အရေးယူတယ်။ လောလောဆယ်ပဲ အဆင်ပြေနေတာလား၊ နောက်ဆို တူတူဖြစ်လာမလား အတိအကျ မပြောရဲဘူး”ဟု အသက် (၄၀) ကျော် အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် MNDAA မှ ဖွဲ့စည်းပေးထားသည့် လုံခြုံရေးအဖွဲ့များမှ သူခိုးဓားပြ ပပျောက်ရေးနှင့် ပြည်သူလုံခြုံရေးအတွက် နေ့ညမပြတ် ကင်းလှည့်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်ကွက်အတွင်း ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို MNDAA စစ်ရေးကော်မတီသို့ လွှဲပြောင်းပေးပြီး ၎င်းတို့မှ စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ကြောင်း လားရှိုးမြို့ ရပ်ကွက်လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

ပုံစာ (၁) – လားရှိုးမြို့ပေါ် လုံခြုံရေးယူထားသည့် ကိုးကန့်တပ်ဖွဲ့ (ပုံဟောင်း)

“ခိုးဆိုးလုနှိုက်နဲ့ စစ်ကောင်စီသတင်းပေး ဘာညာဆိုရင် စစ်ဦးစီးချုပ်နဲ့ သတင်းပေးပြီးမှ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ချပေးတာတော့ ရှိတယ်ဗျ။ စစ်ကောင်စီ သတင်းပေး မှန် မမှန်ကတော့ လုံခြုံရေးနဲ့ ရဲ ပူးပေါင်းပြီးတော့ ဖမ်းဆီးရမိတယ်ဆိုရင် စစ်ရေးကော်မတီကို လွှဲပြောင်းပေးမှုတွေ ရှိတယ်၊ စိစစ်တဲ့ အပိုင်းကတော့ သူတို့အပိုင်း ဖြစ်သွားတာပေါ့”ဟု လားရှိုးမြို့ ရပ်ကွက်လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြန်လည်ရရှိနေပြီး ယခင်က အသုံးပြုခဲ့သည့် Starlink စတားလင့် ဝိုင်ဖိုင်များကို လုံခြုံရေးအဖွဲ့များမှ သိမ်းယူသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလမှ စတင်ပြီး လားရှိုးမြို့ပေါ် ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် လူဦးရေစာရင်းကို ကိုးကန့်တပ်ဖွဲ့မှ ကောက်ယူခဲ့ပြီး လတ်တလောတွင် ကားနှင့် ဆိုင်ကယ်စာရင်းများကို ထပ်မံကောက်ခံနေရာ အခွန်ကောက်ခံမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

“လူစာရင်းလည်း ဟိုတလောက ကောက်ပြီးသွားပြီ။ အခု ဆိုင်ကယ်၊ ကားစာရင်းတွေ လိုက်ကောက်‌နေတယ်၊ အခွန်တွေ လာတော့မယ် ထင်တယ်။ ကားဆိုရင် အင်ဂျင်နံပါတ်၊ ဘောင်နံပါတ် အဲ့တာတွေရော တောင်းတာ။ မြို့ပြင်ထွက်ရင် တန့်ယန်းလမ်းခွဲနားမှာ လမ်းတံတားကြေး ၁၀၀၀ ဆောင်ရတယ်”ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ (၂၊ ၃၊ ၄) – ဒီဇင်ဘာလ ပထမပတ်အတွင်း လားရှိုးမြို့ပေါ် နံနက်ခင်းဈေး မြင်ကွင်း

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ထားသည်မှာ လေးလကျော် ကြာမြင့်လာပြီးနောက် ဒေသခံအချို့သည် လေကြောင်းအန္တရာယ် စိုးရိမ်မှုအကြား နေရပ်ပြန်ကာ စီးပွားရေး ပြန်လည်ပတ်နိုင်ရန် လုပ်ဆောင်နေပြီး လားရှိုးရေပူစမ်းကိုလည်း ဒီဇင်ဘာလ ပထမပတ်အတွင်း ပြန်လည်ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်ပြီးနောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့အထိ သိမ်းပိုက်ထားနိုင်သည့် ကိုးကန့်တပ်ဖွဲ့သည့် ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ဒီဇင်ဘာလ (၃) ရက်တွင် ထပ်မံထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...