တောင်ကြီး လူငယ်ရှိ အိမ်တိုင်း စစ်ကောင်စီ ငွေ (၁)သိန်းကောက်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင် အသက် ၁၈ နှစ်မှအသက် ၃၅ နှစ်ကြား လူငယ်ရှိသည့် နေအိမ်ကို စစ်ကောင်စီမှ ကျပ်ငွေ တစ်သိန်း ကောက်ခံနေသည်ဟု မြို့ခံများထံ စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှ စပြီး စဝ်စံထွန်း ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက်၊ ချမ်းမြ၊ ရွှေတောင်၊ ကံသာ၊ ညောင်ဖြူစခမ်း၊ဘုရားဖြူ ၊ ကျောင်းကြီးစု နှင့် ကံကြီးရပ်ကွက် စသည်တို့တွင် စစ်ကောင်စီ သတ်မှတ်ထားသည့် အသက်ရွယ်ရှိသည့် နေအိမ်များကို တစ်လလျှင် ကျပ်ငွေ တစ်သိန်းကောက်ခံ နေသည်ဟု မြို့ခံများထံမှ သိရသည်။

ထို့အပြင် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ပေါင်းကာ ကျပ်ငွေ(၂သိန်း) ကောက်ခံနေ သောကြောင့် ထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်မှု လုပ်ဆောင်မှု မရှိကြောင်း ၎င်းရပ်ကွက်နေအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောည်။

“တခြားရပ်ကွက်တွေဆို တစ်သိန်းပဲလို့ကြားတာ။ အဆင်မပြေတဲ့သူဆို ၅ သောင်းပဲတဲ့ ။ ကျမတို့ ရပ်ကွက်က နှစ်သိန်းကောက်တာ။ ကျမတို့လို အခြေခံလူတန်းစားတွေ ဆိုတော့ မတတ်နိုင်ဘူးလေ။ ထွေအုပ်တွေကို သွားတိုင်တော့ ဘာမှ မလုပ်ရဲဘူး။အခုက သူတို့ခေတ်ပဲ ငြိမ်ခံရုံပဲရှိမှာပေါ့။” ဟု လမ်းမတော် ရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောသည်။

ကုန်ဈေးနူန်းအခြေနေနှင့် စားဝတ်နေရေးအတွက် အခက်အခဲရှိသည့်အပြင် စစ်မှုထမ်းငွေအတွက် ငွေတိုးယူပြီး ထည့်နေရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး တောင်ကြီးမြို့ ကံကြီးရပ်ကွက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ငွေထည့်ရကြောင်းနှင့် အခြေခံလူတန်းစားများအတွက် အခက်ခဲ ရှိကြောင်း ရပ်ကွက်နေ ခွန်စိုး (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လတိုင်းတစ်သိန်းထည့်ရမှာတဲ့၊ ကျနော်တို့လို လူလတ်တန်းစားအတွက်က အဆင်ပြေပေမဲ့ အခြေခံ လူတန်းစားအတွက်ကျတော့ အခက်ခဲရှိတယ်လေ။သူတို့က ဝင်ငွေလည်း နည်း ကုန်ဈေးနူန်းတွေကတက်နဲ့ စစ်မှုထမ်းအတွက်ပါ ငွေထည့်ရတော့ ဘယ်ကျန်တော့မလဲ။” ဟု ၎င်းကပြောသည်

ယခင်က စစ်မှုထမ်းခေါ်မှသာ ငွေထည့်ရပြီး ယခု ကာလတွင် လစဉ် လတိုင်း သတ်မှတ်ထားသည့် ငွေ ကို အုပ်ချုပ်ရေးမှူးထံ ထည့်ရမည်ဟု တောင်ကြီးဒေသခံများက ပြောသည်။ ။

စစ်မှုထမ်းအတွက် လစဉ်တိုင်း ငွေထည့်ရန် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စစ်ကောင်စီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးက သတ်မှတ်လိုက်သည်ဟု မြို့ခံများထံမှ သိရသည်။

ယခုလက်ရှိတောင်ကြီးမြို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်းကာ ညဘက်တွင် စစ်မှုထမ်းအတွက် ပေါ်တာလိုက်ဆွဲနေသည်ဟု မြို့ခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...