တောင်ကြီးနှင့် မြို့နယ်အများအပြားလျှပ်စစ်မီးပြတ်တောက်မှု အလွန်ဆိုးဝါးနေ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နှင့် မြို့နယ်အများအပြားတွင် လျှပ်စစ်မီးပြတ်တောက်မှု လွန်စွာဆိုးရွားလာနေပြီး ပြည်သူအများအပြား ဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်းစုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ပြီး ယခု ဒီဇင်ဘာလ ပထမပတ်ထိ တောင်ကြီးမြို့နှင့် အနီးတဝိုက်မြို့များတွင် လျှပ်စစ်မီးပြတ်တောက်မှု ယခင်ကထက် ပိုဆိုးဝါးလာသည်။

အချို့ရပ်ကွက်များတွင် တရက်လျှင် ၂ နာရီခန့်သာ လျှပ်စစ်မီးရရှိသောကြောင့် လျှပ်စစ်သုံးပြီး အလုပ်လုပ်ရသည့် လုပ်ငန်းများ အခက်ကြုံနေရကြောင်း တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

တောင်ကြီးမြို့အဝင်

“မီးကတော့ ခုဒီလထဲတော်တော်ပျက်တယ်၊ အရင်လတွေက ၄ နာရီခြားတစ်ခါပြန်လာသေးတယ်၊ ခုဆိုမနက်တည်းကပြတ်သွားတာ ညမိုးချုပ်မှ ပြန်လာပါတယ်၊ ညအိပ်ချိန်လည်းပြတ်တယ်၊ EPC ကိုမေးရင်လည်း ဘယ်ချိန်ပြန်လာမလဲ သူတို့လည်း မပြောတတ်ဘူးတဲ့” ဟု ၎င်းအမျိုးသမီးကပြောသည်။

မီးများပျက်နေသော်လည်း မီတာခများမှာ ယခင်ကထက်မြင့်တက်လာပြီး ထိုသို့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အသေးစားနှင့် အလတ်စား တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများထိခိုက်ရုံသာမက အခြေခံ လက်လုပ်လက်စား လူတန်းများအတွက်လည်း ငွေကြေးကြပ်တည်းနေသည့် အခြေအနေဖြစ်လာကြောင်း အမျိုးသမီးက ဆက်ပြောသည်။

“မီးသာပျက်တာပါ၊ မီတာခကဈေးတွေတက် အရင်ကထက် ၂ ဆလောက်ပိုများပါတယ်၊ မီးပျက်တော့ ထမင်းချိုင့်နဲ့ အလုပ်သွားရသူတွေအတွက်က တော်တော်လေး အခက်အခဲဖြစ်သွားတယ်” ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။
လျှပ်စစ်မီးပြတ်တောက်ခြင်း အပြင် မီးလာသည့်အချိန်တွင်လည်း မီးအားမနိုင်ခြင်း မီးပြန်ပျက်မည့် အချိန်အတိအကျ မသိရခြင်းတို့ကြောင့် ရေတင်စက်၊ ထမင်းပေါင်းအိုးများ ပျက်စီးမည်ကိုစိုးရိမ်နေရသောကြောင့် မီးလာသည့်အချိန်တွင် အချိန်သီးသန့်ပေး၍ စောင့်ကြည့်နေရကြောင်း ညောင်ရွှေမြို့တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ထို့အပြင် တောင်ကြီး-ဆိုက်ခေါင်လမ်းမပေါ်ရှိ ညို့မီးကျေးရွာတွင်လည်း လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၃ ရက်ခန့် ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...