တောင်ကြီးနှင့် မြို့နယ်အများအပြားလျှပ်စစ်မီးပြတ်တောက်မှု အလွန်ဆိုးဝါးနေ
SHAN -
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နှင့် မြို့နယ်အများအပြားတွင် လျှပ်စစ်မီးပြတ်တောက်မှု လွန်စွာဆိုးရွားလာနေပြီး ပြည်သူအများအပြား ဒုက္ခမျိုးစုံကြုံတွေ့နေရကြောင်းစုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ပြီး ယခု ဒီဇင်ဘာလ ပထမပတ်ထိ တောင်ကြီးမြို့နှင့် အနီးတဝိုက်မြို့များတွင် လျှပ်စစ်မီးပြတ်တောက်မှု ယခင်ကထက် ပိုဆိုးဝါးလာသည်။ အချို့ရပ်ကွက်များတွင် တရက်လျှင် ၂ နာရီခန့်သာ လျှပ်စစ်မီးရရှိသောကြောင့် လျှပ်စစ်သုံးပြီး အလုပ်လုပ်ရသည့် လုပ်ငန်းများ...
နမ့်စန်မြို့မဈေးထဲ ဓားပြတိုက်ရန် ကြံရွယ်သူ လိုက်လံဖမ်းဆီးရာတွင် သေနတ်ပစ်ဖောက်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့မဈေးထဲတွင် ဓားပြတုက်ရန် ကြံရွယ်သူ ရဲတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာ၌ သေနတ်ပစ်ဖောက်မှုဖြစ်ပွားပြီး ပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၇ ရက်)နေ့ နံနက်ပိုင်းအချိန်တွင် မြို့မဈေးထဲတွင် ဓားပြတိုက်ဖို့ ကြံရွယ်သူ (၃) ဦးကို ဈေးထဲရှိ ဒေသခံတစ်ဦးက ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူကို ဖုန်းဆက် အကြောင်းကြားခဲ့သည်။ ထို့နောက်...
ကွတ်ခိုင်မြို့ မြေငလျင် (၇)ကြိမ် လှုပ်ခတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် အခြားမြို့နယ်အများစု မြေငလျင် (၇)ကြိမ် လှုပ်ခတ်မှုကြောင့် ပြည်သူများထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၉) ရက် နံနက် (၃)နာရီခန့်တွင် ကွတ်ခိုင်မြို့၊ သိန္နီမြို့၊ လားရှိုးမြို့ အရှေ့မြောက်ဘက်တွင် ငလျင် (၇)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထိုကဲ့သို့ ငလျင်လှုပ်ခတ်မှုသည် အင်အားမပြင်းထန်သော်လည်း သျှမ်းမြောက်ဒေသခံများအတွက် ထိတ်လန့်စေခဲ့ပြီး...
လူသားဒိုင်း ဖမ်းဆီးထိန်းသိမ်းခံရသော ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွင်း ကား၊ဆိုင်ကယ်များ ပျောက်ဆုံးနေ
သျှမ်းပြည် ဖယ်ခုံမြို့နယ် ကျေးရွာဒေသခံများကို စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ရွာအတွင်း၌ ပစ္စည်းအပြင် ကား၊ဆိုင်းကယ်များပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ (၂၄၀) ကျော်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ်...
ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအတွက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်
SHAN -
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလပိုင်းတွင် ပြုလုပ်လေ့သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာ တက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲများအတွက် စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြား ဖြည့်တင်းလာပြီး မြို့အတွင်းနှင့် မြို့ပတ်လည်တွင်...
ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စက်သုံးဆီ၊ စားသောက်နှင့် ဆေးဝါး သယ်ဆောင်ခွင့်မပြုဘဲသိမ်းယူ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ စစ်ကောင်စီဂိတ်တွင် စစ်သားများမှ စက်သုံးဆီ၊ ဆန်၊ ဆေး စသည့် ကုန်ပစ္စည်းများကို သယ်ဆောင်ခွင့်မပေးဘဲ သိမ်းယူမှုများရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ ပြီးခဲ့သည့် နှစ်လအတွင်း ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ စစ်ဆေးရေးဂိတ်နှင့် သျှမ်း-ကရင်နီနယ်စပ် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီမှ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင်...
တောင်ကြီး တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများဖယ်ရှားခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ လမ်းဉီးစီးဌာနက ဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ -ဟမ်းဆီး -နောင်ယာဆိုင်းလမ်းအား ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစေနိုင်ရန်အတွက် လမ်းနယ်နိမိတ်အတွင်း ရေမြောင်းနှင့် လမ်းပုခုံးပေါ်ရှိ ဈေးဆိုင်များအားလုံးကို ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက လမ်းမကြီးဥပဒေနှင့်အညီ အရေးယူမည်ဟု လမ်းဦးစီးဌနမှ ဒီဇင်ဘာလ (၄)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ “...
လောက်ကိုင် MNDAA က ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို လူအများရှေ့ သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ချက်ချ
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ရာဇဝတ်မှုကျူးလွန်သူ (၂၁) ဦးကို လူအများရှေ့တွင် ပြစ်ဒဏ်စီရင်ခဲ့ပြီး (၇) ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၈ နာရီမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...
တန့်ယန်းကျားဖြန့်လုပ်ကိုင်သူ အယောက် (၅၀) ဝန်းကျင်ထပ်မံ ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂ ရက်) တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ထဲတွင် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား အယောက်(၃၀)ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး၊...
ကျောက်မဲ သျှမ်းနှစ်သစ်ကူးအကြို စစ်ကောင်စီလေကြောင်းဗုံးကြဲ ၁၁ဦး သေဆုံး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် တွင် ပြီးခဲ့သည့် သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁၁ဉီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင် ၃၀ရက် ညနေ ၆နာရီခွဲ သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ဦး...





