စက်သုံးဆီဈေး မြင့်တက်လာမှုကြောင့် AirAsia X လေယာဉ်လက်မှတ်ဈေး ၄၀ ရာခိုင်နှုန်းထိ ထိုးတက်၊ ခရီးစဉ်အချို့ဖျက်သိမ်း

အရှေ့အလယ်ပိုင်းဒေသတွင်းး ပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး မလေးရှားအခြေစိုက် တန်ဖိုးနည်း လေကြောင်းလိုင်း AirAsia X မှ လေယာဉ်လက်မှတ်ဈေးနှုန်းများကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ထိုင်းသတင်းဌာန The Nation Thailand တွင်ဖော်ပြသည်။

AirAsia X အမှုဆောင်အရာရှိချုပ် Bo Lingam ၏ ပြောကြားချက်အရ လေယာဉ်ဆီဈေးနှုန်းမှာ တစ်စည်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၉၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ အထိ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ထို့ကြောင့် လေကြောင်းလိုင်းအနေဖြင့် ခရီးစဉ် လက်မှတ် ဈေးနှုန်းများကို ၄၀ ရာခိုင်နှုန်း အထိ၊ စက်သုံးဆီအတွက် ထပ်ဆောင်းခ (Fuel Surcharge) ကို ၂၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိတွင် လေကြောင်းလိုင်းသည် လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချရန်အတွက် ခရီးစဉ်လုပ်ငန်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်ကို လျှော့ချထားပြီး ဖြစ်သည်။

အမြတ်မထွက်သော ခရီးစဉ်လမ်းကြောင်းများကို အပြီးတိုင် ဖျက်သိမ်းခြင်း သို့မဟုတ် ယာယီရပ်နားခြင်းများ ပြုလုပ်နေသည်။ ကုန်ကျစရိတ် သက်သာစေရန် လေယာဉ်ပြုပြင်ထိန်းသိမ်းမှု (Maintenance Schedules) အချို့ကို ညှိနှိုင်း ရွှေ့ဆိုင်းလျက်ရှိသည်။

လေကြောင်းလိုင်းသည် ဈေးနှုန်းမြင့်တက်မှုသာမက မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် လေယာဉ်ဆီ ပြတ်လပ်နိုင်ခြေရှိသည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။ ထို့အပြင် AirAsia X သည် ဆီဈေးနှုန်းအတွက် ကြိုတင်အာမခံချက်ယူထားခြင်း (Fuel Hedging) မရှိသဖြင့် စျေးကွက်အတွင်း ဆီဈေးအတက်အကျဒဏ်ကို တိုက်ရိုက်ခံစားနေရသည်။

AirAsia X ၏ ရှယ်ယာဈေးနှုန်းမှာ စစ်ပွဲစတင်ချိန်မှစ၍ ၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး Bloomberg ၏ လေကြောင်းလိုင်းညွှန်းကိန်းတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ သို့သော် လေကြောင်းလိုင်း တည်ထောင်သူ Tony Fernandes ကမူ ယခင်ကမ္ဘာ့ကပ်ရောဂါနှင့် စီးပွားရေးအကြပ်အတည်းများကို ကျော်ဖြတ်ခဲ့သည့် အတွေ့အကြုံများဖြင့် ယခုစိန်ခေါ်မှုကိုလည်း ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လေယာဉ်ဆီပြတ်လပ်မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ ဧပြီလကုန်အထိ ခရီးစဉ်ဖျက်သိမ်း

0
လတ်တလော ရင်ဆိုင်နေရသည့် လေယာဉ်ဆီ အခက်အခဲများကြောင့် မြန်မာပြည်တဝှမ်း ပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှ ဧပြီလကုန်အထိ ပြည်တွင်းခရီးစဉ် အများစုကို ဖျက်သိမ်းနေကြောင်း စုံစမ်းသိရသည်။ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ၊ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ၊ မင်္ဂလာ Mingalar Airline ၊ Air...

ဝူဟန် ဗိုင်းရပ်စ် ကြောင့် မူဆယ်လာလည်မည့် တရုတ်နိုင်ငံသား ထောင်ချီ ခရီးစဉ်ဖျက်

0
တရုတ်- မြန်မာ နယ်စပ် မူဆယ်မြို့ သို့ လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသား ထောင်ချီ သည် ခရီးစဉ်ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။   ယခုနှစ် တရုတ်နှစ်သစ်ကူးကာလ အတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန် ဗိုင်းရပ်(စ်) ရောဂါကြောင့် တရုတ် မြန်မာ နယ်စပ် မူဆယ်သို့ လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံသာများ...