Tuesday, January 27, 2026

မူဆယ်မြို့ ပြည်သူ့စစ်ဟန်ဆောင်ပြီး အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် ပြည်သူ့စစ်ဟန်ဆောင်ထားသော လက်နက်ကိုင်ဆောင်ထားသူ ၃ဦးသည် ကုန်စုံဆိုင် ပိုင်ရှင်အမျိုးသမီးကို ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်)နေ့ ညနေပိုင်းတွင် မူဆယ်မြို့ ကောင်းမူးတုန်ရပ်ကွက် မီးသတ်ရုံအနီးရှိ ကုန်စုံဆိုင်ကြီးတစ်ဆိုင်ကို ပြည်သူ့စစ်ဟန်ဆောင်ထားသော အမျိုးသား(၃)ဉီးသည် လက်နက်ကိုင်ပြီးဆိုင်ပိုင်ရှင် အမျိုးသမီး ကို ပြန်ပေးဆွဲသွားခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” မနေ့က မင်္ဂလာမူဆယ်သွားလမ်း ကောင်မူးတုန်ရပ်ကွက် မီးသတ်ရုံး အနီးရှိ ကုန်စုံဆိုင်ကြီးတစ်ဉီးကို ပြည်သူ့စစ်လို ဟန်ဆောင်ဝတ်ထားတဲ့ အမျိုးသား၃ဦးဝင်လာတယ်။ အစတော့ ပစ္စည်းဝယ်မယ်ထင်နေတာ နောက် သေနတ်ထုတ် လက်ထိပ်ခတ်ပြီးဆိုင်ရှင်ကို ခေါ်သွားတယ်။ ဘေးက ဝန်းထမ်းတွေကလည်း တော်တော်လေး ကြောက်သွားတယ်” ဟု ၎င်းက ပြောသည်။

ပြန်ပေးဆွဲခံရသည့် ဆိုင်ရှင်အမျိုးသမီးသည် လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးကြောင်း သိရသည်။​

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂၁ ရက်) နေ့ မနက်ပိုင်း ၁၀နာရီခွဲ ဝန်းကျင်အချိန်တွင် ဆရာဝန် အမျိုးသမီးတစ်ဦးသည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ နှင်းနှင်းဆံပင်ညှပ်ဆိုင်တွင် ခေါင်လျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက ကားရွေ့ပေးရန် ကားသော့ လာတောင်းရာတွင် ၎င်းဆရာဝန်၏ခါးကို သေနတ်ဖြင့်ချိန်ပြီးဓားပြတိုက် သွားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံရေး အခြေနေအရ တရုတ်- မြန်မာ ကျားဖြန့်လုပ်ငန်းနှင့် ငွေလဲလှယ်သူများ၊ ဆိုင်ကြီးဖွင့်ထားသူ အနေဖြင့်လည်း သူခိုး ဓားပြများကိုလည်း သတိထားရမည်ဖြစ်ပြီး မူးဆယ်ဒေသခံ များက ပြောဆိုသည်။

မူဆယ်မြို့တွင် မကြာခဏ ဓားပြတိုက်နေသည့် သူများသည် အဖွဲ့လိုက်ရှိကာ အုပ်စုလိုက် လူအပြောင်းလဲ လုပ်နေကြကြောင်း၊ တစ်အုပ်စုတွင် ၁၀ ယောက် သို့မဟုတ် ၅ ယောက် အုပ်စုလိုက် ရှိနေတယ်ဟု မူဆယ်ဒေသခံက ပြောသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခု ဖြစ်နေသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...