ပင်လောင်းစစ်ဆေးရေးဂိတ်မှာ စစ်အသုံးစရိတ်အကြောင်းပြ ငွေညှစ်တောင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ပင်းလောင်းမြို့နယ် လွယ်ပြား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်အသုံးစရိတ်ကို အကြောင်းပြပြီး ငွေညှစ်တောင်းနေသည်ဟု သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် (၂၀၂၄ခုနှစ်) ဒီဇင်ဘာလ မှစ၍ ပင်လောင်းမြို့နယ် လွယ်ပြားဂိတ်ကို ဖြတ်သန်းကြသည့် ကုန်တင်ကား နှင့် အိမ်စီးကားများကို ကျပ်( ငါးသောင်း) အထိ ကောက်ခံနေပြီး မပေးလျှင် ဂိတ်ပေးမဖြတ်ကြောင်း ကိုယ်တွေ့ကြုံသည့် ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ပင်လောင်းဒေသခံ၊ NON- CDM နှင့် PNO တပ်ဖွဲ့ဝင်များကိုမှု ငွေကောက်ခံခြင်းမရှိဘဲ အခြားသော ဒေသမှ ဖြတ်သန်းသွားလာကြသည့် ပြည်သူများကိုသာလျှင် စစ်ဆေးမှုများ ပြုလုပ်ပြီး ငွေကောက်နေခြင်း ဖြစ်သည်ဟု အဆိုပါ ခရီးသွားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်း

“သူတို့က စစ်အသုံးစရိတ်အတွက်ဆိုပြီး တောင်းတာပဲ။ တခါတလေဆိုရင်လည်း ဂိတ်စောင့်တဲ့သူ မူးနေရင် အရမ်းအစစ်ခံရတယ်။ သူတို့က လမ်းကို ပိတ်ချထားပြီး တောင်းတာ။ ကျနော်ဆို ၅သောင်း ပေးခဲ့ရတယ်။မပေးမချင်း ပေးမဖြတ်ဘူး။” ဟု ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ငွေကောက်ခံနေသည့်အထဲတွင် နေအိမ်စီးကား ဆိုလျှင် ကျပ်(၃၀၀၀၀)၊ ခရီးသည်တင်ကားဆိုလျှင့် ကျပ်(၂၀၀၀၀) နှင့် ကုန်တင်ကားဆိုလျှင် ကျပ်(၅၀၀၀၀) ပေးရသည်ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

စစ်ကောင်စီဂိတ်နှင့် PNOဂိတ်များက ခေါင်းစဉ်အမျိုးမျိုးဖြင့် တောင်းရမ်းနေကြပြီး၊ ခရီးသွားများအနေဖြင့် ဆိုင်ကယ်နှင့် သွားလျှင် ပိုအဆင်ပြေကြောင်း ပင်လောင်းဒေသခံ တစ်ဦးက အကြုံပြုပြောသည်။

“အဲဒီဂိတ်တွေက တောင်းနေကြပဲ။ မဖြစ်မနေခရီးသွားမယ်ဆိုရင်တောင် ဆိုင်ကယ်နဲ့ပဲ သွားသင့်တယ်။ အိမ်စီးကားဆိုရင်တော့ ပိုရစ်တာပေါ့။”ဟု အဆိုပါ ပင်လောင်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွယ်ပြားဂိတ်သည် အောင်ပန်းနှင့် ပင်လောင်းသွားလမ်းတွင်ရှိပြီး စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO) များက အလှည့်ကျ စောင့်ကျပ်နေသည်ဟု သိရသည်။

ထိုသို့ငွေညစ်တောင်းခံရသူ အများဆုံးမှာ အနီးနားက ကလော ၊အောင်ပန်းအပြင် တောင်ကြီး ၊ညောင်ရွှေ၊ ရွာငံ မိုးဗြဲ နှင့် ဖယ်ခုံ ကဒသေခံများဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခုလက်ရှိပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ PNOတပ်များက အင်အားအလုံးရင်းဖြင့် နေရာယူထားပြီး မိုးဗြဲ၊ဖယ်ခုံဖက်သို့ မကြာခဏ စစ်ကောင်စီ အင်အားဖြည့်တင်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...