CATEGORY

စစ်ရေး

နောင်ချိုမြို့နယ် စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာလ ၂၀) ရက်နေ ညနေပိုင်းတွင် ပြောသည်။ စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့တွင် စုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်လာ သဖြင့် ယမန်နေ့ (အောက်တိုဘာလ ၁၉...

တောင်းခမ်း စစ်ရေးအထူးတင်းမာ၊ ပြင်ဦးလွင်မြို့အဝင် စစ်ကောင်စီ တင်းကြပ်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ စစ်ရေး အထူးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ ၁၅ မိုင် အကွာအဝေးတွင် ရှိသည့် စစ်ကောင်စီ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းဒေသတွင်...

နောင်ချိုမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲခြင်းကြောင့် မိန်းကလေး (၂) ဦး အပါအဝင် (၃) ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဖခင်နှင့် သမီး စုစုပေါင်း (၃) ဦး သေဆုံးပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၉) ရက် နံနက် ၅...

လောက်ကိုင်မြို့ သုံးလအကြာ လေကြောင်းဖြင့် ပေါင်(၅၀၀) ဗုံး ထပ်မံတိုက်ခိုက်ခံရ

သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁ နာရီခွဲကျော် လူအိပ်မောကျချိန် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ပေါ် စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်သို့ သီတင်းကျွတ်လပြည့်ညတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၇‌ ရက်) ည ၁၀ နာရီခန့်မှ စတင်ပြီး ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁ နာရီကျော် အချိန်ထိ စစ်ကောင်စီတပ်က...

နမ့်ဖတ်ကာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးထဲ မိုင်းထုတ်ယူစဉ် ပေါက်ကွဲပြီး အမျိုးသား (၂) ဦး ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးထဲမှ ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲပြီး အမျိုးသား (၂) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၁၅) ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ပန်ခါးကျေးရွာတွင် အမျိုးသား (၂) ဦးသည်...

လားရှိုး နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင်ရန် အခက်ကြုံနေရ 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။​ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး...

ပင်လောင်း-ညောင်ရွှေကြား စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်

သျှမ်းပြည် ပင်လောင်းမြို့နှင့် ညောင်ရွှေမြို့ကြားရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တို့၏ စစ်‌ဆေးရေးဂိတ်များတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့နောက် တိုက်ပွဲများကြောင့် ပင်လောင်းမြို့မှ ညောင်ရွှေမြို့သို့ သွားသော လမ်းတကြောရှိ နောင်ပီနှင့် တပ်ဦးမုတ်ကျေးရွာတို့တွင်...

ကျောက်မဲမှာ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဟု လိမ်လည်ဝါဒဖြန့်

သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးကာ သတ်ဖြတ်နေကြောင်း လိမ်လည်လှည့်ဖြား ဝါဒဖြန့်ချိနေသည်။ Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...

စားဝတ်နေရေး ကြပ်တည်းမှုကြား TNLA အခွန်ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း အမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် လားရှိုးမြို့ ဒေသခံများသည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလဆန်းမှ စတင်ပြီး လားရှိုးမြို့ အီနိုင်းကျေးရွာတွင်ရှိသည့် TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် HIJET...

Latest news